မႏၱေလး မဟာျမတ္မုနိဘုရားႀကီးမွာအကယ္ဒမီေ႐ႊၾကယ္ကို လႉဒါန္းမယ့္ ေက်ာ္ေက်ာ္ဗို
ဒီႏွစ္မွာ အကယ္ဒမီ ပူပူႏြေးႏြေး ရရွိထားတဲ့ သ႐ုပ္ေဆာင္ ေက်ာ္ေက်ာ္ဗိုကေတာ့ အကယ္ဒမီ ရရွိစဥ္က ခ်ီးျမႇင့္ခံထားရတဲ့ ေ႐ႊျပားမ်ားကို လႉဒါန္းမႈမ်ား ျပဳလုပ္ခဲ့ၿပီး အကယ္ဒမီ ေ႐ႊၾကယ္ကိုလည္း မႏၱေလး မဟာျမတ္မုနိဘုရားႀကီးမွာ လႉဒါန္းသြားမယ္လို႔ ေျပာပါတယ္။ေ႐ႊျပားေတြ လႉတာပါ။
ေ႐ႊၾကယ္က မလႉရေသးဘူး။ က်ေနာ္တို႔ ေ႐ႊတိဂုံဘုရားမွာ လႉဖို႔အတြက္ စီစဥ္ထားတာက ေ႐ႊတိဂုံဘုရားရဲ႕ ထီးေတာ္က သတ္မွတ္ထားတဲ့ အေလးခ်ိန္ထက္ ေက်ာ္လြန္ေနလို႔ လႉဖို႔ အခက္အခဲ ရွိတယ္။ အဲဒါေၾကာင့္ မႏၱေလး မဟာျမတ္မုနိဘုရားႀကီးမွာ လႉဖို႔ ရည္စူးထားပါတယ္”လို႔ ေက်ာ္ေက်ာ္ဗိုက ေျပာပါတယ္။
အကယ္ဒမီ ရၿပီးေနာက္ပိုင္းမွာ ဇာတ္ကားေတြ ဆက္တိုက္ ရိုက္ကူးလာတဲ့ ေက်ာ္ေက်ာ္ဗိုကေတာ့ သူ႕ကို ရင္ခုန္ေစၿပီး စိန္ေခၚမႈျဖစ္ေစတဲ့ ဇာတ္လမ္းမ်ိဳးေတြကို ရိုက္ျဖစ္တယ္လို႔ ဆိုပါတယ္။
ဇာတ္ေ႐ြးခ်ယ္မႈကေတာ့ က်ေနာ့္ရဲ႕ Personal အရဆိုရင္ က်ေနာ့္အတြက္ အဲ့ဇာတ္က ရင္ခုန္ေနရမယ္။ က်ေနာ္ကိုယ္တိုင္ ပူးေပါင္း ပါဝင္မႈ၊ စိန္ေခၚမႈ ရွိရမယ္။
ရင္ခုန္ စိတ္လႈပ္ရွားမႈ ရွိရမယ္။ အဲ့လိုဆိုရင္ေတာ့ က်ေနာ္ လက္ခံ ရိုက္ကူးျဖစ္ပါတယ္။ က်ေနာ္ လုပ္ရမယ့္ ေနရာေလး တကြက္ကို ၿခဳံငုံၿပီး ၾကည့္တာထက္ ဇာတ္တခုလုံးက ရင္ခုန္စရာ ေကာင္းရမယ္။ ပရိသတ္အတြက္ တင္ျပမႈ ေကာင္းမယ္ဆိုရင္လည္း လက္ခံ ရိုက္ကူးျဖစ္တာ မ်ားပါတယ္”လို႔ ေက်ာ္ေက်ာ္ဗိုက ေျပာပါတယ္။
ပရိသတ္အတြက္ တင္ဆက္မႈ၊ ဖန္တီးမႈ၊ ေဖ်ာ္ေျဖမႈေကာင္းမ်ားျဖစ္ေအာင္ တတ္နိုင္သေလာက္ ႀကိဳးစားေနမွာလို႔လည္း ေက်ာ္ေက်ာ္ဗိုက ဆိုပါတယ္။အဓိကကေတာ့ တင္ဆက္မႈေကာင္း၊ ေဖ်ာ္ေျဖမႈေကာင္း၊ ဖန္တီးမႈေကာင္း ျဖစ္ေအာင္ပဲ ႀကိဳးစားေနမွာပါ။
ပရိသတ္အတြက္ က်ေနာ္ စြမ္းေဆာင္နိုင္သေလာက္ထဲက စြမ္းေဆာင္ေနဦးမွာပါ”လို႔ ေက်ာ္ေက်ာ္ဗိုက ေျပာပါတယ္။မၾကာခင္မွာလည္း ဒါရိုက္တာ ကိုေပါက္ ရိုက္ကူးမယ့္ “စစ္ကား” ႐ုပ္ရွင္ကားမွာ ပါဝင္ သ႐ုပ္ေဆာင္သြားမွာ ျဖစ္ၿပီး ရိုက္ကူးျဖစ္တဲ့အေၾကာင္းကိုလည္း အခုလိုပဲ ေျပာျပခဲ့ပါတယ္။
“ကာရိုက္တာကေတာ့ ႐ြာသား သူငယ္ခ်င္းေတြထဲမွာ တဇြတ္ထိုး၊ တေဇာက္ကန္း လုပ္တတ္တဲ့ သူေပါ့။ ရတဲ့ ကာရိုက္တာကိုလည္း ေက်နပ္ပါတယ္။ ေက်နပ္မွလည္း ရိုက္တာပါ။
မက်နပ္ဘဲ ရိုက္တဲ့ကား ေတာ္ေတာ္နည္းပါတယ္”လို႔ ေက်ာ္ေက်ာ္ဗိုက ေျပာပါတယ္။စစ္ကား” ႐ုပ္ရွင္ကားကိုေတာ့ ေက်ာ္ေက်ာ္ဗို အကယ္ဒမီ ရရွိခဲ့တဲ့ “မုန္းစြဲ” ႐ုပ္ရွင္ကားကို ရိုက္ကူး ထုတ္လုပ္ေပးတဲ့ 7th Sense Production က ရိုက္ကူးတာျဖစ္ၿပီး ဒီဇာတ္ကားအေပၚ ဘယ္ေလာက္ထိ ေမွ်ာ္လင့္ထားလဲ ဆိုတာကိုလည္း အခုလိုပဲ ေျပာပါတယ္
။ေအာင္ျမင္မယ့္ ကားတကားလို႔ ႀကိဳျမင္ေနပါတယ္။ အကုန္လုံးရဲ႕ စိတ္အားထက္သန္မႈေတြ၊ ရင္ခုန္မႈေတြကလည္း ဒီဇာတ္ေပၚမွာ အျပည့္အဝ က်ေရာက္ေနတယ္။ ဘာျဖစ္လို႔လဲဆိုရင္ Pre Production မွာကိုက စေတြ႕ေနရၿပီေလ”
“ဒါရိုက္တာကလည္း ဒါရိုက္တာပိုင္းအရ ျပင္ဆင္ေနသလို၊ ထုတ္လုပ္ေရးပိုင္းကလည္း လိုအပ္တာ မွန္သမွ်ကို ပံ့ပိုးေပးတယ္။ Actor ပိုင္းကလည္း ကာရိုက္ပိုင္းအတြက္ ႀကိဳးစားေနၾကတယ္ဆိုေတာ့ ေအာင္ျမင္မယ့္ ကားတကားပါ။
ပရိသတ္ေတြလည္း ေက်နပ္မယ္ ထင္ပါတယ္”လို႔ ေက်ာ္ေက်ာ္ဗိုက ေျပာပါတယ္။သ႐ုပ္ေဆာင္ အကယ္ဒမီ ေက်ာ္ေက်ာ္ဗိုကေတာ့ သူ႕ရဲ႕ပထမဆုံး အကယ္ဒမီ ထူးခြၽန္ဆုကို “မုန္းစြဲ”႐ုပ္ရွင္နဲ႕ ၂၀၁၈ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ အကယ္ဒမီ ထူးခြၽန္ဆုေပးပြဲမွာ ရရွိခဲ့ပါတယ္။
Credit -original
Unicode
ဒီနှစ်မှာ အကယ်ဒမီ ပူပူနွေးနွေး ရရှိထားတဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုကတော့ အကယ်ဒမီ ရရှိစဉ်က ချီးမြှင့်ခံထားရတဲ့ ရွှေပြားများကို လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး အကယ်ဒမီ ရွှေကြယ်ကိုလည်း မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ လှူဒါန်းသွားမယ်လို့ ပြောပါတယ်။ရွှေပြားတွေ လှူတာပါ။ ရွှေကြယ်က မလှူရသေးဘူး။ ကျနော်တို့ ရွှေတိဂုံဘုရားမှာ လှူဖို့အတွက် စီစဉ်ထားတာက ရွှေတိဂုံဘုရားရဲ့ ထီးတော်က သတ်မှတ်ထားတဲ့ အလေးချိန်ထက် ကျော်လွန်နေလို့ လှူဖို့ အခက်အခဲ ရှိတယ်။ အဲဒါကြောင့် မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ လှူဖို့ ရည်စူးထားပါတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
အကယ်ဒမီ ရပြီးနောက်ပိုင်းမှာ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးလာတဲ့ ကျော်ကျော်ဗိုကတော့ သူ့ကို ရင်ခုန်စေပြီး စိန်ခေါ်မှုဖြစ်စေတဲ့ ဇာတ်လမ်းမျိုးတွေကို ရိုက်ဖြစ်တယ်လို့ ဆိုပါတယ်။ဇာတ်ရွေးချယ်မှုကတော့ ကျနော့်ရဲ့ Personal အရဆိုရင် ကျနော့်အတွက် အဲ့ဇာတ်က ရင်ခုန်နေရမယ်။ ကျနော်ကိုယ်တိုင် ပူးပေါင်း ပါဝင်မှု၊ စိန်ခေါ်မှု ရှိရမယ်။ ရင်ခုန် စိတ်လှုပ်ရှားမှု ရှိရမယ်။ အဲ့လိုဆိုရင်တော့ ကျနော် လက်ခံ ရိုက်ကူးဖြစ်ပါတယ်။ ကျနော် လုပ်ရမယ့် နေရာလေး တကွက်ကို ခြုံငုံပြီး ကြည့်တာထက် ဇာတ်တခုလုံးက ရင်ခုန်စရာ ကောင်းရမယ်။ ပရိသတ်အတွက် တင်ပြမှု ကောင်းမယ်ဆိုရင်လည်း လက်ခံ ရိုက်ကူးဖြစ်တာ များပါတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
ပရိသတ်အတွက် တင်ဆက်မှု၊ ဖန်တီးမှု၊ ဖျော်ဖြေမှုကောင်းများဖြစ်အောင် တတ်နိုင်သလောက် ကြိုးစားနေမှာလို့လည်း ကျော်ကျော်ဗိုက ဆိုပါတယ်။အဓိကကတော့ တင်ဆက်မှုကောင်း၊ ဖျော်ဖြေမှုကောင်း၊ ဖန်တီးမှုကောင်း ဖြစ်အောင်ပဲ ကြိုးစားနေမှာပါ။ ပရိသတ်အတွက် ကျနော် စွမ်းဆောင်နိုင်သလောက်ထဲက စွမ်းဆောင်နေဦးမှာပါ”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။မကြာခင်မှာလည်း ဒါရိုက်တာ ကိုပေါက် ရိုက်ကူးမယ့် “စစ်ကား” ရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပြီး ရိုက်ကူးဖြစ်တဲ့အကြောင်းကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။
“ကာရိုက်တာကတော့ ရွာသား သူငယ်ချင်းတွေထဲမှာ တဇွတ်ထိုး၊ တဇောက်ကန်း လုပ်တတ်တဲ့ သူပေါ့။ ရတဲ့ ကာရိုက်တာကိုလည်း ကျေနပ်ပါတယ်။ ကျေနပ်မှလည်း ရိုက်တာပါ။ မကျနပ်ဘဲ ရိုက်တဲ့ကား တော်တော်နည်းပါတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။စစ်ကား” ရုပ်ရှင်ကားကိုတော့ ကျော်ကျော်ဗို အကယ်ဒမီ ရရှိခဲ့တဲ့ “မုန်းစွဲ” ရုပ်ရှင်ကားကို ရိုက်ကူး ထုတ်လုပ်ပေးတဲ့ 7th Sense Production က ရိုက်ကူးတာဖြစ်ပြီး ဒီဇာတ်ကားအပေါ် ဘယ်လောက်ထိ မျှော်လင့်ထားလဲ ဆိုတာကိုလည်း အခုလိုပဲ ပြောပါတယ်။အောင်မြင်မယ့် ကားတကားလို့ ကြိုမြင်နေပါတယ်။ အကုန်လုံးရဲ့ စိတ်အားထက်သန်မှုတွေ၊ ရင်ခုန်မှုတွေကလည်း ဒီဇာတ်ပေါ်မှာ အပြည့်အဝ ကျရောက်နေတယ်။ ဘာဖြစ်လို့လဲဆိုရင် Pre Production မှာကိုက စတွေ့နေရပြီလေ”
“ဒါရိုက်တာကလည်း ဒါရိုက်တာပိုင်းအရ ပြင်ဆင်နေသလို၊ ထုတ်လုပ်ရေးပိုင်းကလည်း လိုအပ်တာ မှန်သမျှကို ပံ့ပိုးပေးတယ်။ Actor ပိုင်းကလည်း ကာရိုက်ပိုင်းအတွက် ကြိုးစားနေကြတယ်ဆိုတော့ အောင်မြင်မယ့် ကားတကားပါ။ ပရိသတ်တွေလည်း ကျေနပ်မယ် ထင်ပါတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။သရုပ်ဆောင် အကယ်ဒမီ ကျော်ကျော်ဗိုကတော့ သူ့ရဲ့ပထမဆုံး အကယ်ဒမီ ထူးချွန်ဆုကို “မုန်းစွဲ”ရုပ်ရှင်နဲ့ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ရရှိခဲ့ပါတယ်။
Credit -original