အသည်းကွဲပြီး ဘဝကို အရူံးပေးချင်သူတွေ စာဆုံးအောင်ဖတ်ပါ
အသည်းကွဲပြီး ဘဝကို အရူံးပေးချင်သူတွေ စာဆုံးအောင်ဖတ်ပါ
သူ့ကြောင့် သေချင်လောက်တဲ့အထိ ခံစားဖူးသလား?
ငါသေသွားရင် သူတော့ နောင်တတွေနဲ့ ဆက်အသက်ရှင်နေမှာပဲလို့ရော တွေးဖူးသလား?
အရင်ဆုံးပြောချင်ပါတယ် အသဲကွဲတာ ကိုယ့်အပြစ် မဟုတ်ပေမယ့် ဒီအလွမ်းတွေ နာကျင်ခြင်းတွေထဲကနေ အချိန်တစ်ခုကြာလာသည်အထိ ရုန်းမထွက်နိုင် လွတ်မချနိုင်သေးတာကတော့ ကိုယ့်အပြစ် ဖြစ်သွားပါပြီ။
ခံစားပါ ဒါပေမယ့် မသေချင်လိုက်ပါနဲ့ လွမ်းပါ ဒါပေမယ့် ကိုယ့်ကိုယ်ကို ထိခိုက်တဲ့အထိ အလွမ်းရဲ့ကျေးကျွန် အဖြစ်မခံလိုက်ပါနဲ့။
နောက်တစ်ခုက ထားခဲ့ချင်တဲ့သူက ဘာပဲဖြစ်နေနေ ထားခဲ့တာပါပဲ။ ကိုယ်သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ကိုယ့်အတွက် သူ စိတ်မကောင်းဖြစ်လည်း ခဏတာလောက်ပါပဲ။
အချိန်တန်တော့ သူ့ဘဝကို သူဆက်လျောက်ရင်းသေသွားတဲ့ကိုယ့်ကို အလိုလို သူမေ့သွားမှာပဲ ။ ဒါ့ကြောင့် မတန်ပါဘူး တန်ဖိုးကြီးတဲ့ ကိုယ့်အသက်ကို သေချင်လောက်တဲ့အထိ သေဖို့ကြံတွေးတဲ့အထိ စိတ်အညစ်မခံပါနဲ့။
ကိုယ် လူ့လောကထဲကိုရောက်လာတာ သူ့အတွက် မဟုတ်ပါ။ ကိုယ် မွေးဖွားလာခဲ့တာ သူ့အတွက် မျက်ရည်ကျနေဖို့ မဟုတ်ပါ။
ကိုယ့် မိဘထမင်းရှင်တွေက ကျွေးမွေးလာခဲ့တာ သူ့အတွက်နဲ့ အသဲကွဲပြီး ဘဝတုံး အချိန်ကုန်စေဖို့အတွက် မဟုတ်ပါ။ ငိုချင်နေသေးလား ငိုလိုက်ပါ ဒါပေမယ့် ဘယ်အချိန်မှာ ရပ်တန့်ရမလဲဆိုတာကိုတော့ နားလည်တတ်ပါစေ
သူ့ကြောင့် မျက်ရည်ကျရတာနဲ့ အချိန်တွေ ဘယ်လောက်တောင် ကုန်ခဲ့ပြီလဲ?နောက်ထပ် ဘယ်လောက်တောင်များ ဆက်ငိုကြွေးပြီး ဝမ်းနည်းနေရဦးမှာလဲ?
စိတ်ပင်ပန်းနေပြီလား ?
ဘယ်သူတွေ အားပေးစာတွေ ဘယ်လိုပဲရေးရေး ဘယ်လောက်ထိပဲ လာအာပေးလို့နေပါစေ ဒီ ပင်ပန်းခြင်းတွေထဲကနေ ရုန်းထွက်နိုင်အောင် လုပ်နိုင်မှာ ကိုယ်ကိုယ်တိုင်တစ်ယောက်ထဲသာ ရှိပါတယ်။
ကိုယ့်စိတ်သာမပါရင် ဘယ်သူတွေ ဘယ်လောက်လာပြောပြော အလကားပါပဲ ။လူတိုင်း အသဲကွဲခဲ့ပါတယ် ဝမ်းနည်းရတယ် အရမ်းကို မျှော်လင့်ချက်ပျောက် ကြေကွဲခဲ့ရဖူးတယ်။ ငိုခဲ့တယ် မနက်နိုးတာနဲ့ သူ့အကြောင်း ခေါင်းထဲ အလိုလိုရောက်လာတိုင်း ရင်တစ်ခုလုံးဟာသွားခဲ့ဖူးတယ်။
ဒါပေမယ့်လည်းလေ ဘယ်တတ်နိုင်မှာလဲနော် ဖူးစာမှမပါခဲ့ကြတာပဲ ငိုနေလို့လည်း ဘာထူးမှာလဲ အားလုံးက ရေစက်ပါလာသလောက်ပဲ ဆုံတွေ့ခွင့်ရကြမှာပဲ။
မချစ်နဲ့လို့မပြောပါဘူး ချစ်ချင်ရင် ဆက်ချစ်သွားပါ ငိုချင်ရင်လည်း တစ်ခါတလေတော့ ငိုပါ အမြဲ တနုံ့နုံ့နဲ့ နစ်မွန်းနာကျင်မနေပါနဲ့
သူ မရှိတဲ့ဘဝမှာ နေသားကျနေနိုင်လာဖို့ ကြိုးစားပါ အရှိအတိုင်း လက်ခံနိုင်အောင် ကြိုးစားပါ ကိုယ့်စိတ်ကိုယ် မညာပါနဲ့ သေချာပါတယ် စိတ်ဓာတ်ခိုင်မာမယ်ဆို တစ်ချိန်ချိန်တော့ ဒီဒဏ်ရာတွေက နေသားကျ အဆင်ပြေလာမှာပါ ။
အချိန်ဘယ်လောက်ယူရမလဲ ဆိုတာကတော့ ကိုယ်သူ့အပေါ် ဘယ်လောက်ထိ လေးနက်ခဲ့လဲဆိုတာရယ် ကိုယ့်စိတ် ဘယ်လောက်ခိုင်မာနိုင်လဲဆိုတာရယ်ပေါ် မူတည်ပါတယ်။
ဆုံးရူံးမှာကြောက်လေ ပိုနာကျင်ရလေပဲ ´´တစ်ခါတစ်ရံ ဆုံရူံးမှာကြောက်လို့ ဆုပ်ကိုင်ထားမိတတ်တဲ့ တစ်ချို့အရာတွေက ဆုပ်ကိုင်ထားလို့ ရတတ်ပေမယ့်တစ်ချို့အရောတွေကတော့ တင်းတင်းဆုပ်ကိုင်မိလေပိုပြီးနာကျင်တတ်လေပါပဲ။
ကိုယ်တန်ဖိုးထားမြတ်နိုးတဲ့ အရာအတွေအပေါ်မှာခုံမင်စိတ် အစွန်းရောက်မိလေ မက်မောတွယ်တာစိတ်ကတစ်ချိန်ချိန်မှာ ကိုယ့်ကို ဒဏ်ခတ်သွားတတ်ပါတယ်။
မတည်မြဲတတ်တဲ့ လူ့ဘဝမှာ အရာတော်တော်များများကို ကိုယ်က ထားပစ်ခဲ့ရမှာဖြစ်ပြီး ကိုယ်က မစွန့်ခွာချင်လည်းဘဲသူတို့က တစ်ချိန်ချိန်မှာ ကိုယ့်ကို ချန်ထားခဲ့ကြမှာ သေချာပါတယ်။
ကိုယ်နဲ့မထိုက်တန်တော့တဲ့ ကိုယ် ထာဝရမပိုင်ဆိုင်နိုင်တဲ့ အရာတွေအပေါ်မှာ လိုအပ်သည်ထက်ပိုဆုပ်ကိုင်မိလို့ မခံမရပ်နိုင်အောင်နာကျင်နေမိရင် လွှတ်သာချထားလိုက်ပါ။
အကယ်၍ မလွတ်ချမိခဲ့ရင်နောင်တ”ဆိုတဲ့ နာကျင်မှု တစ်ပွေ့တစ်ပိုက်နဲ့ သင် ဆုပ်ကိုင်ထားတဲ့အရာတွေကလည်း သင့်ကိုကျောခိုင်း သွားကြပါလိမ့်မယ်။
ကိုယ်တန်ဖိုးထားရတဲ့ အရာတွေ ဆုံးရူံးခဲ့ရသလို ကိုယ့်စိတ်ကိုလည်း ကိုယ်ကိုယ်တိုင် အကျဉ်းချ နေရတတ်ပြီးနာကျင်မှုတွေနဲ့ အဖော်ပြုနေရတတ်ပါတယ်။
မသေချာမရေရာတဲ့ လူ့ဘဝမှာ အရာအားလုံးအပေါ်မှာလိုတာထက် ပိုတွယ်တာမိရင် ရင့်ကျက်ပါတယ်ဆိုတဲ့ လူသားတွေတောင် ပြစ်ဒဏ်ဆိုတဲ့ နာကျင်ကြေကွဲမှုတွေကို လက်မြှောက်အရူံးပေးရတာ အမှန်တရားပါ။
” လောက ” မှာ
ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း ” ကိုယ်ပါပဲ ”ကိုယ်ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း” ကိုယ်ပါပဲ ”ကိုယ့်ကို အောင်မြင်အောင် လုပ်နေတာလည်း” ကိုယ်ပါပဲ ”
ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း” ကိုယ်ပါပဲ ”” အဓိက ” က ကိုယ့်ရဲ့ ” စိတ် ” ပါပဲစိတ်ဆိုတာ အရမ်းကြောက်ဖို့ ကောင်းပါတယ်။
” စိတ် ”ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့ ” ဆေးတစ်ခွက် ” ဖြစ်နိုင်ပြီး မကောင်းတဲ့ ” စိတ် ”တွေ ထားမယ်ဆိုရင်တော့ကြောက်စရာကောင်းတဲ့ ” ဘေး ” အန္တရာယ်တစ်ခု ဖြစ်သွားနိုင်ပါတယ်…ကဲ အဲ့တော့ အရေးအကြီး ဆုံးက မိမိကိုယ် မိမိ စိတ်ချမ်းသာအောင်ထားဖို့ နဲ့တန်ဖိုး ရှိအောင်နေထိုင်ဖို့ ပဲ မဟုတ်လား
ကြောက် – ရေနွေးပူ တစ်ခွက်ကို သင် ကြာကြာ ကိုင်ထားကြည့်လိုက်ပါ။သင်ကိုင်ထားသ၍ ကတော့ အဲ့ဒီ ” အပူဒဏ် ”ကို ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ။သင်လွှတ်ချ နိုင်လိုက်မှသာ သင်အပူဒဏ်နဲ့ ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ်။
ဒီလိုပဲ သင်မှာရှိတဲ့ စိတ်ညစ်စရာတွေကို သင်တွေးနေသ၍ စိတ်ညစ်စရာတွေဟာ ပိုကြီးထွားလာပြီး သင်ဆက်ပြီး စိတ်ဆင်းရဲနေရဦးမှာပါ မတွေးတော့ပဲ ဖြေရှင်းဖို့ နည်းလမ်းရှာမှသာ အဆင်ပြေမှာပါ။
တစ်ချို့က အိမ်အတွက် စိတ်ညစ်ကြတယ် တစ်ချို့က ဒါတွေကိုချစ်သူရည်းစားအတွက် / တစ်ချို့က အလုပ်အတွက် / ငွေကြေးပြသနာအတွက် အစရှိတယ် စိတ်ညစ်မှု မျိုးဆုံပေါ့။
ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ ကိုယ် ကို ကိုယ် ” ပြစ်ဒဏ် ” ပေး အကျဉ်းချနေတာပါ။
အဓိက ” ဘာလုပ်ရမှာလည်း ဖြေရှင်းနိုင်မဲ့ နည်းလမ်းရှာဖို့ ပါပဲ။အကျိုးရှိရင် အကြောင်းရှိသလို ”အခက်အခဲရှိရင် ဖြေရှင်းလို့ ရမဲ့ နည်းလမ်းဆိုတာရှိစမြဲပါ။
သင်တို့ လွန်ခဲ့တဲ့ ၂ / ၃ နှစ်တုန်းကလည်း စိတ်ညစ်ဖူးမှာပါ။ဒါတွေက ခုချိန်မှာ ရယ်စရာ တစ်ခုသာသာ ဖြစ်သွားတာပဲလေ။အတွေ့အကြုံ နဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ။အပျော်တွေနဲ့ပဲ နေပါ / အပျော်တွေကို ဖန်တီးပါ / စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ။
” လောက ” ကြီးက ” စိန်ခေါ်မှု” တွေ အရမ်းများတယ်ဆုံးရှုံးမှုဒဏ်တွေ / ဝမ်းနည်းကြေကွဲမှု ဒဏ်တွေ / ကို သင်မခံနိုင် ရင် ” စိန်ခေါ်မှု” တွေ များတဲ့ ” လောက” ကြီးကို ဘယ်လို ဆက်ပြီး ရင်ဆိုင်မလည်း ?
စဉ်းစားပါ ဆုံးရှုံးမှုဒဏ်ကြောင့် ကိုယ့်ကိုယ်ကိုသကြောင်းကြံတဲ့ နည်းနဲ့ ဖြေရှင်းမှားလား ?
ဒါဆို သင် ” လုံလောက်တဲ့ ” ရင့်ကျက်မှု့မရှိသေးလို့ ဆိုတာ မမေ့ပါနဲ့။” လုံလောက်တဲ့ ” ရင့်ကျက်မှု့ရှိသူတိုင်းဟာ ” ကိစ္စတိုင်း ”ကို ထည့်တွက်မနေကြပါဘူး။
” ပူလောင်မှု” ကိုခံစားနေရတယ် ဆိုတာ ”မေတ္တာ” စိတ်မရှိလို့ ပါ။ပြီးတော့ ”အတ္တ” စိတ်ကြီးနေတာ မိမိ ကိုယ် မိမိ ချစ်တာ / မိမိ လောဘ ကို မိမိ မြှောက်ပေးနေတာ / မိမိ မာန ကို ”ရှေ့ တန်း ”တင်ပေးနေတာ ဒီတော့ ဒါတွေမဖြစ်အောင် / သင်စိတ်ညစ်စရာတွေနဲ့ ဝေးသွားအောင် ဒီလိုစိတ်ထားကြည့်ပါ။
{ ၁ }ခွင့်လွှတ်နားလည်ပေးကြည့်ပါ။
{ ၂ }ကိုယ်ချင်းစာစိတ်နဲ့ကြည့်ပါ။
{ ၃ }အကောင်းမြင်စိတ်လေးနဲ့ အကောင်းမြင်ပေးပါ။
အရင်ငြိမ်းချမ်းသွားမှာက သင်ပါ။လူတစ်ယောက်ရဲ့ ” အမှား ”ကို မေ့ပစ်ခြင်းဟာအကောင်းဆုံး ”ဂလဲ့စား” ချေခြင်းတစ်မျိုးပါပဲ။
” ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ ” တဲ့မိုးလည်း ( ၁၂ ) ရာသီ လုံးလိုက်မရွာ နိုင်ပါဘူး ( သူလည်းအားချင်မှအားမှာလေ )
” မုန်တိုင်း ” ပြီးရင်တော့ ” လေပြေ ” ရောက်လာစမြဲပါ ” အကောင်းဆုံး ”တွေ လာဖို့  အဆိုးတွေ အရင် လာလည်တာပါ။
” နေရိပ် ” ကို လိုချင်လို့ နေပူထဲ ရပ်စောင့်နေရပါလားလို့ အကောင်းမြင်စိတ်လေးနဲ့တွေးကြည့်ပါ။ငါ ” ပေ ” ဖြစ်နေလို့ ခံနေရတာ ” တူ ”ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ် မွေးကြည့်ပါ။
လူဘဝ ဆိုတာ တစ်ကယ်တော့ ” ခနတာ ” လေးပါ အဲ့ထဲမှာသင်က -ထမင်းစားဖို့ အသက်ရှင်နေတာလား ?အသက်ရှင်ဖို့  ထမင်းစားနေတာလား ?ဆိုတာ အရင်တွေးပါ
”ကာဗွန် ” ခြင်း တူရင်တောင် မီးသွေး အဖြစ်မခံပါနဲ့။တန်ဖိုးရှိတဲ့ ” စိန် ” ပဲ ဖြစ်အောင်ပဲကြိုးစားပါ။
သင်အလုပ်တွေ လုပ်နေရင်းနဲ့ ပညာတွေဆက်ရှာပါ / အမြဲမပြတ် လေ့လာပါ / သင်ယူပါ။ပြီးတော့ လူသားတွေကို အကျိုးပြုနိုင်တဲ့ ” ပရဟိတ ” တွေများများလုပ်ပါ။
များများလှူပါ / ကူညီပါ / ဖေးမပါ / စိတ်ကောင်းထားပါ / “ရိုးသားစွာ” ကြိုးစားပါ။ကဲ ဒါဆို သင် ဘဝတစ်ခုလုံးအတွက် “တန်ဖိုး” ရှိစွာနေထိုင်နိုင်တဲ့ ” လူ ” တစ်ယောက် ဖြစ်သွားနိုင်ပါပြီ ။
အချစ်
လူတိုင်းကို အမှတ်သားပြု့ခဲ့တယ်ကိုယ်စီဒဏ်ရာလေးတွေနဲ့ပေါ့
အမေမွေးပေးလိုက်တာလှလှပပ အကောင်းပကတိလေး အချစ်နဲ့တွေ့မှပဲ လူကို စုတ်ပြတ်သတ်သွားတော့တယ်လေ ။
အသဲကွဲတဲ့ ခံစားချက်ကိုအသဲကွဲဖူးတဲ့သူတွေပဲ နားလည်နိုင်တာပါအဲ့တာ ကိုယ်ချင်းစာတရားပဲ…ချစ်ပါ ဒါပေမယ့် ဘဝတစ်ခုလုံး ပုံအောပြီး မချစ်မိပါစေနဲ့ သတိ ဘဝပါ ပျက်တတ်သည်
အချစ်နဲ့ စတွေ့ပြီဆိုကတည်းက သတိထားချစ်ကြတော့ဗျို့
Credit to Thi Ha