Latest Posts

ဒီနေ့ရုံးချိန်းသို့ သရုပ်ဆောင်ဝေဠုကျော် တက်ရောက်လာခြင်းမရှိ

ဒီေန႔(ေအာက္တိုဘာ၁၈ရက္)မွာ ျပဳလုပ္တဲ့ ႐ုံးခ်ိန္းသို႔ တရားစြဲဆိုျခင္း ခံထားရတဲ့ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ တက္ေရာက္လာျခင္း မရွိပါဘူး။ကာမလိမ္လည္ရယူမႈ ပုဒ္မ(၄၁၇)နဲ႔ တရားစြဲဆိုခံထားရတဲ့ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ဟာ ဒီေန႔(ေအာက္တိုဘာ၁၈ရက္)မွာ ခ်ိန္းဆိုထားတဲ့ ႐ုံးခ်ိန္းသို႔ တက္ေရာက္လာျခင္း မရွိပါဘူး။ ေဝဠဳေက်ာ္ ႐ုံးခ်ိန္းမတက္ေရာက္ ျဖစ္ခဲ့တဲ့အေၾကာင္းကိုလည္း ေဝဠဳေက်ာ္ရဲ႕ ေရွ႕ေနက ယခုလို ေျပာျပခဲ့ပါတယ္။
 
“ကိုေဝဠဳေက်ာ္က ဒီေန႔ ဝန္ႀကီးဌာနကေန ဖိတ္ထားတဲ့အစည္းအေဝးသြား တက္ေနရတယ္ ။႐ုံးခ်ိန္းမတက္တဲ့အတြက္ တရား႐ုံးကို ခြင့္တင္ရတယ္။ ခြင့္တင္တဲ့အထဲမွာလည္း ကိုေဝဠဳေက်ာ္ မရွိေပမယ့္ အမႈၾကန႔္ၾကာမႈ မရွိေအာင္ ေရွ႕ေနကေန တာဝန္ယူ စစ္ေဆးခြင့္ရွိတယ္ ေလ။အမႈၾကန႔္ၾကာမႈ မရွိေအာင္ ကြၽန္ေတာ္စစ္ေပးမယ္ေပ့ါ။ ဒါေပမယ့္ တစ္ဖက္က ေရွ႕ေန က ဒါႀကီးက ထုံးလမ္းအစဥ္လာႀကီး ျဖစ္သြားမယ္ဆိုၿပီး ကန႔္ကြက္လို႔ မစစ္ခဲ့ရပါဘူး” လို႔ ေဝဠဳေက်ာ္ရဲ႕ ေရွ႕ေန ဦးေဝၿဖိဳးျမတ္က ေျပာပါတယ္။
ဒါေၾကာင့္ ဒီေန႔မွာ အမႈမစစ္ျဖစ္ခဲ့သလို ႐ုံးခ်ိန္းကိုလည္း ေနာက္လသို႔ ထပ္မံခ်ိန္းဆိုလိုက္တယ္လို႔ သိရပါတယ္။ ေဝဠဳေက်ာ္႐ုံးခ်ိန္း ပ်က္ကြက္ခဲ့တဲ့အေပၚ တရားလို သင္းသင္းရဲ႕ သေဘာထားကိုလည္း ယခုလို ေျပာျပခဲ့ပါေသးတယ္။ “ခြင့္တင္ထားတယ္။အစည္းအေဝးရွိလို႔ဆိုၿပီး တင္သြားတာေပ့ါ။ ပ်က္ကြက္တာ ၅ခ်ိန္းေလာက္ ရွိၿပီ။ အမကေတာ့ တစ္ခ်ိန္းမွ မပ်က္ထားဘူး။ သူတို႔က ျမန္ျမန္ၿပီးခ်င္တယ္လို႔ေျပာတာ ပ်က္တာ က သူတို႔ပဲ ပ်က္တာ။ ဒီေန႔ ဘာမွ မေျပာျဖစ္ဘူး” လို႔ ဆိုပါတယ္။

သင္းသင္းဟာ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ကို ကာမလိမ္လည္ရယူမ ပုဒ္မ(၄၁၇)နဲ႔ ဇန္နဝါရီ (၈) ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ သကၤန္းကြၽန္းၿမိဳ႕နယ္ တရား႐ုံးမွာ ဦးတိုုက္ေလွ်ာက္ခဲ့တာ ျဖစ္ပါတယ္။ ပထမဆုံးအႀကိမ္ ႐ုံးခ်ိန္မွာ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္အတြက္ မိဘမ်ားက သိန္း(၅၀)နဲ႔ အခ်ဳပ္လြတ္အာမခံရခဲ့ပါတယ္။Credit-originl
Unicode
ဒီနေ့(အောက်တိုဘာ၁၈ရက်)မှာ ပြုလုပ်တဲ့ ရုံးချိန်းသို့ တရားစွဲဆိုခြင်း ခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော် တက်ရောက်လာခြင်း မရှိပါဘူး။ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ဟာ ဒီနေ့(အောက်တိုဘာ၁၈ရက်)မှာ ချိန်းဆိုထားတဲ့ ရုံးချိန်းသို့ တက်ရောက်လာခြင်း မရှိပါဘူး။ ဝေဠုကျော် ရုံးချိန်းမတက်ရောက် ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ဝေဠုကျော်ရဲ့ ရှေ့နေက ယခုလို ပြောပြခဲ့ပါတယ်။
“ကိုဝေဠုကျော်က ဒီနေ့ ဝန်ကြီးဌာနကနေ ဖိတ်ထားတဲ့အစည်းအဝေးသွား တက်နေရတယ် ။ရုံးချိန်းမတက်တဲ့အတွက် တရားရုံးကို ခွင့်တင်ရတယ်။ ခွင့်တင်တဲ့အထဲမှာလည်း ကိုဝေဠုကျော် မရှိပေမယ့် အမှုကြန့်ကြာမှု မရှိအောင် ရှေ့နေကနေ တာဝန်ယူ စစ်ဆေးခွင့်ရှိတယ် လေ။အမှုကြန့်ကြာမှု မရှိအောင် ကျွန်တော်စစ်ပေးမယ်ပေ့ါ။ ဒါပေမယ့် တစ်ဖက်က ရှေ့နေ က ဒါကြီးက ထုံးလမ်းအစဉ်လာကြီး ဖြစ်သွားမယ်ဆိုပြီး ကန့်ကွက်လို့ မစစ်ခဲ့ရပါဘူး” လို့ ဝေဠုကျော်ရဲ့ ရှေ့နေ ဦးဝေဖြိုးမြတ်က ပြောပါတယ်။
ဒါကြောင့် ဒီနေ့မှာ အမှုမစစ်ဖြစ်ခဲ့သလို ရုံးချိန်းကိုလည်း နောက်လသို့ ထပ်မံချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။ ဝေဠုကျော်ရုံးချိန်း ပျက်ကွက်ခဲ့တဲ့အပေါ် တရားလို သင်းသင်းရဲ့ သဘောထားကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။ “ခွင့်တင်ထားတယ်။အစည်းအဝေးရှိလို့ဆိုပြီး တင်သွားတာပေ့ါ။ ပျက်ကွက်တာ ၅ချိန်းလောက် ရှိပြီ။ အမကတော့ တစ်ချိန်းမှ မပျက်ထားဘူး။ သူတို့က မြန်မြန်ပြီးချင်တယ်လို့ပြောတာ ပျက်တာ က သူတို့ပဲ ပျက်တာ။ ဒီနေ့ ဘာမှ မပြောဖြစ်ဘူး” လို့ ဆိုပါတယ်။
သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမ ပုဒ်မ(၄၁၇)နဲ့ ဇန်နဝါရီ (၈) ရက်နေ့က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ရုံးချိန်မှာ သရုပ်ဆောင် ဝေဠုကျော်အတွက် မိဘများက သိန်း(၅၀)နဲ့ အချုပ်လွတ်အာမခံရခဲ့ပါတယ်။Credit-originl