ဒိုင္ျဖစ္သူ ဇင္ေအာင္ ကို ဆံြ ့ အသြားေစတဲ့ ၿပိဳင္ပြဲဝင္ေလး လဲ့ယမင္းဦးရဲ႕ ေျပာဆိုေခ်ပမႈ
The Model Academy ဟာ ဆိုရင္ ျမန္မာႏိုင္ငံအႏွံ႔က ၿပိဳင္ပြဲဝင္ေတြကို ဝင္ေရာက္ယွဥ္ၿပိဳင္ေစတဲ့ အစီအစဥ္တစ္ခုပဲ ျဖစ္ပါတယ္။ အစီအစဥ္မွာ ၿပိဳင္ပြဲဝင္ေတြကို Campသေဘာမ်ိဳးသြင္းၿပီး ေလ့က်င့္မႈမ်ား ၊ ယွဥ္ၿပိဳင္မႈမ်ားကို လုပ္ေဆာင္ေနသလို ၊ ၿပိဳင္ပြဲဝင္တို႔ရဲ႕ လႈပ္ရွားမႈေတြကိုလည္း CCTV မွ တစ္ဆင့္ မွတ္တမ္းတင္ထားတာ ျဖစ္ပါတယ္။Camp မွာ စည္းကမ္းေတြ ရွိသလို စည္ကမ္းခ်ိဳးေဖာက္သူေတြကိုလည္း ၿပိဳင္ပြဲက ထုတ္ပယ္သြားတာမ်ိဳး ၊ အမွတ္ေလ်ာ့တာမ်ိဳးေတြ ေဆာင္႐ြက္တာပဲ ျဖစ္ပါတယ္။
ဒီအထဲမွာေတာ့ ဒိုင္တစ္ဦးျဖစ္တဲ့ ဇင္ေအာင္ကို ခ်က္က်လက္က် ျပန္ေျပာႏိုင္ခဲ့တဲ့ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္တဲ့ လဲ့ယမင္းဦးကေတာ့ ပရိသတ္ရဲ႕ စိတ္ဝင္စားမႈကိုရရွိေနပါတယ္။ ျဖစ္စဥ္ကေတာ့ လဲ့ယမင္းဦးဟာ ၿပိဳင္ပြဲရဲ႕စည္းကမ္းခ်က္ေတြျဖစ္တဲ့ လူမႈကြန္ရက္မွာ The Model Academy အမည္နဲ႔ ပုံေတြ တင္ထားခဲ့တာေၾကာင့္ ဒိုင္တစ္ဦးျဖစ္တဲ့ ဇင္ေအာင္က ၿပိဳင္ပြဲဝင္အားလုံးရဲ႕ ဖုန္းေတြကို သိမ္းဆည္းထားလိုက္တာေၾကာင့္ အားလုံးရဲ႕ အမ်က္ေဒါသ အာ႐ုံစိုက္မႈဟာ လဲ့ယမင္းဦးဆီကို စုၿပဳံလာပါေတာ့တယ္။
သူ႔ေၾကာင့္လို႔ တိုးတိုးတဖုံ ၊ က်ယ္က်ယ္တစ္မ်ိဳးေျပာလာတာေတြေၾကာင့္ အဆင္မေျပဘူးလို႔ ဒိုင္ ျဖစ္သူ ဇင္ေအာင္ကို ေျပာဆိုလိုက္တာျဖစ္ပါတယ္။ ဇင္ေအာင္ကေတာ့ ေျပာရဲတဲ့ သတၱိကိုသေဘာက်တယ္လို႔ ခ်ီးက်ဴးၿပီးေတာ့ ၿပိဳင္ပြဲေတြ ဝင္ဖူးလား အစခ်ီၿပီးေတာ့ စကားေတြက တည္ၿငိမ္မႈ ကင္းစြာ တုန႔္ျပန္မႈေတြေၾကာင့္ ပရိသတ္ရဲ႕ ေဝဖန္မႈကိုလည္း ခံေနရသူျဖစ္ပါတယ္။ လဲ့ယမင္းဦးဟာ ဇင္ေအာင္ကို ဘယ္လိုေတြ ျပန္လည္ေခ်ပ ခဲ့တယ္ဆိုတာကို ႐ုပ္သံဖိုင္ေလးကို ၾကည့္ရႈၾကည့္ပါဦးေနာ္။
Credit-aungarsay
Unicode
ဂယက်မျိုးစုံနဲ့ ပရိသတ်ရဲ့ Attention ကို ရရှိဖို့အတွက် ကြိုးစားနေကြတဲ့ ရုပ်သံအစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ The Model Academy ကို ပရိသတ်အားလုံး သိရှိကြမှာပါ။ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ CCTV မှတ်တမ်းပြလိုက်ရမလားဆိုတဲ့ ကိစ္စကြောင့် The Model Academy ဟာ ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားလိုက်နိုင်သလိုဝေဖန်မှုတွေ၊ သဘောမတူမှုတွေ၊ ထောက်ခံမှုတွေနဲ့လည်း ကြုံလိုက်ရတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။
The Model Academy ဟာ ဆိုရင် မြန်မာနိုင်ငံအနှံ့က ပြိုင်ပွဲဝင်တွေကို ဝင်ရောက်ယှဉ်ပြိုင်စေတဲ့ အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ အစီအစဉ်မှာ ပြိုင်ပွဲဝင်တွေကို Campသဘောမျိုးသွင်းပြီး လေ့ကျင့်မှုများ ၊ ယှဉ်ပြိုင်မှုများကို လုပ်ဆောင်နေသလို ၊ ပြိုင်ပွဲဝင်တို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း CCTV မှ တစ်ဆင့် မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။Camp မှာ စည်းကမ်းတွေ ရှိသလို စည်ကမ်းချိုးဖောက်သူတွေကိုလည်း ပြိုင်ပွဲက ထုတ်ပယ်သွားတာမျိုး ၊ အမှတ်လျော့တာမျိုးတွေ ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။
ဒီအထဲမှာတော့ ဒိုင်တစ်ဦးဖြစ်တဲ့ ဇင်အောင်ကို ချက်ကျလက်ကျ ပြန်ပြောနိုင်ခဲ့တဲ့ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ လဲ့ယမင်းဦးကတော့ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကိုရရှိနေပါတယ်။ ဖြစ်စဉ်ကတော့ လဲ့ယမင်းဦးဟာ ပြိုင်ပွဲရဲ့စည်းကမ်းချက်တွေဖြစ်တဲ့ လူမှုကွန်ရက်မှာ The Model Academy အမည်နဲ့ ပုံတွေ တင်ထားခဲ့တာကြောင့် ဒိုင်တစ်ဦးဖြစ်တဲ့ ဇင်အောင်က ပြိုင်ပွဲဝင်အားလုံးရဲ့ ဖုန်းတွေကို သိမ်းဆည်းထားလိုက်တာကြောင့် အားလုံးရဲ့ အမျက်ဒေါသ အာရုံစိုက်မှုဟာ လဲ့ယမင်းဦးဆီကို စုပြုံလာပါတော့တယ်။
သူ့ကြောင့်လို့ တိုးတိုးတဖုံ ၊ ကျယ်ကျယ်တစ်မျိုးပြောလာတာတွေကြောင့် အဆင်မပြေဘူးလို့ ဒိုင် ဖြစ်သူ ဇင်အောင်ကို ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဇင်အောင်ကတော့ ပြောရဲတဲ့ သတ္တိကိုသဘောကျတယ်လို့ ချီးကျူးပြီးတော့ ပြိုင်ပွဲတွေ ဝင်ဖူးလား အစချီပြီးတော့ စကားတွေက တည်ငြိမ်မှု ကင်းစွာ တုန့်ပြန်မှုတွေကြောင့် ပရိသတ်ရဲ့ ဝေဖန်မှုကိုလည်း ခံနေရသူဖြစ်ပါတယ်။ လဲ့ယမင်းဦးဟာ ဇင်အောင်ကို ဘယ်လိုတွေ ပြန်လည်ချေပ ခဲ့တယ်ဆိုတာကို ရုပ်သံဖိုင်လေးကို ကြည့်ရှုကြည့်ပါဦးနော်။Credit-aungarsay