Latest Posts
အလုပ်တွေမအားလပ်တာကြောင့် မွေးနေ့လေးကို အခုမှကျင်းပဖြစ်တယ်ဆိုတဲ့ နော်မာသထူးဝါး
Unicode
အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ အောင်မြင်မှုတွေ ရရှိလာတဲ့ ချစ်စရာကောင်းတဲ့ ကရင်မလေး နော်မာသထူးဝါးကတော့ အောက်တိုဘာလ (၂၅)ရက်နေ့မှာကျရောက်ခဲ့တဲ့ မွေးနေ့လေးကို အနုပညာအလုပ်တွေကြောင့်မအားလပ်သဖြင့် အခုမှ ကျင်းပဖြစ်တဲ့အကြောင်းကို “မွေးနေ့က 25ရက်နေ့ဖြစ်ပေမဲ့ မအားလို့ Birthday Cake ကို မောင်မောင်လေးတွေနဲ့ ဒီနေ့မှအတူတူမှုတ်ဖြစ်ကြပါတယ် မွေးနေ့ဆုတောင်းပေးတဲ့ ဘိုးဘိုး ဘွားဘွား ဦးဦး ဒေါ်ဒေါ် ကိုကို မမ ဆရာသမားများအားလုံးကို ကျေးဇူးတင်ပါတယိရှင့်” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှာဖော်ပြထားပါတယ်။
နော်မာသထူးဝါးကတော့ ကိုရီးယားမှာ နေထိုင်တဲ့ မြန်မာ၊ ကရင်လူမျိုး လေးဖြစ်ပြီး သီချင်းဆိုကောင်းတဲ့ အဆိုတော်ပေါက်စလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ အရွယ်နဲ့မလိုက်အောင် ထူးချွန်လွန်းတဲ့ သီချင်းဆိုပါရမီကြောင့် မြန်မာနိုင်ငံမှာသာမက ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးရုပ်သံလိုင်း KBS နဲ့လည်း အစီအစဉ်မှာလည်း ပါဝင်နိုင်တဲ့အထိ အောင်မြင်မှုရရှိပါတယ်။သူဟာ ကိုရီးယားနိုင်ငံ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း ပါဝင်ဖျော်ဖြေ တင်ဆက်သွားဖို့ ရှိပြီး လက်ရှိမှာတော့ ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ MAMF ( Migrant’s Arirang Multicultural Festival) 2019 နိုင်ငံတကာ သီချင်းဆိုပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် final အဆင့်သို့ ပါဝင်ခွင့်ရရှိခဲ့ပါသေးတယ်။
နာ်မာသထူးဝါးတစ်ယောက်ဟာ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ KBS ရုပ်သံလိုင်းမှ ဖျော်ဖြေတင်ဆက်တဲ့ KBS ကလေး အစီအစဉ်မှာ ပါဝင်တင်ဆက်ရင်း Winner ဆုကြီးကို ဆွတ်ခူးထားပါတယ်။ပရိသတ်ကြီးထဲမှာ နော်မာသထူးဝါး ကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်အမာခံလေးတွေရှိကြလား။credit-burmese.asia