Latest Posts

ကျောင်းသားကဒ်ထဲထည့်မယ့်ပုံကိုမှ ကျပ်မပြည့်သလို ရယ်ခဲ့မိတဲ့ အကြောင်းပြောလာတဲ့ ပိုင်ဖြိုးသု


သရုပ်ဆောင်ပိုင်းမှာ အသက်ဝင် ပီပြင်လွန်းလို့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ရရှိထားတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အကယ်ဒမီဆုကြီးကိုတောင် ရယူပိုင်ဆိုင်ထားနိုင်သူတစ်ဦးပါ။ လတ်တလောမှာတော့ ပိုင်ဖြိုးသုက “New York Film Academy” မှာ ကျောင်းတက်ဖို့အတွက် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။


လတ်တလောမှာတော့ ပိုင်ဖြိုးသုက ကျောင်းတက်ဖို့အတွက် လိုအပ်တဲ့ ကျောင်းသားကဒ်လေးမှာ သူမရဲ့ဓာတ်ပုံက မလှမပလေး ဖြစ်နေတာမို့ ရယ်နေရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သုသုလေးက ဘယ်လိုရယ်နေနေ လှပြီးသားပဲလို့ ပရိသတ်တွေကတောင် ပြန်စနေကြပါသေးတယ်။

ချစ်ပရိသတ်တွေအတွက် နယူးယောခ့်မှာ ကျောင်းစတက်နေပြီဖြစ်တဲ့ ပိုင်ဖြိုးသုရဲ့ အလွဲလေးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်နော်။


ပိုင်ဖြိုးသုကတော့”ဘယ့်နှယ့်ကျောင်းသားကဒ်အတွက်ရိုက်တဲ့ဓါတ်ပုံမှာ ကျပ်မပြည့်တဲ့ရုပ်နဲ့ရယ်နေရတာလဲဒေါ်သုရယ် 🤣” ဆိုပြီး သူ ကျောင်းသားကဒ်မှာ ပုံလှလှလေး ထွက်မလာတဲ့အကြောင်းကို ရယ်နေတဲ့ အီမိုဂျီလေးနဲ့အတူ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

သုသုတစ်ယောက် ရယ်နေတာလေးက အသက်နော်😁

ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကတော့ ဝါသနာပါရာအလုပ်တွေကို အကောင်းဆုံးကြိုးစားပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူ လျှောက်လှမ်းနေကြတာပဲ ဖြစ်ပါတယ်။
ချစ်ပရိသတ်တွေလည်း အနုပညာအတွက် ချစ်ရသူတွေနဲ့ ခဏတဖြုတ် ခွဲခွာနေရတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုတစ်ယောက် ပညာတွေအများကြီးဆည်းပူးပြီး ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။Myint MyatSource;Paing Phyoe Thu’s Facebook\Credit -original