Latest Posts

ပညာရှင်တွေ သုံးသပ်ပြထားတဲ့ တိုင်တန်းနစ်နစ်မြှုပ်ရခြင်းရဲ့ အဓိကတရားခံ


လူတွေ သိထားကြတာက တိုင်တန်းနစ်သင်္ဘောကြီး နစ်မြှုပ်ရခြင်းရဲ့အဓိကအကြောင်းရင်းဟာ ရေခဲကျောက်ဆောင်ကြီးကြောင့် ဖြစ်တယ်ဆိုတာပါ။ စာအုပ်တွေ၊ ဇာတ်ကားတွေထဲမှာလည်း ဒီအတိုင်းပဲ လက်ခံထားကြပါတယ်။ ဒါပေမယ့် လတ်တလော တွေ့ရှိချက်တွေအရ တိုင်တန်းနစ်ဟာ အများသိထားသလို ရေခဲကျောက်ဆောင်ကြောင့် မြှုပ်တာမဟုတ်ပဲ မီးလောင်ပေါက်ကွဲမှုဖြစ်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
Vaghinak Byurat ဆိုသူ အမျိုးသားကတော့ တိုင်တန်းနစ်သင်္ဘောနစ်မြှုပ်မှုထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ သင်္ဘောကြီးနစ်မြှုပ်သွားတာကို မျက်စိရှေ့တင် တပ်အပ်မြင်လိုက်ရတဲ့ သူ့ကို အင်တာဗျူးကြည့်တဲ့အခါမှာတော့ Vaghinak Byurat ဟာ ရေခဲဆောင်နဲ့ ပတ်သက်လို့ တစ်ခုမှ မပြောခဲ့ပါဘူး။ သူပြောခဲ့တာက မီးလောင်မှုကြောင့် ပေါက်ကွဲမှုကြီးဖြစ်ပြီး သင်္ဘောကြီးဟာ နစ်မြှုပ်သွားခဲ့ရပါတယ်လို့သာ အဖြေပေးခဲ့ပါတယ်။ သူတင် မကပါဘူး။ သင်္ဘောကြီးနစ်မြှုပ်မှုထဲ အလားတူ အသက်ရှင်ကျန်ခဲ့သူတွေကလည်း ဒီလိုပဲ အဖြေပေးသွားခဲ့ပါတယ်။


တိုက်တန်းနစ်နဲ့ ပတ်သက်ပြီး သုတေသနပြုသူတွေကတော့ တကယ်လို့ သင်္ဘောသာ မီးမလောင်ဘူးဆိုရင် ခရီးသည်တွေအားလုံးဟာ အသက်ရှင်ခွင့်ရမှာ ဖြစ်တဲ့အကြောင်း ဆိုခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက တိုင်တန်းနစ် အင်ဂျင်နီယာတွေဟာ လျှပ်စစ်စီးကြောင်းတွေရဲ့ ဓာတုဖြိုခွဲမှုအကြောင်းကို နားမလည်ကြသေးပါဘူး။ ဒါကြောင့် ပင်လယ်ရေကနေ အားပြင်းပြီး ပေါက်ကွဲတတ်တဲ့ ဟိုက်ဒရိုဂျင်ဂက်စ်တွေ ဓာတ်ပြုထွက်တတ်တယ်ဆိုတာကို မသိခဲ့ကြပါဘူး။


တကယ်လို့သာ သင်္ဘောက မီးတွေကို အကုန်ပိတ်ပြီး ရေပေါ်မှာပဲ အလိုက်သင့်လေး မျှောနေမယ်ဆိုရင် သင်္ဘောပေါ်ပါတဲ့ ဧည့်သည်တွေဟာ အကုန်အသက်ရှင်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လျှပ်စစ်မီးတွေ မပိတ်ပဲဖွင့်ပြီး ဆက်မောင်းသွားတာဟာ သင်္ဘောပေါက်ကွဲမှုကြီးကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းလို့ ဆိုကြပါတယ်။


အထက်ဖော်ပြပါ အချက်တွေကိုတော့ Titanic, The Hidden Evidence စာအုပ်ကို ရေးသားပြုစုခဲ့သူ John Wickman က စာအုပ်ထဲမှာ သုံးသပ်ပြသွားခဲ့တာပဲ ဖြစ်ပါတယ်။ John Wickman က သင်္ဘောဟာ ညဘက်သန်းခေါင် (၁း၁၀) နဲ့ (၁း၂၀) ကြားမှာ ပထမဆုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သုံးသပ်ထားပါတယ်။ အဓိက မီးစလောင်ခဲ့တဲ့ နေရာကတော့ သင်္ဘောဘွိုင်လာအိုးထားရာ အခန်းတွေဆီက ဖြစ်ပါတယ်။ နောက်တစ်ကြိမ် ပေါက်ကွဲတဲ့အခါမှာတော့ သင်္ဘောကြီးကို နှစ်ပိုင်းကွဲသွားစေတဲ့အထိ ပေါက်ကွဲမှုပြင်းထန်ခဲ့ပြီး အသက်ပေါင်းများစွာ စတေးခဲ့ရတာဖြစ်တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။