အာမခံနဲ့ လွတ်သွားပြီဖြစ်တဲ့ လင်းလက်ဟိန်း
“အာမခံနဲ႔ လႊတ္ေပးလိုက္တာ ဟုတ္ပါတယ္။ က်န္တာကေတာ့ သဃၤန္းကြၽန္း တရား႐ုံးကို ဆက္ေမးပါ” ဆိုၿပီး သကၤန္းၿမိဳ႕နယ္ရဲစခန္းက ရဲမႉးေကာင္းႏိုင္က ကို ေျပာပါတယ္။ သ႐ုပ္ေဆာင္ လင္းလက္ဟိန္းကိုေတာ့ စက္တင္ဘာ ၁၉ ရက္ေန႔ နံနက္ ၅ နာရီခြဲ အခ်ိန္ခန႔္က ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဆယ္သိန္းရပ္ကြက္ ရတနာပုံလမ္းတြင္ အမ်ိဳးသားတဦး ဓားကိုင္ကာ မူးယစ္ေသာင္းက်န္းေနေၾကာင္း ရပ္ကြက္ေနျပည္သူမ်ားရဲ႕ ဖုန္းဆက္ အေၾကာင္းၾကားမႈေၾကာင့္ သြားေရာက္ ဖမ္းဆီးခဲ့ရပါတယ္။ ဖမ္းဆီးရာမွာ လင္းလက္ဟိန္းလက္နက္ မခ်ဘဲ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအား ႐ိုက္ႏွက္ခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္တဦးကိုလည္း ကတ္ေၾကးျဖင့္ ေျပးထိုးခဲ့တာေၾကာင့္ လင္းလက္ဟိန္းအား ရဲတပ္ဖြဲ႕ဝင္ တဦးက အသင့္ေဆာင္ထားတဲ့ ၁၂ ဗို႔ ပန႔္အက္ရွင္ေသနတ္နဲ႔ သူ႔ရဲ႕ေအာက္ပိုင္းကို တခ်က္ ပစ္ခတ္ ဖမ္းဆီးခဲ့ရတယ္လို႔ သိရပါတယ္။
အဆိုပါ ျဖစ္စဥ္ေၾကာင့္ သ႐ုပ္ေဆာင္ လင္းလက္ဟိန္းကို သဃၤန္းကြၽန္းၿမိဳ႕မ ရဲစခန္းမွ (ပ) ၁၂၈၀/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ- ၃၀၇ျဖင့္ အမႈဖြင့္ထားခဲ့တာ ျဖစ္ပါတယ္။သ႐ုပ္ေဆာင္ လင္းလက္ဟိန္းကိုေတာ့ စက္တင္ဘာလ ၁၉ ရက္ေန႔က ဖမ္းဆီးခဲ့တာျဖစ္ၿပီး ေအာက္တိုဘာ ၃ ရက္ေန႔၊ ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္း ၿမိဳ႕နယ္မွာ ႐ုံးထုတ္ ရမန္ယူခဲ့ပါတယ္။Credit-original
Unicode
သရုပ်ဆောင် လင်းလက်ဟိန်းကတော့ ရပ်ကွက်မှာ မူးယစ်သောင်းကျန်းမှုနဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ ဥပဒေပုဒ်မ ၃၀၇နဲ့ အရေးယူခြင်း ခံထားရတဲ့ သရုပ်ဆောင် လင်းလက်ဟိန်းကို အောက်တိုဘာ(၁၈) ရက်နေ့မှာ အာမခံနဲ့ လွှွတ်ပေးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာ(၁၉) ရက်နေ့က ရပ်ကွက်မှာ ဆူပူရမ်းကားပြီး တာဝန်ရှိသူကို အန္တရာယ်ဖြစ်အောင် တုန့်ပြန်တိုက်ခိုက်ခဲ့တာကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇ နဲ့ဖမ်းဆီးထားပြီး ရမန်ယူထားဆဲ ကာလအပြီးမှာ အာမခံနဲ့ လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အာမခံနဲ့ လွှတ်ပေးလိုက်တာ ဟုတ်ပါတယ်။ ကျန်တာကတော့ သင်္ဃန်းကျွန်း တရားရုံးကို ဆက်မေးပါ” ဆိုပြီး သင်္ကန်းမြို့နယ်ရဲစခန်းက ရဲမှူးကောင်းနိုင်က ကို ပြောပါတယ်။ သရုပ်ဆောင် လင်းလက်ဟိန်းကိုတော့ စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်ခန့်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက် ရတနာပုံလမ်းတွင် အမျိုးသားတဦး ဓားကိုင်ကာ မူးယစ်သောင်းကျန်းနေကြောင်း ရပ်ကွက်နေပြည်သူများရဲ့ ဖုန်းဆက် အကြောင်းကြားမှုကြောင့် သွားရောက် ဖမ်းဆီးခဲ့ရပါတယ်။ ဖမ်းဆီးရာမှာ လင်းလက်ဟိန်းလက်နက် မချဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ရိုက်နှက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦးကိုလည်း ကတ်ကြေးဖြင့် ပြေးထိုးခဲ့တာကြောင့် လင်းလက်ဟိန်းအား ရဲတပ်ဖွဲ့ဝင် တဦးက အသင့်ဆောင်ထားတဲ့ ၁၂ ဗို့ ပန့်အက်ရှင်သေနတ်နဲ့ သူ့ရဲ့အောက်ပိုင်းကို တချက် ပစ်ခတ် ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်ကြောင့် သရုပ်ဆောင် လင်းလက်ဟိန်းကို သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ (ပ) ၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ- ၃၀၇ဖြင့် အမှုဖွင့်ထားခဲ့တာ ဖြစ်ပါတယ်။သရုပ်ဆောင် လင်းလက်ဟိန်းကိုတော့ စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး အောက်တိုဘာ ၃ ရက်နေ့၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်မှာ ရုံးထုတ် ရမန်ယူခဲ့ပါတယ်။Credit-original


