မွန်ပြည်နယ် ရေဘေးအတွက် အလှူခံတာ ၁၇ သိန်း ကျော် ရပြီဆိုတဲ့ ဖြိုးမြတ်အောင်
ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိခဲ့တဲ့ Myanmar Idol Season (3) ပြိုင်ပွဲ ကြီးရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ကတော့ ရိုးရိုးအေးအေးနေထိုင်တတ်သူတစ်ဦးမို့ ပရိသတ်တွေက အချစ်ပိုနေကြရတာပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဖြိုးမြတ်အောင်က မွန်ပြည်နယ် ရေဘေးသင့်ဒေသသို့ သွားရောက်လှူဒါန်းဖို့အတွက် အလှူခံနေတာ ၁၇သိန်း ကျော်အထိ ရရှိနေပြီလို့ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ထိထိရောက်ရောက် ကူညီနိုင်ဖို့ အလှူရှင်တွေကို စုစည်းပေးနိုင်တဲ့ ဖြိုးမြတ်အောင်ကတော့ တကယ့်ကို လူချစ်လူခင် ပေါသူတစ်ဦးပါပဲနော်။
ချစ်ပရိသတ်တွေအတွက် မွန်ပြည်နယ်ရေဘေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့ဖြိုးမြတ်အောင်ရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဖြိုးမြတ်အောင် ကတော့ “မွန်ပြည်နယ် ရေဘေးအတွက် အလှူရှင်စာရင်း – ညနေ (၆) နာရီ အထိ စုစုပေါင်း – (1,745,000) ကျပ်တိတိ(၁၄၊ ၈၊ ၂၀၁၉) ရက်နေ့တွင် ရေဘေးဒဏ်သင့် ဒေသများသို့ သွားရောက်လှူဒါန်းပေးပါမည်။” ဆိုပြီး လူမှုကွန်ယက်မှာ ဖော်ပြထားတာပါ။
လက်ရှိမြန်မာနိုင်ငံ မွန်ပြည်နယ်မှာ ရေဘေးသင့်ဒုက္ခကို ခံစားနေကြရတာပါ။ သေဆုံးသူအမြောက်အများရှိနေတာကြောင့်လည်း ကယ်ဆယ်ရေးများစွာသွားရောက်နေကြတာ တွေ့ရပါတယ်။
ချစ်ပရိသတ်တွေလည်း အချိန်ခဏလေးအတွင်းမှာ သိန်းပေါင်းများစွာ အလှူခံနိုင်ခဲ့တဲ့ ဖြိုးမြတ်အောင့် ကုသိုလ်ကို သာဓုခေါ်သွားကြပါဦးနော်။
Myint Myat
Source:Phyo Myat Aung’s Facebook\Credit - original