သားေလးအတြက္စိုးျမတ္နႏၵာရဲ႕ ခ်စ္စရာ ေမြးေန႔ဆုေတာင္း
စိုးျမတ္နႏၵာကေတာ့ ညီအစ္မေတြ စုေပါင္းျပီး ေရႊမင္းသမီး ပုိးထည္တိုက္ကို ဖြင့္လွစ္ထားသလို စီးပြားေရးဘက္ပဲ ေဇာက္ခ်လုပ္ကိုင္ေနရတာ ျဖစ္ပါတယ္။ စိုးသူနဲ႔ သြားသြားလာလာ တတြဲတြဲ ရွိေပမဲ့ ခ်စ္ရတဲ့ သားေလးမ်က္ႏွာေၾကာင့္ ေရႊလက္တြဲတာမ်ိဳးေတာ့ မလုပ္ပါဘူး။အေမနဲ႔ အေဒၚေတြလက္ေပၚမွာ ၾကီးျပင္းလာခဲ့ရတဲ့ ျမတ္ေသာေမာင္ကေတာ့ အသက္ (၁၃) ႏွစ္ ျပည့္သြားပါျပီ။ ေမာင္ရဲ႔႔ (၁၃) ႏွစ္ျပည့္အတြက္ ေမေမ ဒါဒါရဲ႔ ေမြးေန႔ဆုေတာင္းေလးကေတာ့ ခုလုိ ျဖစ္ပါတယ္။
“၁၃ ႏွစ္ ျပည့္သြားတဲ့ သားေတာ္ေမာင္ေလး ေလာကဓံကို ခံႏုိင္တဲ့သူ ျဖစ္ပါေစ။ သက္ရွည္က်န္းမာပါေစ။ ကိုယ့္ကိုကိုယ္ ေစာင့္ေရွာက္ႏုိင္သူ ျဖစ္ပါေစ ” ဆိုျပီး ေမြးေန႔ဆုေတာင္း ေရးေပးထားပါတယ္။
ေမြးေန႔ရွင္ရဲ႔ အာထရာေစာင္းထဲက ဓာတ္ပံုေလးကေန အရြယ္ေရာက္ၾကီးျပင္းလာတဲ့အထိ ဖြံ႔ျဖိဳးမႈ အဆင့္ဆင့္ကို ပံုေလးေတြနဲ႔ ေဖာ္ျပထားတာ ေတြ႔ရပါတယ္။ အႏုပညာေလာကသားေတြကလည္း ေမာင့္အတြက္ ဆုေတာင္းေပးၾကသလို ေမြးေန႔ေပါင္းမ်ားစြာမွာ ခ်စ္ရတဲ့ မိသားစုနဲ႔ အတူရွိေနႏိုင္ပါေစလို႔လည္း ဆႏၵျပဳေပးၾကပါတယ္။ ျမတ္ေသာေမာင္ရဲ႔ ပံုရိပ္ေလးေတြကိုေတာ့ ပရိသတ္ၾကီးအတြက္ တင္ဆက္ေပးလိုက္ပါတယ္။Credit-burmese.asia
Unicode
အဆိုတော် ဖြိုးကြီးနဲ့ သရုပ်ဆောင် စိုးမြတ်နန္ဒာတို့ရဲ့ တစ်ဦးတည်းသော မျိုးဆက်ကတော့ မြတ်သောမောင်ပါ။ အကြီးဆုံး မြေးဖြစ်လို့ မိသားစုတွေရဲ့ ဝိုင်းချစ် ဖြစ်သလို အနုပညာလောကသားတွေရဲ့ ချစ်ခင်မှုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။ ဘဝပေးကံကြမ္မာကြောင့် ဖခင်ဖြစ်သူနဲ့ ခွဲပြီး နေရပေမဲ့ စိုးမြတ်နန္ဒာရဲ့ အုပ်ထိန်းမှုအောက်မှာ လိမ္မာရေးခြားရှိတဲ့ ကလေးလေးတစ်ယောက်အဖြစ် ကြီးပြင်းလာပါပြီ။
စိုးမြတ်နန္ဒာကတော့ ညီအစ်မတွေ စုပေါင်းပြီး ရွှေမင်းသမီး ပိုးထည်တိုက်ကို ဖွင့်လှစ်ထားသလို စီးပွားရေးဘက်ပဲ ဇောက်ချလုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ စိုးသူနဲ့ သွားသွားလာလာ တတွဲတွဲ ရှိပေမဲ့ ချစ်ရတဲ့ သားလေးမျက်နှာကြောင့် ရွှေလက်တွဲတာမျိုးတော့ မလုပ်ပါဘူး။အမေနဲ့ အဒေါ်တွေလက်ပေါ်မှာ ကြီးပြင်းလာခဲ့ရတဲ့ မြတ်သောမောင်ကတော့ အသက် (၁၃) နှစ် ပြည့်သွားပါပြီ။ မောင်ရဲ့ (၁၃) နှစ်ပြည့်အတွက် မေမေ ဒါဒါရဲ့ မွေးနေ့ဆုတောင်းလေးကတော့ ခုလို ဖြစ်ပါတယ်။
“၁၃ နှစ် ပြည့်သွားတဲ့ သားတော်မောင်လေး လောကဓံကို ခံနိုင်တဲ့သူ ဖြစ်ပါစေ။ သက်ရှည်ကျန်းမာပါစေ။ ကိုယ့်ကိုကိုယ် စောင့်ရှောက်နိုင်သူ ဖြစ်ပါစေ ” ဆိုပြီး မွေးနေ့ဆုတောင်း ရေးပေးထားပါတယ်။
မွေးနေ့ရှင်ရဲ့ အာထရာစောင်းထဲက ဓာတ်ပုံလေးကနေ အရွယ်ရောက်ကြီးပြင်းလာတဲ့အထိ ဖွံ့ဖြိုးမှု အဆင့်ဆင့်ကို ပုံလေးတွေနဲ့ ဖော်ပြထားတာ တွေ့ရပါတယ်။ အနုပညာလောကသားတွေကလည်း မောင့်အတွက် ဆုတောင်းပေးကြသလို မွေးနေ့ပေါင်းများစွာမှာ ချစ်ရတဲ့ မိသားစုနဲ့ အတူရှိနေနိုင်ပါစေလို့လည်း ဆန္ဒပြုပေးကြပါတယ်။ မြတ်သောမောင်ရဲ့ ပုံရိပ်လေးတွေကိုတော့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။Credit-burmese.asia