အနုပညာရှင်တွေရဲ့ Acc တွေကို hack ဖို့ ကြိုးစားနေတဲ့ဖုန်းနံပါတ်ကို ပြောပြပြီးသတိပေးလိုက်တဲ့သံသာမိုးသိမ့်
Unicode
ခေတ်မှီတိုးတက်ဖွံဖြိုးလာတဲ့ ခေတ်ကြီးမှာ နည်းပညာတွေကလည်း တိုးတက်လာတာအမှန်ပါ။ ဒီလိုတိုးတက်လာတဲ့အပေါ်မှာ ကောင်းသော တိုးတက်လာမှုတွေရှိသလို မသမာတဲ့ သူတွေအတွက်လည်း အခွင့်အရေးတွေ အများအပြားရရှိလာတာတွေလည်း ရှိနေပါသေးတယ်။ အခုလို ဖေ့ဘွတ်ခ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတဲ့ ခေတ်ကြီးမှာ မသမာသူတွေက တခြားသူတွေရဲ့အကောင့်တွေကို ဟက်ယူပြီး လိမ်လည်ငွေတောင်းတာတွေလည်း ရှိနေပါတယ်။နည်းအမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ဖေ့ဘွတ်ခ်အကောင့်တွေကို ဟက်ယူနေကြတာဖြစ်ပြီး လတ်တလောမှာလည်း ထူးထူးခြားခြားနည်းလမ်းတစ်မျိုးနဲ့ အနုပညာရှင်တွေရဲ့ အကောင့်တွေကို ဟက်ယူနေတာကြောင့် သတိထားနိုင်ဖို့ကို သံသာမိုးသိမ့်က သူ့ရဲ့ လူမှုကွန်ရက်ကနေ ဖော်ပြလာတာပဲဖြစ်ပါတယ်။အဲ့ဒီနည်းလမ်းကတော့ “09774157077”ဆိုတဲ့ ဖုန်းနံပါတ်ကဖုန်းဆက်ပြီး သီတင်းကျွတ် Bonus ပေါက်လို့ ငွေ (၅၀၀၀၀)ထုတ်လို့ရပါတယ်ဆိုပြီးအကြောင်းကြားတာပဲဖြစ်ပါတယ်။အဲ့ဒီလိုအကြောင်းကြားပြီးရင် လျှို့ဝှက်နံပါတ်(၆)လုံးကို ပို့ပြီးစစ်ဆေးခိုင်းတာပဲဖြစ်ပါတယ်။အမှန်တကယ်တော့ အဲ့ဒီ ဂဏန်း(၆)လုံးဟာ လျှို့ဝှက်နံပါတ်မဟုတ်ဘဲ Facebook reset codeပို့ပြီး အဲ့ဒီဂဏန်းခြောက်လုံးကိုသာပြန်ပြောလိုက်ရင် Facebook အကောင့် အဟက်ခံရမှာပဲဖြစ်ပါတယ်။
မင်းသမီးချောလေး သံသာမိုးသိမ့်ကိုလည်း အခုလိုနည်းနဲ့ သူရဲ့ ဖေ့ဘွတ်ခ်အကောင့်ကို ဟက်ဖို့ ဟက်ကာကကြိုးစားခဲ့တာဖြစ်ပေမဲ့လည်း သံသာမိုးသိမ့်ကတော့ ပါးနပ်ခဲ့တာကြောင့် သူ့ရဲ့အကောင့်ကတော့ အဟက်မခံခဲ့ရပါဘူး။ သူလိုအနုပညာရှင် မောင်နှမတွေ ကိုလည်း အကောင့် အဟက်မခံရအောင် သူတွေ့ကြုံခဲ့ရတာလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြပြီး မျှဝေပေးထားတာပါ။ ပရိသတ်ကြီးတွေလည်း ဗဟုသုတရအောင်ဒီသတင်းလေးကို မျှဝေပေးလိုက်ပါတယ်။Credit-original