Latest Posts

ကျေးဇူးရှင်ဆရာသမားကို သွားရောက်ကန်တော့ခဲ့တဲ့ မနော

မေနာလို့ေျပာလိုက္တာနဲ႔ ျမန္မာသံစဥ္သီခ်င္းေကာင္းေလးေတြကို သီဆိုၿပီး ေအာင္ျမင္မွုေတြအျပည့္ေတြရရွိေနတဲ့ အဆိုေတာ္တစ္ေယာက္ဆိုတာ ပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါ။ထြက္ရွိလာသမၽွ ျမန္မာသံစဥ္ေတးသီခ်င္းတိုင္လိုလိုက ပရိသတ္ေတြရဲ့ အႀကိဳက္နဲ႔ ထပ္တူက်ၿပီး ပါးစပ္ဖ်ားမွာေရပန္းစားတဲ့အထိကို ေအာင္ျမင္မွုေတြရရွိတာကေတာ့ အဆိုေတာ့ မေနာရဲ့ ထူးျခားခ်က္တစ္ခုလို့ပဲဆိုရမွာပါ။ ဒီေန႔ ေအာက္တိုဘာလ (၁၈)ရက္ေန႔မွာေတာ့ အဆိုေတာ္ မေနာက အခုလို ေအာင္ျမင္တဲ့ သီခ်င္းေတြကိုဖန္တီးေပးတဲ့ ေနရာမွာ ပါဝင္ကူညီေပးတဲ့ ေတးေရးဆရာ သဟာေအာင္ကို သြားေရာက္ကန္ေတာ့ခဲ့ပါေသးတယ္။

ေတးေရးဆရာ သဟာေအာင္ဟာဆိုရင္ အဆိုေတာ္မေနာတစ္ေယာက္ သီခ်င္းေခြေတြစလုပ္စဥ္ကာလကတည္းက ကိုယ္စြမ္း ဉာဏ္စြမ္းနဲ႔ တက္စြမ္းသမၽွ အားကုန္ကူညီပံ့ပိုးခဲ့သူတစ္ေယာက္ျဖစ္ၿပီး အဆိုေတာ္မေနာအတြက္ သီခ်င္းေတြရဲ့လက္ဦးဆရာလည္းျဖစ္ပါတယ္။အခုလို ေတးေရးဆရာ သဟာေအာင္ကို သြားေရာက္ကန္ေတာ့ျဖစ္တဲ့အေၾကာင္းကိုေတာ့ အဆိုေတာ္မေနာက “မဂၤလာပါ။ ေတးခ်စ္သူ အေပါင္းတို့ေရ။ကၽြန္ေတာ္ဒီေန႔ ကန္ေတာ့ေသာ ေတးေရးဆရာ သဟာေအာင္ ဟာဆိုရင္ က်ေနာ္သီခ်င္းေခြစလုပ္ကတည္းက ကိုယ္စြမ္း ဉာဏ္စြမ္း တက္စြမ္းသမၽွ အားကုန္ကူညီပံ့ပိုးခဲ့သူပါ။ သီခ်င္းေတြရဲ့လက္ဦးဆရာလည္းျဖစ္ပါတယ္။ခင္ပြန္းႀကီး ဆယ္ပါးပါဝင္သူေပါ့ဗ်ာ။”လို့ သူရဲ့ လူမွုကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပထားတာပဲျဖစ္ပါတယ္။


အဆိုေတာ္ မေနာကေတာ့ ဆရာျဖစ္သူ ေတးေရးဆရာ သဟာေအာင္အျပင္ သူ႔အေပၚမွာေက်းဇူးရွိခဲ့ဖူးတဲ့ ေက်းဇူးရွင္ ဆရာသမားအားလုံးကိုလည္း ကန္ေတာ့ပါတယ္ဆိုတဲ့ အေၾကာင္းနဲ႔ မေနာရဲ့ အေခြအသစ္ေလးဟာလည္း မၾကာမီအခ်ိန္မွာ ထြက္ရွိလာေတာ့မွာ ျဖစ္တာေၾကာင့္ အေခြေလးထြက္ရွိလာရင္ အားေပးဖို့ကိုလည္း အားေပးတဲ့ ပရိသတ္ေတြကို ေတာင္းဆိုထားပါေသးတယ္။ပရိသတ္ႀကီးေရ အဆိုေတာ္မေနာတစ္ေယာက္ အခုေလာက္ထိေအာင္ျမင္ေနတာ ေက်းဇူးရွင္ေတြကို ေက်းဇူးသိတတ္တာေတြေၾကာင့္လည္း ျဖစ္မယ္ေနာ္။Credit-originl
Unicode
မနောလို့ပြောလိုက်တာနဲ့ မြန်မာသံစဉ်သီချင်းကောင်းလေးတွေကို သီဆိုပြီး အောင်မြင်မှုတွေအပြည့်တွေရရှိနေတဲ့ အဆိုတော်တစ်ယောက်ဆိုတာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ထွက်ရှိလာသမျှ မြန်မာသံစဉ်တေးသီချင်းတိုင်လိုလိုက ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျပြီး ပါးစပ်ဖျားမှာရေပန်းစားတဲ့အထိကို အောင်မြင်မှုတွေရရှိတာကတော့ အဆိုတော့ မနောရဲ့ ထူးခြားချက်တစ်ခုလို့ပဲဆိုရမှာပါ။ ဒီနေ့ အောက်တိုဘာလ (၁၈)ရက်နေ့မှာတော့ အဆိုတော် မနောက အခုလို အောင်မြင်တဲ့ သီချင်းတွေကိုဖန်တီးပေးတဲ့ နေရာမှာ ပါဝင်ကူညီပေးတဲ့ တေးရေးဆရာ သဟာအောင်ကို သွားရောက်ကန်တော့ခဲ့ပါသေးတယ်။
တေးရေးဆရာ သဟာအောင်ဟာဆိုရင် အဆိုတော်မနောတစ်ယောက် သီချင်းခွေတွေစလုပ်စဉ်ကာလကတည်းက ကိုယ်စွမ်း ဉာဏ်စွမ်းနဲ့ တက်စွမ်းသမျှ အားကုန်ကူညီပံ့ပိုးခဲ့သူတစ်ယောက်ဖြစ်ပြီး အဆိုတော်မနောအတွက် သီချင်းတွေရဲ့လက်ဦးဆရာလည်းဖြစ်ပါတယ်။အခုလို တေးရေးဆရာ သဟာအောင်ကို သွားရောက်ကန်တော့ဖြစ်တဲ့အကြောင်းကိုတော့ အဆိုတော်မနောက “မင်္ဂလာပါ။ တေးချစ်သူ အပေါင်းတို့ရေ။ကျွန်တော်ဒီနေ့ ကန်တော့သော တေးရေးဆရာ သဟာအောင် ဟာဆိုရင် ကျနော်သီချင်းခွေစလုပ်ကတည်းက ကိုယ်စွမ်း ဉာဏ်စွမ်း တက်စွမ်းသမျှ အားကုန်ကူညီပံ့ပိုးခဲ့သူပါ။ သီချင်းတွေရဲ့လက်ဦးဆရာလည်းဖြစ်ပါတယ်။ခင်ပွန်းကြီး ဆယ်ပါးပါဝင်သူပေါ့ဗျာ။”လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။
အဆိုတော် မနောကတော့ ဆရာဖြစ်သူ တေးရေးဆရာ သဟာအောင်အပြင် သူ့အပေါ်မှာကျေးဇူးရှိခဲ့ဖူးတဲ့ ကျေးဇူးရှင် ဆရာသမားအားလုံးကိုလည်း ကန်တော့ပါတယ်ဆိုတဲ့ အကြောင်းနဲ့ မနောရဲ့ အခွေအသစ်လေးဟာလည်း မကြာမီအချိန်မှာ ထွက်ရှိလာတော့မှာ ဖြစ်တာကြောင့် အခွေလေးထွက်ရှိလာရင် အားပေးဖို့ကိုလည်း အားပေးတဲ့ ပရိသတ်တွေကို တောင်းဆိုထားပါသေးတယ်။ပရိသတ်ကြီးရေ အဆိုတော်မနောတစ်ယောက် အခုလောက်ထိအောင်မြင်နေတာ ကျေးဇူးရှင်တွေကို ကျေးဇူးသိတတ်တာတွေကြောင့်လည်း ဖြစ်မယ်နော်။Credit-originl