Latest Posts

“ျခင္ကိုက္ခံရၿပီး ေလယာဥ္မယ္တစ္ဦး သုံးရက္အၾကာမွာ ကြယ္လြန္ခဲ့”


ျခင္ေတြဟာ လူေတြအတြက္ေတာ့ ဘာတစ္ခုမွ ေကာင္းက်ိဳးမေပးတဲ့ အင္းဆက္ပိုးမႊားေတြျဖစ္တာေၾကာင့္ ဘယ္သူကမွလည္း မႏွစ္ၿမိဳပါဘူး။

ျခင္ကိုက္ခံရတဲ့အခါ အဖုအပိန႔္ေတြထကာ ယားယံတဲ့ ခံစားမွုကို ျဖစ္ေစတဲ့အျပင္ အသက္အႏၲရာယ္ကိုပါ ၿခိမ္းေျခာက္ေနတဲ့ ေရာဂါေတြပါ ကူးစက္ခံရတတ္ပါတယ္။

ထိုင္းနိုင္ငံက အသက္ ၂၅ ႏွစ္အရြယ္ ေလယာဥ္မယ္ “Apitchaya Jareondee” ဟာ ျခင္ကိုက္ခံခဲ့ရၿပီးေနာက္ အျပင္းဖ်ားနာခဲ့ၿပီး ၃ ရက္အၾကာ ေဆး႐ုံေပၚမွာ ေသဆုံးသြားခဲ့ပါတယ္


သူမနဲ႔အတူ မိသားစုဝင္အခ်ိဳ႕ပါ ေခါင္းကိုက္ျခင္း၊ ကိုယ္ပူခ်ိန္တက္ျခင္း စတဲ့ ေဝဒနာေတြခံစားရၿပီး အျပင္းဖ်ားခဲ့ၾကပါတယ္။ သူတို႔အားလုံးကို ခ်င္းမိုင္မွာရွိတဲ့ Lanna ေဆး႐ုံကိုတင္ပို႔ၿပီး ကုသခဲ့ၾကပါတယ္။

ေလယာဥ္မယ္ျဖစ္သူကေတာ့ ကံမေကာင္းအေၾကာင္းမလွစြာနဲ႔ အေျခအေနပိုဆိုးလာကာ ျခင္ကိုက္ခံရရာမွ ေရာဂါပိုးဝင္ခဲ့ၿပီး ခႏၶာကိုယ္တြင္းေသြးယိုျခင္း အတြင္းကလီစာမ်ား ပ်က္ဆီးခ်ိဳ႕ယြင္းမွုေတြေၾကာင့္ ၾသဂုတ္လ ၅ ရက္ေန႔က ကြယ္လြန္သြားခဲ့ပါတယ္

Apitchaya Jareondee ဟာ ထိုင္းေလေၾကာင္းလိုင္းျဖစ္တဲ့ Lion Air မွ ေလယာဥ္မယ္တစ္ဦးျဖစ္ၿပီး ျခင္ကိုက္ခံရၿပီး ၃ ရက္ေျမာက္တဲ့ေန႔မွာပဲ ႐ုတ္တရက္ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။



ဒါေၾကာင့္မို႔ အခုလိုရာသီမွာ ျခင္ကိုက္မခံရေအာင္ လုံလုံျခဳံျခဳံဝတ္စားေနထိုင္ၾကဖို႔ ထပ္ေလာင္း သတိေပးလိုက္ပါရေစ..။ ျခင္ကိုက္ခံရတာေၾကာင့္ အခုလိုမ်ိဳး အသက္ေသဆုံးတဲ့ထိ ျဖစ္နိုင္တာကိုေတာင္ လၽွစ္လ်ဴရွုၿပီး ……

တိရိစၧာန္အခြင့္အေရး တန္းတူညီမၽွရေရး လွုပ္ရွားသူအခ်ိဳ႕က ျခင္ကိုက္တဲ့အခါ မရိုက္ပဲ ရက္ရက္ေရာေရာ ေသြးလွူတယ္လို႔ သေဘာထားဖို႔ ႏွိုးေဆာ္တာေတြ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက သတင္းမွာ ပါလာခဲ့ပါေသးတယ္။Credit -original
————————–

Unicode

ခြင်တွေဟာ လူတွေအတွက်တော့ ဘာတစ်ခုမှ ကောင်းကျိုးမပေးတဲ့ အင်းဆက်ပိုးမွှားတွေဖြစ်တာကြောင့် ဘယ်သူကမှလည်း မနှစ်မြိုပါဘူး။

ခြင်ကိုက်ခံရတဲ့အခါ အဖုအပိန့်တွေထကာ ယားယံတဲ့ ခံစားမှုကို ဖြစ်စေတဲ့အပြင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေတဲ့ ရောဂါတွေပါ ကူးစက်ခံရတတ်ပါတယ်။

ထိုင်းနိုင်ငံက အသက် ၂၅ နှစ်အရွယ် လေယာဉ်မယ် “Apitchaya Jareondee” ဟာ ခြင်ကိုက်ခံခဲ့ရပြီးနောက် အပြင်းဖျားနာခဲ့ပြီး ၃ ရက်အကြာ ဆေးရုံပေါ်မှာ သေဆုံးသွားခဲ့ပါတယ်

သူမနဲ့အတူ မိသားစုဝင်အချို့ပါ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူချိန်တက်ခြင်း စတဲ့ ဝေဒနာတွေခံစားရပြီး အပြင်းဖျားခဲ့ကြပါတယ်။ သူတို့အားလုံးကို ချင်းမိုင်မှာရှိတဲ့ Lanna ဆေးရုံကိုတင်ပို့ပြီး ကုသခဲ့ကြပါတယ်။

လေယာဉ်မယ်ဖြစ်သူကတော့ ကံမကောင်းအကြောင်းမလှစွာနဲ့ အခြေအနေပိုဆိုးလာကာ ခြင်ကိုက်ခံရရာမှ ရောဂါပိုးဝင်ခဲ့ပြီး ခန္ဓာကိုယ်တွင်းသွေးယိုခြင်း အတွင်းကလီစာများ ပျက်ဆီးချို့ယွင်းမှုတွေကြောင့် သြဂုတ်လ ၅ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်

Apitchaya Jareondee ဟာ ထိုင်းလေကြောင်းလိုင်းဖြစ်တဲ့ Lion Air မှ လေယာဉ်မယ်တစ်ဦးဖြစ်ပြီး ခြင်ကိုက်ခံရပြီး ၃ ရက်မြောက်တဲ့နေ့မှာပဲ ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်မို့ အခုလိုရာသီမှာ ခြင်ကိုက်မခံရအောင် လုံလုံခြုံခြုံဝတ်စားနေထိုင်ကြဖို့ ထပ်လောင်း သတိပေးလိုက်ပါရစေ..။ ခြင်ကိုက်ခံရတာကြောင့် အခုလိုမျိုး အသက်သေဆုံးတဲ့ထိ ဖြစ်နိုင်တာကိုတောင် လျှစ်လျူရှုပြီး ……

တိရိစ္ဆာန်အခွင့်အရေး တန်းတူညီမျှရရေး လှုပ်ရှားသူအချို့က ခြင်ကိုက်တဲ့အခါ မရိုက်ပဲ ရက်ရက်ရောရော သွေးလှူတယ်လို့ သဘောထားဖို့ နှိုးဆော်တာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သတင်းမှာ ပါလာခဲ့ပါသေးတယ်။ Credit -original

————————–