Latest Posts

လက္ဒဏ္ရာကို အေၾကာင္းျပခ်က္ေပးၿပီး ကိုယ့္ကိုယ္ကိုသက္ညႇာေနမွာ မဟုတ္ဘူးဆိုတဲ့ ေအာင္လအန္ဆန္း

ေအာင္လအန္ဆန္းကေတာ့ မၾကာေသးမီကမွ ခြဲစိတ္ကုသခဲ့ရတဲ့ လက္ဒဏ္ရာကို အေၾကာင္းျပၿပီး ကိုယ့္ကိုယ္ကိုသက္ညႇာေနမွာ မဟုတ္တဲ့အေၾကာင္းကို “ကၽြန္ေတာ့္အတြက္ကေတာ့ဒီအခ်ိန္က..ကိုယ့္ကိုယ္ကို.က်န္းမာ ႀကံ့ခိုင္ၿပီး..ပိုသန္မာလာေအာင္ေလ့က်င့္ဖို့အေကာင္းဆုံးအခ်ိန္ပါ..အေၾကာင္းျပခ်က္ေတြေပးၿပီးကိုယ့္ကိုယ္ကိုသက္ညႇာေနဖို့ အခ်ိန္မရွိပါဘူး.” ဆိုကာ လက္ဒဏ္ရာတစ္ဖက္နဲ႔ ေလ့က်င့္ခန္းေတြ လုပ္ကိုင္ေနတဲ့ ဗီဒီယိုဖိုင္ကို သူရဲ့ လူမွုကြန္ရက္ စာမ်က္နာမွာ ေဖာ္ျပထားပါတယ္။
အေမရိကန္နိုင္ငံ၊ အသုံးခ် ကိုယ္ခံပညာ တိုက္ခိုက္ေရးေလာက ေၾကးစားပြဲစဥ္မ်ားတြင္ ျမန္မာ့စပါးႀကီးေႁမြ (Burmese Python) လို့တင္စားေခၚေဝၚျခင္းခံေနရၿပီး မစ္ဒယ္ဝိတ္ ႏွင့္ လိုက္ဟဲဗီးဝိတ္တန္းမ်ားတြင္ အနိုင္ရရွိထားကာ ႏွစ္ထပ္ကြမ္းခ်န္ပီယံ ေအာင္လအန္ဆန္း ကေတာ့ ေအာက္တိုဘာလ (၁၃)ရက္ေန႔တြင္ စိန္ေခၚသူ ဘရန္ဒန္ဗီရာနဲ႔ ယွဥ္ၿပိဳင္တိုက္ခိုက္ခဲ့တဲ့ လိုက္ဟဲဗီးဝိတ္တန္း ခ်န္ပီယံခါးပါတ္ၿပိဳင္ပြဲမွာ လက္ရည္အသာနဲ႔ အနိုင္ရရွိခဲ့ပါတယ္။
သူကေတာ့ ဒီၿပိဳင္ပြဲမွာ လက္မကိုထိခိုက္မိခဲ့ၿပီး ရရွိခဲ့တဲ့ လက္ဒဏ္ရာကိုေတာ့ အေမရိကန္ျပည္ေထာင္စု၊ေတာင္ဒါကိုတာျပည္နယ္ရွိ Sanford Health မွာသြားေရာက္ခြဲစိတ္ကုသခဲ့တဲာလည္းျဖစ္ပါတယ္။ပရိသတ္ႀကီးေရ ေအာင္လအန္ဆန္းကေတာ့ လက္ကိုခြဲစိတ္ကုသမွုခံယူထားရတာေတာင္ နားနားေနေန မေနပဲ ေလ့က်င့္ခန္းေတြကို လုပ္ေနတာေနာ္။ဒါေၾကာင့္လည္း သူေအာင္ျမင္မွုေတြ သိမ္းပိုက္နိုင္တာ မစမ္းပါဘူးေနာ္။

Credit-burmese.asia
Unicode

အောင်လအန်ဆန်းကတော့ မကြာသေးမီကမှ ခွဲစိတ်ကုသခဲ့ရတဲ့ လက်ဒဏ်ရာကို အကြောင်းပြပြီး ကိုယ့်ကိုယ်ကိုသက်ညှာနေမှာ မဟုတ်တဲ့အကြောင်းကို “ကျွန်တော့်အတွက်ကတော့ဒီအချိန်က..ကိုယ့်ကိုယ်ကို.ကျန်းမာ ကြံ့ခိုင်ပြီး..ပိုသန်မာလာအောင်လေ့ကျင့်ဖို့အကောင်းဆုံးအချိန်ပါ..အကြောင်းပြချက်တွေပေးပြီးကိုယ့်ကိုယ်ကိုသက်ညှာနေဖို့ အချိန်မရှိပါဘူး.” ဆိုကာ လက်ဒဏ်ရာတစ်ဖက်နဲ့ လေ့ကျင့်ခန်းတွေ လုပ်ကိုင်နေတဲ့ ဗီဒီယိုဖိုင်ကို သူရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံ၊ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေးလောက ကြေးစားပွဲစဉ်များတွင် မြန်မာ့စပါးကြီးမြွေ (Burmese Python) လို့တင်စားခေါ်ဝေါ်ခြင်းခံနေရပြီး မစ်ဒယ်ဝိတ် နှင့် လိုက်ဟဲဗီးဝိတ်တန်းများတွင် အနိုင်ရရှိထားကာ နှစ်ထပ်ကွမ်းချန်ပီယံ အောင်လအန်ဆန်း ကတော့ အောက်တိုဘာလ (၁၃)ရက်နေ့တွင် စိန်ခေါ်သူ ဘရန်ဒန်ဗီရာနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပါတ်ပြိုင်ပွဲမှာ လက်ရည်အသာနဲ့ အနိုင်ရရှိခဲ့ပါတယ်။
သူကတော့ ဒီပြိုင်ပွဲမှာ လက်မကိုထိခိုက်မိခဲ့ပြီး ရရှိခဲ့တဲ့ လက်ဒဏ်ရာကိုတော့ အမေရိကန်ပြည်ထောင်စု၊တောင်ဒါကိုတာပြည်နယ်ရှိ Sanford Health မှာသွားရောက်ခွဲစိတ်ကုသခဲ့တဲာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးရေ အောင်လအန်ဆန်းကတော့ လက်ကိုခွဲစိတ်ကုသမှုခံယူထားရတာတောင် နားနားနေနေ မနေပဲ လေ့ကျင့်ခန်းတွေကို လုပ်နေတာနော်။ဒါကြောင့်လည်း သူအောင်မြင်မှုတွေ သိမ်းပိုက်နိုင်တာ မစမ်းပါဘူးနော်။Credit-burmese.asia