သီတဂူ ဆရာတော်ကြီးထံ ငွေကျပ်သိန်းပေါင်း ၅၀၀ လှူဒါန်း ခဲ့တဲ့ မိသားစု ပုံရိပ်များ
Unicode
ဗုဒ္ဓဘာသာမြန်မာအများစုရဲ့ ကိုးကွယ်အားထားရာဖြစ်တဲ့ ဘုရား ၊ တရား ၊ သံဃာ ဆိုတဲ့ ရတနာမြတ်သုံးပါးရဲ့ဂိုဏ်းဝင်ဖြစ်တဲ့ သီတဂူဆရာတော် ဘုရားကြီးဟာ မြန်မာတွင် မက ကမ္ဘာမှာပင် ဗုဒ္ဓသာသနာကို ပြန့်ပွားစေဖို့အတွက် သာသနာပြုနေသည့် ဆရာတော် တစ်ပါးလည်းဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ မျက်စိအခမဲ့ဆေးရုံ အပြင်အခြားသော သာသနာပြုလုပ်ငန်းတွေကိုလည်း တပည့်ဒါယိကာ ဒါယိကာမများနှင့် တကွ ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။
လက်ရှိမှာလည်း ဆရာတော်ဘုရားကြီးဟာ ရုရှားနိုင်ငံမှာ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားစေရေးအတွက် တပ်မတော်သားများနှင့် တကွ ဆရာဒါယိကာ ညီညာစွာ ဦးဆောင် ဆောင်ရွက်နေတာကိုလည်း အားလုံးသိမြင်ကြပြီးဖြစ်ပါလိမ့်မယ်။ အခုလိုကွန်မြူနစ်နိုင်ငံမှာ အထူးသဖြင့် ဗုဒ္ဓဘာသာအနည်းစုသာရှိတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံမှာ အခုလို သာသနာပြုဖို့ဆိုရာမှာ လွယ်ကူလှသည်တော့ မဟုတ်ပါဘူး။
ဒါပေမယ့် ဆရာတော်ဘုရားကြီးဟာ ဦးဆောင်ပြီး ဆောင်ရွက်ခဲ့မှုကြောင့် အခုဆိုစေတီတော်တည်ထားကိုးကွယ်ဖို့အတွက် လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ မကြာသေးခင်က ဆရာတော် ဘုရားကြီးရဲ့ စိတ်နှလုံးမချမ်းမြေ့ဖွယ် မိန့်ကြားချက်ကြောင့် ဒါယိကာ ဒါယိကာမများလည်း စိတ်မကောင်းဖြစ်ကြရပါတယ်။ အကြောင်းကတော့ ဆရာတော်ဘုရားကြီး နဲ့ ဒါယိကာတွေ လှူဒါန်းထားတဲ့ စစ်ကိုင်းတောင်ရိုးအတွက် မတည်ငွေပဒေသာပင်ဟာ မကြာခင်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်တဲ့။
ဘာကြောင့်လဲဆိုတော့ လက်ရှိအစိုးရလက်ထက်မှာ မီတာခတွေကို တိုးမြင့်ကောက်လိုက်တာကြောင့် အခုဆိုရင် တစ်လကို စစ်ကိုးတောင်ရိုးရေတင်ဖို့ရာအတွက် သိန်း၄၀၀ လောက် ကုန်ကျနေပြီးတော့ မကြာခင်မှာ ငွေပဒေသာပင်ဟာလျော့နည်းကုန်ဆုံးသွားတော့မှာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကိုင်းတောင်ရိုးမှာလည်း သာသနာပြုလုပ်ငန်းတွေလုပ်ဆောင်နေသူတွေလည်း ရေငတ်ကြလိမ့်မယ်လို့ ဆရာတော်ဘုရားကြီးက မိန့်ကြားပါတယ်။
ဒီသတင်းကိုတော့ ကြားသိရတဲ့ ဒါယိကာ/မတွေမှာ ဆရာတော်ကြီးစိတ်နှလုံးမငြိုးနွမ်းစေရန်အတွက် စစ်ကိုင်းတောင်ရိုးအတွက် ငွေပဒေသာပင်ကို ထပ်မံအားဖြည့်ကြဖို့ လုပ်ဆောင်နေကြတယ်လို့သိရှိရပါတယ်။ ဒီနေ့မှာလည်း ဆရာတော်ဘုရားကြီးထံကို ဦးကာက+ ဒေါ်စိန်မိသားစုက အလှူငွေကျပ်သိန်း ၅၀၀ ရေအတွက် သုံးစွဲနိုင်အတွက် ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ (၇) ရက်သားသမီးအားလုံး သာဓုခေါ်ဆိုနိုင်ကြစေဖို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။Credit-burmese.asia