အချစ်တစ်ခုတည်ဆောက်တဲ့အခါ နှစ်ယောက်စလုံးပျော်ရွှင်ဖို့အခွင့်ရေးရှိပြီး ကိုယ့်ကြောင့်မပျော်ရင်တောင် မနာကျင်စေရန်အကြောင်းရိုက်ကူးထားတဲ့သဇင်ထူးမြင့်ရဲ့ Short Film Video လေး
ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ ပရိသတ်ကြီးရဲ့အချစ်တွေကို ဖမ်းစားထားသူလေးကတော့ သရုပ်ဆောင်ခင်လှိုင်ရဲ့သမီးချောလေး သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ်။ သူမဟာ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ရွှေကြိုအဖြစ်ပါဝင်ဆောင်ရွက်ရာမှ အနုပညာလောကသို့ ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ သူမရဲ့အနုပညာအရည်အသွေးဟာလည်း တစ်နေ့ထက်တစ်နေ့ တိုးတက်လာတာပါ။
လတ်တလောမှာလည်း ကြော်ငြာများနဲ့ အလှဓာတ်ပုံများရိုက်ကူးနေတာပါ။ မကြာခင်မှာလည်း သရုပ်ဆောင်လုပ်ဖို့အစီစဉ်ရှိတာလည်း ဖြစ်ပါတယ်။ သူမရဲ့အသားအရည်ဟာလည်း ကိုရီးယားမင်းသမီးလေးလို့ထင်မှတ်ရလောက်အောင် လှရက်နိုင်တာကြောင့်လည်း မိန်းကလေးတွေကပါ အားကျနေရတာပါ။
သူမရဲ့သရုပ်ဆောင်မှုကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် အခုတစ်ခါမှာလည်း Short Film လေးတစ်ခုဝေမျှလိုက်ပြန်ပါပြီနော်။ ဒီဇာတ်လမ်းတိုလေးကို အမြွှာညီအစ်ကိုနှစ်ယောက်နဲ့သရုပ်ဆောင်ထားတာပဲဖြစ်ပြီး ” မိုးကိုကြိုက်တဲ့ လူတစ်ယောက်ကို ..နွေရာသီကို ကြိုက်ဖို့ တွန်းအားပေးလို့မရသလို …နွေရာသီ ကြိုက်တဲ့
သူကလည်း မိုးရာသီရောက်ရင် ..
အလိုလျောက်မုန်းမိနေမှာပဲ …
ဒီလိုပဲပေါ့…ကိုယ့်ရင်ထဲက မိုးရေတွေထဲ
သူခိုလှုံနေတယ်လို့ ထင်ပေမယ့်လည်း…
သူ့ရင်ထဲမှာတော့ ..ကိုယ့်အတွက်ဆို လောင်မြိုက်နေတဲ့ မီးတောက်လေးတခုဖြစ်ရင် ဖြစ်နေနိုင်တာပဲ ..
ကိုယ့်စိတ်ထဲမှာ ဘယ်လောက်ပဲ
သူနေရာယူနေပါစေ…..သူ့အတွက် ကိုယ်က
အနှောက်ယှက်တခုဖြစ်နေမယ်ဆို .. သူတွက်
ပင်ပန်းစေတာပေါ့…
အတ္တဆန်ဆန် အချစ်တခုထက် အဝေးကပဲ မင်းရဲ့ အပြုံးလေးကို ဘဲ ကြည့်နေပါရစေ…………….
Credit-original





