မြစ်ကြီးနားမြို့ရှိ မီးလောင်ခံရတဲ့ သားအမိနှစ်ယောက်ကို ငွေ(၅)သိန်း လှူဒါန်းခဲ့တဲ့ နေခြည်ဦး
Unicode
ထူးခြားတဲ့ အနုပညာစွမ်းရည်ကြောင့် အနုပညာလောကမှာ တစ်ခဏအတွင်း အောင်မြင်လာတဲ့ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အသစ်တစ်ယောက်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ကောင်းလွန်းတဲ့ နေခြည်ဦးကို ပရိသတ်တွေကလဲ နှစ်သက်အားပေးကြပါတယ်။ နေခြည်ဦးက အခုဆိုရင် အားပေးသူ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ မင်းသမီးလေးတစ်ဦး ဖြစ်လို့နေပါပြီ။
လူလေးလှသလို စိတ်ထားလေးလည်း ကောင်းမွန်ပြည့်စုံတဲ့ မင်းသမီးချောလေး နေခြည်ဦးက သူမတတ်နိုင်သလောက် အလှူအတန်းတွေကို လုပ်ကိုင်နေလျက်ရှိတာကိုလည်း တွေ့ရပါတယ်။
ဒီတစ်ခေါက်မှာလည်း နေခြည်ဦးက မြစ်ကြီးနားမြို့၊ တနိုင်းမြို့နယ်ရှိ နေအိမ်မီးလောင်ခံရပြီး နေအိမ်မီးလောင်ကျွမ်းပြီး ဆေးရုံတက်နေရတဲ့ လူနာရှင်သားအမိနှစ်ယောက်အတွက် အလှူငွေ (၅) သိန်း ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ထိုလူနာရှင် သားအမိနှစ်ဦးက တစ်လခန့် ဆေးကုသမှုခံယူခဲ့ပြီး ပြန်လည်သက်သာကောင်းမွန်လာပြီးတဲ့နောက် နေထိုင်ရန်လုံလောက်သော အိမ်ဆောက်နိုင်ရန်၊ အိမ်ပြုပြင်နိုင်ရန်နှင့် အခြားလိုအပ်သည်များကို ပြုလုပ်နိုင်ရန် နေခြည်ဦးက ဂျွန်လွင်မှတဆင့် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
နေခြည်ဦးကတော့ သူမကိုယ်တိုင်လည်း ကောင်းကောင်းနေ၊ ကောင်းကောင်းသုံးသလို အလှူအတန်းလည်း ရက်ရောသူလေး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ အလှူလေးကို သာဓုခေါ်ပြီး ပီတိတွေ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။Credit-original