“အသက္(၃၄)ႏွစ္မွာ ဧရာမအိမ္ႀကီး(၃)လုံး ပုိင္ဆုိင္ေနတဲ့အမ်ိဳးသမီးရဲ႕မွန္ကန္တဲ႔ ေငြစုနည္း”
ဝင္ေငြရဲ႕ ဘယ္ႏွစ္ရာခုိင္ႏႈန္းကုိစုရင္ ဘာျဖစ္မယ္၊ ညာျဖစ္မယ္ဆုိတဲ့ ဘဝဒႆနေတြက တကယ္လုိက္နာက်င့္သုံးသူေတြအတြက္ေတာ့ အ႐ႈံး မရွိပါဘူး။
ဝင္ေငြထက္ ထြက္ေငြက ပုိမ်ားေနရင္၊ သင္ဘယ္ေတာ့မွ ခ်မ္းသာႏုိင္မွာ မဟုတ္သလုိ၊ ေျပလည္တဲ့ အသုိင္းအဝုိင္းမ်ိဳး မဟုတ္ဘူးဆုိရင္လည္း ေငြကို ထိေရာက္စြာ စုေဆာင္းႏုိင္မွာ မဟုတ္ပါဘူး။
တစ္ခ်ိဳ႕က လစာဝင္ေငြေလးေတြ ေကာင္းၾကေပမယ့္ ထိေရာက္တဲ့ေငြစုနည္းကုိ မစဥ္းစားၾကဘဲ၊ ေသသြားရင္ ဘာမွ မစားရဘူး၊ မဝတ္ရဘူးဆုိၿပီး ေငြကုိ လက္လြတ္စပယ္ သုံးပစ္တတ္ပါတယ္။
ဒါေၾကာင့္လည္း သူတုိ႔ဟာ ဒုံးရင္းကမတက္ရတာပါ။ အခု ဒီအမ်ိဳးသမီးကေတာ့ အသက္(၃၄)မွာ တုိက္ႀကီး(၃)လုံး ပုိင္ဆုိင္ၿပီးေနပါၿပီ။
သူမအမည္ကိုေတာ့ 咲 လုိ႔သာ ေဖာ္ျပထားပါတယ္။ အဂၤလိပ္လုိဆုိရင္ေတာ့ Saki လုိ႔ အဓိပၸါယ္ရမယ့္ နာမည္မ်ိဳးပါ။ သူမဟာ အသက္(၁၈)ႏွစ္ကတည္းကစၿပီး တစ္ရက္ကို ဂ်ပန္ယန္း (၁၅၃)ထက္ ပိုမသုံးပါဘူးတဲ့။ (၂၀၀၃)ခုႏွစ္ေလာက္ကတည္း တစ္ရက္ကို ျမန္မာေငြ (၂၀၀၀)ဝန္းက်င္ေလာက္သာ သုံးခဲ့တာပါ။
သူမဟာ အသက္(၃၄)ႏွစ္အရြယ္မွာ ဧရာမအိမ္ႀကီး(၃)လုံးကုိ ပိုင္ဆုိင္ေနပါၿပီ။ သူမဟာ အစားအေသာက္၊ အဝတ္အထည္ဘက္မွာလည္း လုံးဝမဝယ္သေလာက္ ရွိခဲ့ၿပီး၊ ေငြကုန္ေၾကးက်မ်ားမယ့္အလုပ္ဆုိ ဘာမွ မလုပ္ပါဘူးတဲ့။ အရမ္းႀကီး ကပ္ေစးနည္းတယ္လုိ႔ ထင္ရေပမယ့္၊ သူမရဲ႕ ေခၽြတာမႈက အခု အက်ိဳးျပဳေနပါတယ္။
Saki ဟာ အသက္(၂၇)မွာ ယန္း(၁၀)သန္းတန္အိမ္တစ္လုံး၊ အသက္(၂၉)မွာ ယန္း(၁၈)သန္းတန္ အိမ္၊ အသက္(၃၄)မွာ ယန္း (၂၇)သန္းတန္ အိမ္ေတြ ဝယ္ႏုိင္ခဲ့ပါတယ္။ သူမဟာ တစ္ရက္ကို သူမကုိယ္တုိင္ ခ်က္ျပဳတ္ႏုိင္တဲ့ ဟင္းသီးဟင္းရြက္ေတြနဲ႔ ေပါင္မုန္႔အခ်ိဳ႕သာ ဝယ္ပါတယ္။ ဒါက သူမရဲ႕နိစၥဒူဝအစားအစာပါ။
အခုေတာ့ သူမပိုင္ဆုိင္တဲ့ အခန္းေတြကို အငွားထားၿပီး၊ တစ္ခုကုိေတာ့ ေၾကာင္ကေဖးဖြင့္ကာ အိမ္ယာမဲ့ေၾကာင္ေတြကို ေစာင့္ေရွာက္ေနပါတယ္။ အိမ္ခန္းေတြ ငွားတာက တစ္လကုိ ယန္း(၃၀၀၀၀) ရေနပါတယ္။ သူမရဲ႕ ေငြစုနည္းစနစ္ဟာ သူမတစ္သက္စာေတာ့ ဖူလုံေစမွာပါ။
Credit – original
source : WorldOfBuzz
Unicode
ဝင်ငွေရဲ့ ဘယ်နှစ်ရာခိုင်နှုန်းကိုစုရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတဲ့ ဘဝဒဿနတွေက တကယ်လိုက်နာကျင့်သုံးသူတွေအတွက်တော့ အရှုံး မရှိပါဘူး။
ဝင်ငွေထက် ထွက်ငွေက ပိုများနေရင်၊ သင်ဘယ်တော့မှ ချမ်းသာနိုင်မှာ မဟုတ်သလို၊ ပြေလည်တဲ့ အသိုင်းအဝိုင်းမျိုး မဟုတ်ဘူးဆိုရင်လည်း ငွေကို ထိရောက်စွာ စုဆောင်းနိုင်မှာ မဟုတ်ပါဘူး။
တစ်ချို့က လစာဝင်ငွေလေးတွေ ကောင်းကြပေမယ့် ထိရောက်တဲ့ငွေစုနည်းကို မစဉ်းစားကြဘဲ၊ သေသွားရင် ဘာမှ မစားရဘူး၊ မဝတ်ရဘူးဆိုပြီး ငွေကို လက်လွတ်စပယ် သုံးပစ်တတ်ပါတယ်။
ဒါကြောင့်လည်း သူတို့ဟာ ဒုံးရင်းကမတက်ရတာပါ။ အခု ဒီအမျိုးသမီးကတော့ အသက်(၃၄)မှာ တိုက်ကြီး(၃)လုံး ပိုင်ဆိုင်ပြီးနေပါပြီ။
သူမအမည်ကိုတော့ 咲 လို့သာ ဖော်ပြထားပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Saki လို့ အဓိပ္ပါယ်ရမယ့် နာမည်မျိုးပါ။ သူမဟာ အသက်(၁၈)နှစ်ကတည်းကစပြီး တစ်ရက်ကို ဂျပန်ယန်း (၁၅၃)ထက် ပိုမသုံးပါဘူးတဲ့။ (၂၀၀၃)ခုနှစ်လောက်ကတည်း တစ်ရက်ကို မြန်မာငွေ (၂၀၀၀)ဝန်းကျင်လောက်သာ သုံးခဲ့တာပါ။
သူမဟာ အသက်(၃၄)နှစ်အရွယ်မှာ ဧရာမအိမ်ကြီး(၃)လုံးကို ပိုင်ဆိုင်နေပါပြီ။ သူမဟာ အစားအသောက်၊ အဝတ်အထည်ဘက်မှာလည်း လုံးဝမဝယ်သလောက် ရှိခဲ့ပြီး၊ ငွေကုန်ကြေးကျများမယ့်အလုပ်ဆို ဘာမှ မလုပ်ပါဘူးတဲ့။ အရမ်းကြီး ကပ်စေးနည်းတယ်လို့ ထင်ရပေမယ့်၊ သူမရဲ့ ချွေတာမှုက အခု အကျိုးပြုနေပါတယ်။
Saki ဟာ အသက်(၂၇)မှာ ယန်း(၁၀)သန်းတန်အိမ်တစ်လုံး၊ အသက်(၂၉)မှာ ယန်း(၁၈)သန်းတန် အိမ်၊ အသက်(၃၄)မှာ ယန်း (၂၇)သန်းတန် အိမ်တွေ ဝယ်နိုင်ခဲ့ပါတယ်။ သူမဟာ တစ်ရက်ကို သူမကိုယ်တိုင် ချက်ပြုတ်နိုင်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ပေါင်မုန့်အချို့သာ ဝယ်ပါတယ်။ ဒါက သူမရဲ့နိစ္စဒူဝအစားအစာပါ။
အခုတော့ သူမပိုင်ဆိုင်တဲ့ အခန်းတွေကို အငှားထားပြီး၊ တစ်ခုကိုတော့ ကြောင်ကဖေးဖွင့်ကာ အိမ်ယာမဲ့ကြောင်တွေကို စောင့်ရှောက်နေပါတယ်။ အိမ်ခန်းတွေ ငှားတာက တစ်လကို ယန်း(၃၀၀၀၀) ရနေပါတယ်။ သူမရဲ့ ငွေစုနည်းစနစ်ဟာ သူမတစ်သက်စာတော့ ဖူလုံစေမှာပါ။
Credit – original