ျမန္မာျပည္မွာ႐ိုက္ေနၾကမဟုတ္တဲ့ ဇာတ္ကားပုံစံမ်ိဳး႐ိုက္သြားမယ့္ ေနတိုး
ေနတိုးဟာ အဆိုေတာ္လႊမ္းပိုင္၊ နီနီခင္ေဇာ္တို႔နဲ႔ အတူ မၾကာခင္မွာ ႐ုပ္ရွင္ကားႀကီး႐ိုက္ကူးေတာ့မယ္လို႔ ဆိုပါတယ္။ ဒီဇာတ္ကားကိုေတာ့ သူ႔ရဲ႕ ပရိသတ္ေတြ ၁၀၀ ရာခိုင္ႏႈန္း စိတ္ဝင္စားေစမယ့္ ဇာတ္ကားျဖစ္တယ္လို႔ ေျပာလာပါတယ္။
သ႐ုပ္ေဆာင္ေနတိုးက မၾကာခင္မွာ ‘’အိပ္မက္ကာရံ’’ ဆိုတဲ့ ႐ုပ္ရွင္ကားႀကီးကို လႊမ္းပိုင္၊ နီနီခင္ေဇာ္တို႔နဲ႔ အတူ ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။ ဒီဇာတ္ကားကို ႐ိုက္ကူးဖို႔အတြက္ ေ႐ြးခ်ယ္ လက္ခံျဖစ္တဲ့အေၾကာင္းကိုလည္း မီဒီယာေတြကေနတဆင့္ အခုလို ေျပာျပလာပါတယ္။
‘’ စီစဥ္ေနတာကေတာ့ တစ္ႏွစ္ေက်ာ္ေလာက္ရွိၿပီ။ အႏုပညာပိုင္းအရ ခက္ခဲမႈရွိေနတဲ့ ဇာတ္လမ္းအမ်ိဳးအစား ဆိုေတာ့ ကြၽန္ေတာ္တို႔ ေသခ်ာတဲ့အခါက်ရင္ေတာ့ ေျပာမွာပါ။ ေလာေလာဆယ္ေတာ့ ႐ိုက္ကူးဖို႔အတြက္က ေသခ်ာသေလာက္ေတာ့ျဖစ္ပါၿပီ။ ဒါေပမယ့္ ဇာတ္လမ္းတည္ေဆာက္မႈအပိုင္း ဇာတ္ၫႊန္းကိုလည္း ကြၽန္ေတာ္တို႔ ေသေသခ်ာခ်ာေဆြးေႏြးေနတုန္းပါ’’ဆိုၿပီးေတာ့ ၾသဂုတ္လ ၁၆ ရက္ေန႔ညက ‘’အထက္တန္းစား’’႐ုပ္ရွင္ကားႀကီး အထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။
ဒီဇာတ္ကားမွာေတာ့ အဆိုေတာ္ေတြလည္း ပါဝင္သ႐ုပ္ေဆာင္မွာ ျဖစ္တဲ့အတြက္ ဂီတကို အေျခခံၿပီး႐ိုက္ကူးသြားမယ့္ ဇာတ္ကားျဖစ္တယ္လို႔ ေနတိုးက ေျပာပါတယ္။ ဒီဇာတ္ကားကေတာ့ သူ႔အတြက္ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဇာတ္လမ္းတစ္ခုျဖစ္တယ္လို႔ ဆိုပါတယ္။
‘’ ဂီတကို အေျခခံၿပီး႐ိုက္တဲ့ဇာတ္လမ္းေပါ့ေနာ္။ ႐ိုက္ခ်င္တဲ့ဇာတ္လမ္းအမ်ိဳးအစားကလည္း ျမန္မာျပည္မွာ သိပ္ၿပီးေတာ့ ႐ိုက္ေလ့ ႐ိုက္ထမရွိတဲ့ ပုံစံမ်ိဳးျဖစ္ေနတဲ့အခါက်ေတာ့ ကြၽန္ေတာ့္လို ကာ႐ိုက္တာအသစ္အဆန္းကို စိတ္ဝင္စားတဲ့လူတစ္ေယာက္၊ ကာ႐ိုက္တာအသစ္အဆန္းကို ၾကည့္ခ်င္တဲ့ ကြၽန္ေတာ့္ရဲ႕ ပရိသတ္ေတြအတြက္ေတာ့ ၁၀၀ ရာခိုင္ႏႈန္း စိတ္ဝင္စားမႈရွိႏိုင္မယ့္ ဇာတ္လမ္း အမ်ိဳးအစားပါ။ ကား႐ိုက္ဖို႔အတြက္ကေတာ့ အကုန္လုံးေသခ်ာၿပီ။ ႐ိုက္မယ့္ရက္ကေတာ့ မသတ္မွတ္ရေသးဘူး။ ႐ိုက္မယ့္ရက္ကိုေတာ့ ညႇိႏႈိင္းေနတုန္းပါ’’လို႔ သူကဆိုပါတယ္။
ေနတိုးဟာ အခုခ်ိန္မွာေတာ့ ျမန္မာႏိုင္ငံက သ႐ုပ္ေဆာင္ မင္းသားေတြထဲမွာ ထိပ္တန္းစာရင္းဝင္ မင္းသားတစ္ေယာက္ဆိုလည္း မမွားပါဘူး။ သူဟာ သ႐ုပ္ေဆာင္ အသစ္ေတြနဲ႔အတူတူ ႐ုပ္ရွင္႐ိုက္ကူးရမယ့္ ခံစားခ်က္ကို အခုလို ေျပာျပလာပါတယ္။
‘’ ကြၽန္ေတာ္တို႔ အႏုပညာေလာကမွာ သ႐ုပ္ေဆာင္အသစ္ေတြ အမ်ားႀကီးေပၚထြန္းလာဖို႔အတြက္ လိုအပ္တယ္ေပါ့ေနာ္။ ကြၽန္ေတာ္တို႔ ဒီေလာကကို စဝင္တဲ့အခ်ိန္တုန္းကလည္း အႏုပညာရွင္ႀကီးေတြကပဲ လက္တြဲေခၚယူခဲ့တာေပါ့ေနာ္။ ဒါေၾကာင့္ ေနာက္ထပ္မ်ိဳးစက္သစ္ေတြကိုလည္း စီနီယာေတြကပဲ လက္တြဲေခၚယူရမွာေပါ့။ ဒီလို လက္တြဲေခၚယူတာကလည္း အႏုပညာမ်ိဳးေစ့ခ်ေပးတယ္ ဆိုတဲ့ သေဘာလို႔ ေျပာခ်င္ပါတယ္။ သ႐ုပ္ေဆာင္အေဟာင္းေတြ၊ အသစ္ေတြအတူတြဲၿပီး အျမင္ဆန္းေအာင္ တည္ေဆာက္ျပခ်င္တယ္ေပါ့ေနာ္’’ လို႔ ဆက္လက္ေျပာျပလာပါတယ္။
‘’အိပ္မက္ကာရံ’’႐ုပ္ရွင္ကားႀကီးကိုေတာ့ 7thSense Film Production က ထုတ္လုပ္မွာျဖစ္ပါတယ္။ ဒီဇာတ္ကားရဲ႕ ဇာတ္လမ္းကိုေတာ့ မိုးနီလြင္နဲ႔ နီနီခင္ေဇာ္တို႔က ေရးသားထားတာပါ။ ဇာတ္ကားအတြက္ ဇာတ္ၫႊန္းကိုေတာ့ မိုးနီလြင္ကပဲ ေရးသားမွာျဖစ္ၿပီး ဒါ႐ိုက္တာ ဝင္းလြင္ထက္က ႐ုပ္ရွင္ကားႀကီးအျဖစ္ ပုံေဖာ္႐ိုက္ကူးမွာျဖစ္ပါတယ္။ ေနတိုးဟာ မိုးညအိမ္မက္ျမဴ (၂၀၀၉)၊ နကၡတ္မွားတဲ့တိုက္ပြဲ (၂၀၁၅)၊ တာေတႀကီး (၂၀၁၇) စတဲ့ ႐ုပ္ရွင္ဇာတ္ကား(၃) ကားမွာ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆုေတြကို ရရွိထားပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ Cult Critic Movie Award ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္က ခ်ီးျမႇင့္တဲ့ The Best Actor ဆုကိုလည္း ရရွိပိုင္ဆိုင္ထားသူျဖစ္ပါတယ္။Credit-Cele Yatkwat
UNICODE
မြန်မာပြည်မှာရိုက်နေကြမဟုတ်တဲ့ ဇာတ်ကားပုံစံမျိုးရိုက်သွားမယ့် နေတိုး
နေတိုးဟာ အဆိုတော်လွှမ်းပိုင်၊ နီနီခင်ဇော်တို့နဲ့ အတူ မကြာခင်မှာ ရုပ်ရှင်ကားကြီးရိုက်ကူးတော့မယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားကိုတော့ သူ့ရဲ့ ပရိသတ်တွေ ၁၀၀ ရာခိုင်နှုန်း စိတ်ဝင်စားစေမယ့် ဇာတ်ကားဖြစ်တယ်လို့ ပြောလာပါတယ်။
သရုပ်ဆောင်နေတိုးက မကြာခင်မှာ ‘’အိပ်မက်ကာရံ’’ ဆိုတဲ့ ရုပ်ရှင်ကားကြီးကို လွှမ်းပိုင်၊ နီနီခင်ဇော်တို့နဲ့ အတူ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးဖို့အတွက် ရွေးချယ် လက်ခံဖြစ်တဲ့အကြောင်းကိုလည်း မီဒီယာတွေကနေတဆင့် အခုလို ပြောပြလာပါတယ်။
‘’ စီစဉ်နေတာကတော့ တစ်နှစ်ကျော်လောက်ရှိပြီ။ အနုပညာပိုင်းအရ ခက်ခဲမှုရှိနေတဲ့ ဇာတ်လမ်းအမျိုးအစား ဆိုတော့ ကျွန်တော်တို့ သေချာတဲ့အခါကျရင်တော့ ပြောမှာပါ။ လောလောဆယ်တော့ ရိုက်ကူးဖို့အတွက်က သေချာသလောက်တော့ဖြစ်ပါပြီ။ ဒါပေမယ့် ဇာတ်လမ်းတည်ဆောက်မှုအပိုင်း ဇာတ်ညွှန်းကိုလည်း ကျွန်တော်တို့ သေသေချာချာဆွေးနွေးနေတုန်းပါ’’ဆိုပြီးတော့ သြဂုတ်လ ၁၆ ရက်နေ့ညက ‘’အထက်တန်းစား’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
ဒီဇာတ်ကားမှာတော့ အဆိုတော်တွေလည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်တဲ့အတွက် ဂီတကို အခြေခံပြီးရိုက်ကူးသွားမယ့် ဇာတ်ကားဖြစ်တယ်လို့ နေတိုးက ပြောပါတယ်။ ဒီဇာတ်ကားကတော့ သူ့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
‘’ ဂီတကို အခြေခံပြီးရိုက်တဲ့ဇာတ်လမ်းပေါ့နော်။ ရိုက်ချင်တဲ့ဇာတ်လမ်းအမျိုးအစားကလည်း မြန်မာပြည်မှာ သိပ်ပြီးတော့ ရိုက်လေ့ ရိုက်ထမရှိတဲ့ ပုံစံမျိုးဖြစ်နေတဲ့အခါကျတော့ ကျွန်တော့်လို ကာရိုက်တာအသစ်အဆန်းကို စိတ်ဝင်စားတဲ့လူတစ်ယောက်၊ ကာရိုက်တာအသစ်အဆန်းကို ကြည့်ချင်တဲ့ ကျွန်တော့်ရဲ့ ပရိသတ်တွေအတွက်တော့ ၁၀၀ ရာခိုင်နှုန်း စိတ်ဝင်စားမှုရှိနိုင်မယ့် ဇာတ်လမ်း အမျိုးအစားပါ။ ကားရိုက်ဖို့အတွက်ကတော့ အကုန်လုံးသေချာပြီ။ ရိုက်မယ့်ရက်ကတော့ မသတ်မှတ်ရသေးဘူး။ ရိုက်မယ့်ရက်ကိုတော့ ညှိနှိုင်းနေတုန်းပါ’’လို့ သူကဆိုပါတယ်။
နေတိုးဟာ အခုချိန်မှာတော့ မြန်မာနိုင်ငံက သရုပ်ဆောင် မင်းသားတွေထဲမှာ ထိပ်တန်းစာရင်းဝင် မင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။ သူဟာ သရုပ်ဆောင် အသစ်တွေနဲ့အတူတူ ရုပ်ရှင်ရိုက်ကူးရမယ့် ခံစားချက်ကို အခုလို ပြောပြလာပါတယ်။
‘’ ကျွန်တော်တို့ အနုပညာလောကမှာ သရုပ်ဆောင်အသစ်တွေ အများကြီးပေါ်ထွန်းလာဖို့အတွက် လိုအပ်တယ်ပေါ့နော်။ ကျွန်တော်တို့ ဒီလောကကို စဝင်တဲ့အချိန်တုန်းကလည်း အနုပညာရှင်ကြီးတွေကပဲ လက်တွဲခေါ်ယူခဲ့တာပေါ့နော်။ ဒါကြောင့် နောက်ထပ်မျိုးစက်သစ်တွေကိုလည်း စီနီယာတွေကပဲ လက်တွဲခေါ်ယူရမှာပေါ့။ ဒီလို လက်တွဲခေါ်ယူတာကလည်း အနုပညာမျိုးစေ့ချပေးတယ် ဆိုတဲ့ သဘောလို့ ပြောချင်ပါတယ်။ သရုပ်ဆောင်အဟောင်းတွေ၊ အသစ်တွေအတူတွဲပြီး အမြင်ဆန်းအောင် တည်ဆောက်ပြချင်တယ်ပေါ့နော်’’ လို့ ဆက်လက်ပြောပြလာပါတယ်။
‘’အိပ်မက်ကာရံ’’ရုပ်ရှင်ကားကြီးကိုတော့ 7thSense Film Production က ထုတ်လုပ်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကိုတော့ မိုးနီလွင်နဲ့ နီနီခင်ဇော်တို့က ရေးသားထားတာပါ။ ဇာတ်ကားအတွက် ဇာတ်ညွှန်းကိုတော့ မိုးနီလွင်ကပဲ ရေးသားမှာဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်က ရုပ်ရှင်ကားကြီးအဖြစ် ပုံဖော်ရိုက်ကူးမှာဖြစ်ပါတယ်။ နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။Credit-Cele Yatkwat