ကင်ဆာရောဂါတွေပါ ကာကွယ် ပေးနိုင်သော “ရောဂါစုံကုသနိုင်တဲ့ နနွင်း”
Unicode
နနွင်းကို ရိုးရာဆေးဝါးအဖြစ် နှစ်ပေါင်းများစွာကတည်းကပင် အသုံးပြုခဲ့ကြပြီး အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာ မင်အီး၊ ဗီတာမင်ကေ၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်စီယမ်၊ ကော့ပါး၊ သံဓာတ်၊ မဂ္ဂနီဆီယမ် နဲ့ ဇင့်ဓာတ်တို့ပါဝင်တာကြောင့် ကျန်းမာရေးပြဿနာမျိုးစုံကုသ ရာမှာ အသုံးပြုလေ့ရှိပါတယ်။
နနွင်းဟာ ကင်ဆာရောဂါ တွေမဖြစ်ပွားအောင် ကာကွယ် ပေးနိုင်ပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။ သုတေသနပြုချက် အတော်များ များရဲ့ အဆိုအရ နနွင်းဟာ သွေး ကင်ဆာ၊ အူကင်ဆာနဲ့ ရင်သား ကင်ဆာတွေကို ကာကွယ်နိုင်စွမ်း ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် အဆစ်အမြစ်နာတာ၊ ရောင်တာ တွေလျော့ပါးသက်သာစေနိုင် သလို သွေးတွင်းသကြားဓာတ် ပမာဏကိုထိန်းပေးနိုင်တာ ကြောင့် ဆီးချိုရောဂါကုသဖို့ အတွက်လည်း အသုံးပြုနိုင်ပါ တယ်။
ကိုလက်စထရောပမာဏ များနေရင်လည်း နနွင်းကိုချက် ပြုတ်တဲ့အစားအသောက်ထဲ ထည့်ချက်ပြီး စားသုံးပေးရင် ကိုလက်စထရောလျော့ကျနိုင်ပါ တယ်။ နနွင်းမှာပါတဲ့ ဓာတ် တစ်မျိုးဟာ ကိုယ်ခံအား ကောင်း အောင်မြှင့်တင်ပေးနိုင်ပြီး အအေးမိ၊ ချောင်းဆိုး၊ တုပ် ကွေး ဖြစ်တာတွေကို ကာကွယ်ပေး တယ်လို့ဆိုပါတယ်။ အအေးမိ၊ ချောင်းဆိုး၊ တုပ်ကွေးဖြစ်ပြီဆိုရင် လည်း နနွင်းမှုန့်လက်ဖက်ရည် ဇွန်းတစ်ဇွန်းနဲ့ နွားနို့နွေးနွေး သောက်ပေးရင်သက်သာပျောက် ကင်းပါတယ်။
ထိခိုက်ဒဏ်ရာဖြစ်လို့ အရေ ပြားပွန်းပဲ့ပေါက်ပြဲခဲ့ရင် သဘာဝပိုးသတ်ဆေး၊ အနာကျက်ဆေး ဖြစ်တဲ့နနွင်းမှုန့်သိပ်ပေးရင် သက်သာနိုင်သလို အပူလောင်နာဖြစ် ရင်လည်း နနွင်းမှုန့်အုပ်ပေးထား ရင် ပျောက်ကင်းတယ်လို့ဆိုပါ တယ်။ အရေပြားပျက်စီးနေတာ တွေနဲ့ အသားအရောင်မမှန်တာ တွေအတွက် နနွင်းက ဆေးကောင်းဝါးကောင်းတစ်ခုပါပဲ။
ကိုယ်အလေးချိန်နဲ့ပတ် သက်ပြီးတော့လည်း နနွင်းက အကောင်းဆုံးကူညီပေးနိုင်ပြီး အဝလွန်သူတွေနဲ့ ကိုယ်အလေး ချိန်များနေသူတွေ အစာစားပြီး တိုင်း နနွင်းမှုန့်စားပွဲတင်ဇွန်းတစ် ဇွန်းသောက်ပေးနိုင်ပါတယ်။ ဒါ့ အပြင် အသက်အရွယ်အပြောင်း အလဲမှာဖြစ်တဲ့ မှတ်ဉာဏ်ချို့ ယွင်းမှုအယ်လ်ဇိုင်းမားရောဂါ အတွက်လည်း နနွင်းကကာကွယ် ပေးနိုင်ပါသေးတယ်။
ပြီးတော့ အစာမကျေဖြစ် တာတွေနဲ့ အစာအိမ်ရောဂါ၊ ဆီး အိမ်၊ ဆီးလမ်းကြောင်းရောဂါ တွေနဲ့ အသည်းရောဂါတွေမဖြစ် ပွားစေဖို့အတွက် ဆေးဖက်ဝင် နနွင်းက ကူညီပေးနိုင်တဲ့ အကြောင်း ဖော်ပြလိုက်ပါတယ်Credit-original