လူဆိုတာ ကံကောင်းနေတဲ့အချိန်မှာ ကုသိုလ်အလုပ် များများလုပ်ထားရမယ်
Unicode ဖြင့်ဖတ်ရန်
အကုသိုလ် ဂြိုဟ်မွှေလာပြီဆိုမှဖြင့် ဘယ်ကုသိုလ်လုပ်ချင်စိတ်မှ မရှိဘူး။
မကောင်းသော ကိုယ်၊ နှုတ်၊ စိတ်တွေ သောင်းကျန်းလာတယ်။
မကောင်းသောစိတ်ကို မွေးမြူလာတတ်တယ်။
ကိုယ်က ဘယ်လိုကောင်းအောင် လုပ်နေပေမဲ့ လူတွေက မကောင်းဘူးလို့သာ ထင်လာတယ်။
ဒါမိမိ အကုသိုလ်တွေ ဝင်လာတယ်။
သူတပါးအပြစ်ကို မကြည့်နဲ့။ ကိုယ်အပြစ်ကိုသာ အဖန်ဖန်၊ အထပ်ထပ် ဆုံးမနေပါတော့။
ကိုယ့်သီလကို မြဲမြဲစောင့်၊ သတိပဋ္ဌာန်ကျင့်စဉ်ကိုကျင့်၊ ဝိပဿနာဉာဏ်ထင်ရှားနေပါစေ။
သူတပါးအပေါ် အပြစ်မမြင်ပါစေနဲ့။
Credit:_ မြောက်ဦးဆရာတော်