Latest Posts
ကျောက်အောင်ရင် မင်္ဂလာဆောင်မယ်ဆိုတဲ့ လုလုအောင်
Unicode
လုလုအောင် ဆိုတာနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအမိုက်စားတွေနဲ့ ပုံအလန်းတွေ ရိုက်လေ့ရှိတဲ့ ခေးကြီးလုဆိုတာကို အားလုံးသော အမျိုးသားထုကြီးကတော့ သိကြပြီးသားဖြစ်မှာပါ ။ အခုနောက်ပိုင်းမှာတော့ သူတစ်ခါက အင်တာဗျူးတွေမှာပြောခဲ့သလိုပဲ အသက်အရွယ်ကြောင့် ဓာတ်ပုံ အမိုက်စားကြီးတွေ တက်မလာတော့တာကိုလည်း အားလုံးသော အမျိုးသားထုကြီးက နှမြောတသဖြစ်နေကြ မယ်ထင်ပါတယ်။ ဒါပေမယ့် လုလုအောင်ကတော့ ပရိသတ်တွေကို သူရဲ့မရိုးနိုင်တဲ့အလှတရားတွေပေါ်လွင်တဲ့ ပုံတွေကိုတင်ပြီး မကြာကြာ မျှဝေလေ့ရှိပါတယ်။ အဲ့ဒီလို မရိုးနိုင်တဲ့ အလှတွေ စွဲဆောင်မှုရှိတဲ့အလှတွေကို ပိုင်ဆိုင်ထားတဲ့ လုလုအောင်ကတော့ မင်္ဂလာဆောင် မယ့်အခြေအနေတစ်ခုကို ထုတ်ဖော်ပြောပြသွားပါပြီ။
သူကတော့ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကတော့ သူရဲ့တရားဝင် Facebook စာမျက်နှာကနေ ပိုစ့်တစ်ခုတင်လိုက်ပါတယ် ။ အဲဒီ ပိုစ့်လေးကတော့ တချို့သော ပုရိသတွေအတွက်တော့ အင်မတန်မှ ဝမ်းနည်းစရကောင်းလှတဲ့ ကိစ္စကြီးဖြစ်နေပါတယ်။ အဲ့ဒီပိုစ့်လေးကတော့ လုလုအောင်က “ ကျောက်အောင်ရင် မင်္ဂလာဆောင်ကြမယ်နော်” ဆိုပြီး တင်ခဲ့တာပဲ ဖြစ်ပါတယ်။ တကယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ချစ်လှစွာသော မတ်မတ်လုက တော့ ဒီပိုစ့်ကို သူ့တင်နေကြပုံစံအတိုင်းပဲ ပုရိသတွေရဲ့ စိတ်ကို ကလိလိလုပ်ပြီးရင်ခုရအောင် လုပ်သွားတာမျိုးပဲဖြစ် ပါလိမ့်မယ်လို့လည်း ပရိသတ်အချို့က ထင်ကြေးပေးနေကြပါတယ်။
သူရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအသားပေးဓာတ်ပုံတွေ တွေ့မမြင်ရတော့ပေမယ့် ချစ်ဖို့အင်မတန်ကောင်းလှတဲ့ သူရဲ့ မျက်နှာလေးကိုပဲမြင်နေရရင် စိတ်ကျေနပ်နေပြီဆိုတဲ့ အမျိုးသားထုကြီးအတွက်ကတော့ မတ်မတ်လုလုအောင် ကဆက်လက်ရင်ခုန်မှုတွေပေးနေနိုင်ဦးမှာပါ ။ လုလုအောင်ရဲ့ အခုပိုစ့်မှာ တွဲပြီးတင်ထားတဲ့ ချစ်စရာကောင်းတဲ့ မတ်မတ်လုလုအောင်ရဲ့ဓာတ်ပုံလေးတွေကိုပါ တစ်ပါတည်း ဖော်ပြပေးလိုက်ပါတယ်နော် ။ လုလုအောင် ကိုအားပေး ဝန်းရံနေတဲ့ ပရိသတ်ကြီးလည်း အခုကျနော်တို့ ဖော်ပြပေးသွားတဲ့ အကြောင်းအရာလေးကို ကျေနပ်သဘောကျလိမ့်မယ်ထင်ပါတယ်။ ကျနော်တို့ ခေးကြီးလု သာ တကယ်လို့ ကျောက်အောင်သွားရင် သူရဲ့ သတို့သား ဘယ်သူများဖြစ်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲနော် ။Credit-burmese.asia