ချစ်ရတဲ့ မန္တလေးမြို့ကြီးကို ရောက်နေတဲ့ ဧငြိမ်းဖြူရဲ့အလှပုံရိပ်တွေ
ဧငြိမ်းဖြူလို့ဆိုလိုက်တာနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ ဘိုဆန်ဆန်ကောင်မလေးတစ်ယောက်လို့ ပရိသတ်တွေက ပြေးမြင်မိကြမှာပါ။
သူမကိုတော့ အသံဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်း ပရိသတ်တွေသတိထားမိခဲ့ကြတာဖြစ်ပြီး သဘာဝကျလွန်းတဲ့ သူမရဲ့ သရုပ်ဆောင်မှုတွေကြောင့် အားပေးသူတွေက တစ်နေ့တစ်ခြား ပိုပိုတိုးလာတာပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဧငြိမ်းဖြူက မန္တလေးမှာ လျှောက်လည်နေတဲ့ သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မြန်မာဆန်လွန်းတဲ့ ဧငြိမ်းဖြူလေးရဲ့ပုံရိပ်တွေကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတာပါနော်။
ချစ်ပရိသတ်တွေအတွက် မြင်ရသူတွေကို ရင်အေးစေမယ့် မြန်မာဆန်လွန်းတဲ့ ဧငြိမ်းဖြူရဲ့အလှပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဧငြိမ်းဖြူကတော့” မင်္ဂလာပါ ချစ်တဲ့မန္တလေးကြီးရေ 🧡🌼🌤” ဆိုပြီး သူမရဲ့ အလှပုံရိပ်လေးကို လူမှုကွန်ယက်မှာ တင်ထားတာပါ။
လှရက်လိုက်တာ A ရယ်…
ဧငြိမ်းဖြူကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။
ချစ်ရတဲ့သူနဲ့အတူ သာယာပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ မိသားစုနဲ့အတူ အနုပညာအလုပ်တွေလုပ်ပြီး ဘဝကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်ဖို့ကောင်းတဲ့ ဧငြိမ်းဖြူလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။Credit-original