UNICODE
နေပြည်တော်ရှိ သံဃာတော်အပါး(၃၀၀၀) ဆွမ်းလောင်းလှူပွဲကြီးကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ သင်ဇာဝင့်ကျော်
Sexy ကျကျခေတ်ရှေ့ပြေးဖက်ရှင်များသာမက မြန်မာဆန်ဆန်းဝတ်စုံလေးတွေနဲ့လည်း အမြဲတမ်းလိုက်ဖက်မှုရှိတာကြောင့် ပုရိသတွေရဲ့အားပေးမှုများစွာကို ရရှိထားသူကတော့ ပြည်သူချစ်မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ ဝေဖန်မှုမျိုးစုံနဲ့ရင်ဆိုင်နေရသော်လည်း ကြံ့ကြံ့ခိုင်ကာ ဝါသနာပါတဲ့အနုပညာအလုပ်တွေကို ရဲရဲဝံ့ဝံ့လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမလုပ်သမျှအနုပညယအလုပ်တွေကို အားပေးနေတာလည်း ဖြစ်ပါတယ်။
သင်ဇာဟာ ဘာသာရေးလည်း ကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီး တစ်ခါတစ်ရံ အားလပ်ချိန်များတွင် တရားစခန်းဝင်လေ့ရှိသူတစ်ယောက်ပါ။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ မော်လမြိုင်ရေဘေးသင့်ဒေသကပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အနုပညာရှင်များနဲ့အတူ အလှူငွေများလည်း အတူတကွ ကောက်ခံဖို့ရှိတာလည်း ဖြစ်ပါတယ်။ ဒီလိုဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့်လည်း အားလုံးကချစ်ခင်နေရတာလည်း ဖြစ်ပါတယ်။
အခုတစ်ခေါက်မှာလည်း နေပြည်တော်ရှိ သံဃာအပါး(၃၀၀၀) အား ဆွမ်းလောင်းလှူပွဲကြီးကို သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှထားတာလည်း ဖြစ်ပါတယ်။ သင်ဇာဟာ ဒီပွဲကြီးကို အဖြူရောင်ဝမ်းဆက်လေးနဲ့ လှပကျော့ရှင်းစွာတက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် သင်ဇာရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။Photo – Thinzar Wint Kyaw,Credit-original