ဇနီးဖြစ်သူ နဲ့ အတူတူ ပုဂံမှာ ပျော်ရွှင်နေတဲ့ ခင်လှိုင်
Unicode
ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ဟာ လက်ရှိမှာ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနေလျှက်ရှိပြီး အနုပညာလှုပ်ရှားမှုတွေဆက်တိုက် လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ခင်လှိုင်ဟာ အနုပညာလောကမှာ စွယ်စုံရအနုပညာရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသူလည်းဖြစ်ပါတယ်။
ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ဟာ လက်ရှိမှာ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနေလျှက်ရှိပြီး အနုပညာလှုပ်ရှားမှုတွေဆက်တိုက် လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ခင်လှိုင်ဟာ အနုပညာလောကမှာ စွယ်စုံရအနုပညာရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသူလည်းဖြစ်ပါတယ်။
အခုအခါမှာတော့ ခင်လှိုင်ဟာ ‘လူထဲကလူ’ ရုပ်ရှင်ရိုက်ကူးရေးအတွက် ရန်ကုန်ကနေ ပုဂံကိုရောက်ရှိနေခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူနဲ့ အတူတူရိုက်ထားတဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကို ‘ကလေးတွေ အလစ်မှာ ငယ်မူပြန်ကြတာပေါ့ မငွေသိမ်းရေ’ဆိုတဲ့စာသားနဲ့အတူ နောက်ပြောင်ပြီး သူရဲ့ ဖေ့ဘုတ်အကောင့်ကနေမှတစ်ဆင့် မျှဝေခဲ့တာလည်းဖြစ်ပါတယ်။
ခင်လှိုင်ဟာ အနုပညာရှင်ဘဝကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေသူဖြစ်ပြီး တစ်ဖက်မှာလည်း ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို သား၊ သမီး၊ မြေးတွေနဲ့ အတူတည်ဆောက်ထားတာလည်းတွေ့ရပါတယ်။
လက်ရှိမှာတော့ ခင်လှိုင်ဟာ ‘လူထဲကလူ’ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတာဖြစ်ပြီး ဇာတ်ကားပေါင်းများစွာမှာလည်း ခင်လှိုင်ဟာ မပါမဖြစ်တစ်ယောက်လို ပါဝင်သရုပ်ဆောင် နေရတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ပရိသတ်တို့ရော ဦးခင်လှိုင် ကို ဘယ်အချိန်ထဲက စအားပေးခဲ့တာလဲ?အဆုံးထိဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ရှိပါတယ်။Credit-burmese.asia