Latest Posts

ေရဗကၠာဝင္းကေတာ့ ခင္ပြန္းျဖစ္သူ ကိုေကာင္းေက်ာ္ေဆြနဲ႔ အိမ္ေထာင္သက္တမ္း ၆ ႏွစ္ေက်ာ္လာၿပီျဖစ္ပါတယ္။ လက္ရွိ အိမ္ေထာင္ေရး အေျခအေနကိုလည္း ေရဗကၠာဝင္းက ပြင့္ပြင့္လင္းလင္း ေျပာျပလာပါတယ္။
အဆိုေတာ္ ေရဗကၠာဝင္းကေတာ့ သူ႔ရဲ႕ ဂီတအလုပ္ေတြကိုလည္း တစိုက္မတ္မတ္ေဆာင္႐ြက္လာၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိ သူမရဲ႕ အိမ္ေထာင္ေရး အေျခအေနကေတာ့ အဆင္မေျပမႈေတြနဲ႔ ႀကဳံေတြ႕ေနရတာေၾကာင့္ အတိအက်ေျပာျပလို႔ရတဲ့ အေျခအေနတစ္ခုေရာက္ရင္ ပရိသတ္ကို အသိေပးသြားမယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြ ကေန ေျပာျပလာပါတယ္။

‘’အိမ္ေထာင္ေရးကေတာ့ ေျပာျပလို႔ရတဲ့ အေျခအေနေရာက္ရင္ ေျပာျပပါမယ္။ အခုကေတာ့ ဘာမွထူးျခားတဲ့ အေနအထားမျဖစ္ေသးဘူးဆိုေတာ့ တိတိက်က်ေျပာလို႔ရတဲ့ အခ်ိန္က်မွပဲ ေျပာပါမယ္။ အရင္ကတည္း ကလည္း ေရဗကၠာဝင္းဆိုတာ အႏုပညာရွင္ေတြနဲ႔ ပရိသတ္ေတြက သိခဲ့ၾကတယ္။ အဲဒီအတြက္ေၾကာင့္မို႔လို႔ ကိုယ့္ရဲ႕ အႏုပညာအလုပ္ေတြကိုလည္း တစ္ဖက္တလမ္းက တတ္ႏိုင္သေလာက္ ႀကိဳးစားၿပီးေတာ့လုပ္ေနတယ္။ လူမႈေရး ကိစၥဆိုတာကလည္း လူတိုင္းမွာရွိတတ္ၾကတယ္ အစ္မမွာလည္း လူမႈေရး ျပႆနာေတာ့ရွိတယ္။ ဒါေၾကာင့္ အစ္မရဲ႕ အလုပ္က အလုပ္၊ Life က Life ပါပဲ ခြဲျခားၿပီးေတာ့ လုပ္ပါတယ္’’ လို႔ သူကဆိုပါတယ္။

သူမရဲ႕ အခ်စ္ေရးကေတာ့ ကံေကာင္းတာလား၊ ကံမေကာင္းဘူးလား ဆိုတာကိုေတာ့ ကံတရားနဲ႔သာ သက္ဆိုင္တယ္လို႔ ေရဗကၠာဝင္းက ေျပာပါတယ္။
‘’ အခ်စ္ေရး ကံေကာင္းတယ္၊ မေကာင္းဘူးဆိုတာကေတာ့ လူတစ္ေယာက္ရဲ႕ ကုသိုလ္ကံေပါ့ေနာ္။ဘုရားေပးတဲ့ ေကာင္းခ်ီးေလ။ ဒါနဲ႔ပဲ ဆိုင္တယ္လို႔ ထင္ပါတယ္။ အိမ္ေထာင္တစ္ခုကို ဦးေဆာင္ႏိုင္တဲ့ မိန္းမလို႔လည္း ကိုယ့္ကိုယ့္ကိုယ္ မထင္ပါဘူး။ ေရဗကၠာက ကိုယ့္ဘာသာကိုယ္ ေအးေအးေဆးေဆးနဲ႔ ေပါ့ေပါ့ပါးပါးပဲ ေနတတ္တဲ့သူမ်ိဳးပါ’’ ဆိုၿပီးေတာ့ ေအာက္တိုဘာလ ၂၅ ရက္ေန႔က Dancing with the stars မိတ္ဆက္ပြဲကို တက္ေရာက္ရင္းေျဖဆိုခဲ့တာပါ။

ေရွ႕ဆက္ရမယ့္ အႏုပညာလမ္းေၾကာင္းကိုလည္း အဆင္ေျပေျပ ေအးေအးခ်မ္းခ်မ္းပဲျဖတ္သန္းသြားမယ္လို႔ ေရဗကၠာဝင္းကဆိုပါတယ္။
‘’ အစ္မက အစကတည္းက ေအးေအးေဆးေဆးေနတတ္တဲ့သူ၊ ကိုယ့္ရဲ႕ ခံစားခ်က္မျဖစ္တတ္တဲ့သူမ်ိဳးလည္းမဟုတ္ပါဘူး ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ ကိုယ့္ခံစားခ်က္ကို သူမ်ားျမင္ေအာင္ မျပတတ္ဘူး။ မေျပာလည္း မေျပာတတ္တဲ့လူထဲမွာ ပါတဲ့အတြက္ေၾကာင့္ ေအးေအးေဆးေဆးနဲ႔ပဲ အခ်ိန္ကာလ တစ္ခုကို ေက်ာ္ျဖတ္သြားႏိုင္မယ္လို႔ ထင္ပါတယ္’’ ဆိုၿပီးေတာ့လည္း ဆက္လက္ေျပာျပခဲ့ပါေသးတယ္။
ေရဗကၠာဝင္း နဲ႔ ခင္ပြန္းျဖစ္သူ ကိုေကာင္းေက်ာ္ေဆြ တို႔ ဇနီးေမာင္ႏွံဟာ ၂၀၁၃ ခုႏွစ္ ေမလ ၁ ရက္ေန႔က Judson Church ဘုရားေက်ာင္းမွာ မဂၤလာပြဲ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သူတို႔ရဲ႕ အိမ္ေထာင္သက္တမ္းဟာ ၆ ႏွစ္တာကာလကို ေက်ာ္လြန္လာခဲ့ၿပီျဖစ္ပါတယ္။ ေရဗကၠာဝင္းကိုေတာ့ အခ်စ္သီခ်င္း ခ်ိဳခ်ိဳေလးေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာခဲ့တာပါ။ သူမကေတာ့ ကခ်င္တိုင္းရင္းသူေလး တစ္ေယာက္ပါ။Credit-aungparsay
Unicode
ရေဗက္ကာဝင်းကတော့ ခင်ပွန်းဖြစ်သူ ကိုကောင်းကျော်ဆွေနဲ့ အိမ်ထောင်သက်တမ်း ၆ နှစ်ကျော်လာပြီဖြစ်ပါတယ်။ လက်ရှိ အိမ်ထောင်ရေး အခြေအနေကိုလည်း ရေဗက္ကာဝင်းက ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။အဆိုတော် ရေဗက္ကာဝင်းကတော့ သူ့ရဲ့ ဂီတအလုပ်တွေကိုလည်း တစိုက်မတ်မတ်ဆောင်ရွက်လာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ သူမရဲ့ အိမ်ထောင်ရေး အခြေအနေကတော့ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတာကြောင့် အတိအကျပြောပြလို့ရတဲ့ အခြေအနေတစ်ခုရောက်ရင် ပရိသတ်ကို အသိပေးသွားမယ်လို့ မီဒီယာ အင်တာဗျူးတွေ ကနေ ပြောပြလာပါတယ်။
‘’အိမ်ထောင်ရေးကတော့ ပြောပြလို့ရတဲ့ အခြေအနေရောက်ရင် ပြောပြပါမယ်။ အခုကတော့ ဘာမှထူးခြားတဲ့ အနေအထားမဖြစ်သေးဘူးဆိုတော့ တိတိကျကျပြောလို့ရတဲ့ အချိန်ကျမှပဲ ပြောပါမယ်။ အရင်ကတည်း ကလည်း ရေဗက္ကာဝင်းဆိုတာ အနုပညာရှင်တွေနဲ့ ပရိသတ်တွေက သိခဲ့ကြတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကိုယ့်ရဲ့ အနုပညာအလုပ်တွေကိုလည်း တစ်ဖက်တလမ်းက တတ်နိုင်သလောက် ကြိုးစားပြီးတော့လုပ်နေတယ်။ လူမှုရေး ကိစ္စဆိုတာကလည်း လူတိုင်းမှာရှိတတ်ကြတယ် အစ်မမှာလည်း လူမှုရေး ပြဿနာတော့ရှိတယ်။ ဒါကြောင့် အစ်မရဲ့ အလုပ်က အလုပ်၊ Life က Life ပါပဲ ခွဲခြားပြီးတော့ လုပ်ပါတယ်’’ လို့ သူကဆိုပါတယ်။
သူမရဲ့ အချစ်ရေးကတော့ ကံကောင်းတာလား၊ ကံမကောင်းဘူးလား ဆိုတာကိုတော့ ကံတရားနဲ့သာ သက်ဆိုင်တယ်လို့ ရေဗက္ကာဝင်းက ပြောပါတယ်။
‘’ အချစ်ရေး ကံကောင်းတယ်၊ မကောင်းဘူးဆိုတာကတော့ လူတစ်ယောက်ရဲ့ ကုသိုလ်ကံပေါ့နော်။ဘုရားပေးတဲ့ ကောင်းချီးလေ။ ဒါနဲ့ပဲ ဆိုင်တယ်လို့ ထင်ပါတယ်။ အိမ်ထောင်တစ်ခုကို ဦးဆောင်နိုင်တဲ့ မိန်းမလို့လည်း ကိုယ့်ကိုယ့်ကိုယ် မထင်ပါဘူး။ ရေဗက္ကာက ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးနဲ့ ပေါ့ပေါ့ပါးပါးပဲ နေတတ်တဲ့သူမျိုးပါ’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၅ ရက်နေ့က Dancing with the stars မိတ်ဆက်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။ရှေ့ဆက်ရမယ့် အနုပညာလမ်းကြောင်းကိုလည်း အဆင်ပြေပြေ အေးအေးချမ်းချမ်းပဲဖြတ်သန်းသွားမယ်လို့ ရေဗက္ကာဝင်းကဆိုပါတယ်။
‘’ အစ်မက အစကတည်းက အေးအေးဆေးဆေးနေတတ်တဲ့သူ၊ ကိုယ့်ရဲ့ ခံစားချက်မဖြစ်တတ်တဲ့သူမျိုးလည်းမဟုတ်ပါဘူး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ခံစားချက်ကို သူများမြင်အောင် မပြတတ်ဘူး။ မပြောလည်း မပြောတတ်တဲ့လူထဲမှာ ပါတဲ့အတွက်ကြောင့် အေးအေးဆေးဆေးနဲ့ပဲ အချိန်ကာလ တစ်ခုကို ကျော်ဖြတ်သွားနိုင်မယ်လို့ ထင်ပါတယ်’’ ဆိုပြီးတော့လည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။ရေဗက္ကာဝင်း နဲ့ ခင်ပွန်းဖြစ်သူ ကိုကောင်းကျော်ဆွေ တို့ ဇနီးမောင်နှံဟာ ၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့က Judson Church ဘုရားကျောင်းမှာ မင်္ဂလာပွဲ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ ၆ နှစ်တာကာလကို ကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။ ရေဗက္ကာဝင်းကိုတော့ အချစ်သီချင်း ချိုချိုလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ သူမကတော့ ကချင်တိုင်းရင်းသူလေး တစ်ယောက်ပါ။Credit-aungparsay