Latest Posts

မင်္ဂလာသက်တမ်း(၉)လပြည့်နေ့လေးကို နှစ်ယောက်တည်း ရိုမန့့်တစ်ဆန်ဆန်ကျင်းပခဲ့တဲ့ ရွှေနှစ်ရွှေ


ပရိသတ်အချစ်တော် အနုပညာရှင် နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက ချစ်စရာကောင်းပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီက အောင်မြင်တောက်ပနေတဲ့ အနုပညာလမ်းမပေါ် ကိုယ်စီလျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။ အခုလက်ရှိမှာလဲ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလုပ်ငန်းတွေကို ကိုယ်စီလုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ (၁၁) ရက်နေ့လေးကတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၉) လပြည့်တဲ့ နေ့လေးပဲ ဖြစ်ပါတယ်။

မင်္ဂလာသက်တမ်း (၉)လပြည့်တဲ့နေ့မှာ ရွှေထူးနဲ့ ရွှေမှုံရတီတို့က ကိတ်လေးခွဲပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လက်ဆောင်တွေပေးကာ ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံက ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁၁) ရက်နေ့က ရန်ကုန်မြို့က အင်းယျားလိတ်ခ်ဟော်တယ်မှာ လက်ထပ်ပွဲလေး ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။


ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ အိမ်ထောင်သက်တမ်းကြာလာတာနဲ့အမျှ အချစ်တွေ တိုးလာကြပြီး ရင့်ကျက်လာတာကို တွေ့ရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံလည်း မင်္ဂလာသက်တမ်း(၉)လပြည့်က စပြီး နောက်နှစ်ပေါင်းများစွာတိုင် သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။

Credit-original