ေအာင္ျမင္မႈနဲ႔ ေဝဖန္မႈက ထပ္တူက်ေနေတာ့ ခံႏိုင္ရည္မရွိခဲ့ဘူးဆိုတဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳ
‘’ေအာင္ျမင္တာက ေအာင္ျမင္တာ တစ္ခု၊ ကိုယ္လူသိမ်ားတာလည္း မ်ားတာ တစ္ခုေပါ့။ အဲဒီအထဲမွာ အရင္တုန္းက ကိုယ္ေနခဲ့တဲ့ ပုံစံေတြ၊ လြတ္လပ္ခြင့္ေတြ၊ ကိုယ့္ရဲ႕ေနပုံထိုင္ပုံ၊ သြားပုံလာပုံေတြကအစ အရမ္းကို ေျပာင္းလဲရတာဆိုေတာ့ အဲဒီအရာေတြကို မခံစားႏိုင္ဘူး။ သတ္ေသခ်င္စိတ္ေတြ ခဏခဏျဖစ္တယ္။’’ ဆိုၿပီးေတာ့ စက္တင္ဘာလ ၁၄ ရက္ေန႔က Shwe FM ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။ သူမဟာ ဂီတကို ႐ူးသြပ္လြန္းသူတစ္ေယာက္ျဖစ္တာေၾကာင့္ Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲကို ဝင္ၿပိဳင္ခဲ့သူျဖစ္ပါတယ္။ အဆိုပါၿပိဳင္ပြဲမွာလည္း ခ်မ္းေျမ့ေမာင္ခ်ိဳက 2nd runner ဆုကို ရရွိပိုင္ဆိုင္ခဲ့ပါတယ္။ ဒါေပမယ့္ အႏုပညာေလာကဘက္ကို ေျခလွမ္းစတင္လာတဲ့အခ်ိန္မွာေတာ့ အမ်ားႀကီးေျပာင္းလဲသြားတယ္လို႔ ဆိုပါတယ္။
‘’ၿပိဳင္ပြဲေတြၿပီးသြားလို႔ အျပင္ေလာကမွာ စၿပီးရပ္တည္တဲ့အခ်ိန္မွာ ဖိအားေတြကို မခံႏိုင္ဘူး။ ဘာမွလည္း မျပင္ဆင္ခဲ့ဘူး၊ ၿပီးေတာ့ ကိုယ္ေရာက္တဲ့ ပတ္ဝန္းက်င္နဲ႔ ကိုယ္ေနခဲ့ဖူးတဲ့ ပတ္ဝန္းက်င္က ဘာမွ မဆိုင္ေတာ့ဘူး။ သက္သက္စီျဖစ္သြားတဲ့အခ်ိန္မွာ စိတ္ေတြက မခံႏိုင္ဘူး။’’ လို႔ သူကဆိုပါတယ္။ ခ်မ္းေျမ့ေမာင္ခ်ိဳက Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲဝင္ၿပိဳင္ေနတဲ့ အခ်ိန္မွာလည္း ေဝဖန္မႈမ်ားစြာကို ႀကဳံေတြ႕ခဲ့ရသူပါ။ ျဖစ္တည္လာတဲ့ ေအာင္ျမင္မႈနဲ႔ ေဝဖန္မႈေတြက တိုက္႐ိုက္အခ်ိဳးက်တဲ့ အေပၚမွာလည္း အရမ္း စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္တဲ့။
‘’ ေအာင္ျမင္ေနလည္း ကိုယ္က မေပ်ာ္ဘူူး။ ဘာေၾကာင့္လဲဆိုေတာ့ ေဝဖန္ေနၾကတာကို။ ေဝဖန္မႈထက္ ေအာင္ျမင္မႈက ပိုမ်ားရင္ေတာ့ ခံႏိုင္ရည္ရွိတာေပါ့။ ေအာင္ျမင္မႈနဲ႔ ေဝဖန္မႈက တစ္ထပ္တည္းက်ေနတဲ့ အခ်ိန္မွာ မေပ်ာ္ေတာ့ဘူး။ အရင္တုန္းကဆိုရင္ တစ္ပတ္ႏွစ္ပတ္ေလာက္က ေန႔တိုင္းငိုေနရတာ။ ျပန္စဥ္းစားၾကည့္ေတာ့လည္း ေရွ႕ဆက္ေလွ်ာက္ရမယ့္လမ္းက ရွိေနေသးေတာ့ ကိုယ္ေ႐ြးခ်ယ္ခဲ့တဲ့ လမ္းျဖစ္တဲ့အတြက္ ၊ ကိုယ္ခ်စ္တဲ့အလုပ္ျဖစ္တဲ့အတြက္ ဆက္လုပ္ေနဦးမွာပဲ’’ လို႔ သူကဆိုပါတယ္။
ခ်မ္းေျမ့ေမာင္ခ်ိဳကိုေတာ့ Myanmar Idol (Season 3) ရဲ႕ သီခ်င္းဆို ၿပိဳင္ပြဲကေနတဆင့္ ပရိသတ္ေတြ အားေပးခဲ့ၾကတာျဖစ္ပါတယ္။ သူမဟာ ဝါရင့္အဆိုေတာ္ အိအိ ရဲ႕ သမီးငယ္ေလးျဖစ္သလို၊ သ႐ုပ္ေဆာင္ သူရေမာင္ခ်ိဳရဲ႕ ညီမငယ္ေလးလည္းျဖစ္ပါတယ္။ ခ်မ္းေျမ့ေမာင္ခ်ိဳဟာ သီခ်င္းဆို ၿပိဳင္ပြဲၿပီးသြားတဲ့ေနာက္မွာလည္း ေဖ်ာ္ေျဖပြဲေတြ သီဆိုေနရတာျဖစ္သလို ‘’အိပ္မက္’’ ဆိုတဲ့ Single Song ေလးလည္း ထြက္ရွိခဲ့ၿပီးျဖစ္ပါတယ္။
Credit-aungparsay
Unicode
ချမ်းမြေ့မောင်ချိုဟာ လက်ရှိ အဆိုတော် တစ်ယောက်အဖြစ် ဖြတ်သန်းနေရတဲ့ သူမရဲ့ ဘဝနေထိုင်မှုအပေါ် ခံစားချက်တွေ ပြောပြလာပါတယ်။ ဝေဖန်မှုတွေများနေတဲ့ အချိန်မှာလည်း သတ်သေချင်လောက်တဲ့အထိ စိတ်ဓာတ်တွေကျဖူးတယ်လို့ ဆိုပါတယ်။ Myanmar idol (Season 3) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုရရှိလာတဲ့ ချမ်းမြေ့မောင်ချိုကတော့ သူမရဲ့ ရင်ထဲက စကားသံတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ အောင်မြင်လာတာနဲ့ အမျှ စွန့်လွှတ်ရတာတွေလည်းရှိလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တောင်ဖြစ်မိတယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။
‘’အောင်မြင်တာက အောင်မြင်တာ တစ်ခု၊ ကိုယ်လူသိများတာလည်း များတာ တစ်ခုပေါ့။ အဲဒီအထဲမှာ အရင်တုန်းက ကိုယ်နေခဲ့တဲ့ ပုံစံတွေ၊ လွတ်လပ်ခွင့်တွေ၊ ကိုယ့်ရဲ့နေပုံထိုင်ပုံ၊ သွားပုံလာပုံတွေကအစ အရမ်းကို ပြောင်းလဲရတာဆိုတော့ အဲဒီအရာတွေကို မခံစားနိုင်ဘူး။ သတ်သေချင်စိတ်တွေ ခဏခဏဖြစ်တယ်။’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၄ ရက်နေ့က Shwe FM ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ သူမဟာ ဂီတကို ရူးသွပ်လွန်းသူတစ်ယောက်ဖြစ်တာကြောင့် Myanmar Idol သီချင်းဆိုပြိုင်ပွဲကို ဝင်ပြိုင်ခဲ့သူဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲမှာလည်း ချမ်းမြေ့မောင်ချိုက 2nd runner ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် အနုပညာလောကဘက်ကို ခြေလှမ်းစတင်လာတဲ့အချိန်မှာတော့ အများကြီးပြောင်းလဲသွားတယ်လို့ ဆိုပါတယ်။
ပြိုင်ပွဲတွေပြီးသွားလို့ အပြင်လောကမှာ စပြီးရပ်တည်တဲ့အချိန်မှာ ဖိအားတွေကို မခံနိုင်ဘူး။ ဘာမှလည်း မပြင်ဆင်ခဲ့ဘူး၊ ပြီးတော့ ကိုယ်ရောက်တဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ်နေခဲ့ဖူးတဲ့ ပတ်ဝန်းကျင်က ဘာမှ မဆိုင်တော့ဘူး။ သက်သက်စီဖြစ်သွားတဲ့အချိန်မှာ စိတ်တွေက မခံနိုင်ဘူး။’’ လို့ သူကဆိုပါတယ်။ ချမ်းမြေ့မောင်ချိုက Myanmar Idol သီချင်းဆိုပြိုင်ပွဲဝင်ပြိုင်နေတဲ့ အချိန်မှာလည်း ဝေဖန်မှုများစွာကို ကြုံတွေ့ခဲ့ရသူပါ။ ဖြစ်တည်လာတဲ့ အောင်မြင်မှုနဲ့ ဝေဖန်မှုတွေက တိုက်ရိုက်အချိုးကျတဲ့ အပေါ်မှာလည်း အရမ်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်တဲ့။
‘’ အောင်မြင်နေလည်း ကိုယ်က မပျော်ဘူူး။ ဘာကြောင့်လဲဆိုတော့ ဝေဖန်နေကြတာကို။ ဝေဖန်မှုထက် အောင်မြင်မှုက ပိုများရင်တော့ ခံနိုင်ရည်ရှိတာပေါ့။ အောင်မြင်မှုနဲ့ ဝေဖန်မှုက တစ်ထပ်တည်းကျနေတဲ့ အချိန်မှာ မပျော်တော့ဘူး။ အရင်တုန်းကဆိုရင် တစ်ပတ်နှစ်ပတ်လောက်က နေ့တိုင်းငိုနေရတာ။ ပြန်စဉ်းစားကြည့်တော့လည်း ရှေ့ဆက်လျှောက်ရမယ့်လမ်းက ရှိနေသေးတော့ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းဖြစ်တဲ့အတွက် ၊ ကိုယ်ချစ်တဲ့အလုပ်ဖြစ်တဲ့အတွက် ဆက်လုပ်နေဦးမှာပဲ’’ လို့ သူကဆိုပါတယ်။
ချမ်းမြေ့မောင်ချိုကိုတော့ Myanmar Idol (Season 3) ရဲ့ သီချင်းဆို ပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ ဝါရင့်အဆိုတော် အိအိ ရဲ့ သမီးငယ်လေးဖြစ်သလို၊ သရုပ်ဆောင် သူရမောင်ချိုရဲ့ ညီမငယ်လေးလည်းဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုဟာ သီချင်းဆို ပြိုင်ပွဲပြီးသွားတဲ့နောက်မှာလည်း ဖျော်ဖြေပွဲတွေ သီဆိုနေရတာဖြစ်သလို ‘’အိပ်မက်’’ ဆိုတဲ့ Single Song လေးလည်း ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။Credit-aungparsay