Latest Posts

ဇာတ်ကားသာကောင်းမယ်ဆို တစ်နှစ်တစ်ကားလည်းကောင်းအောင်ရိုက်မှာပဲဆိုတဲ့ အကယ်ဒမီနေတိုး


ယခုလက်ရှိအချိန်ကာလမှာ အနုပညာလောကရဲ့ အောင်မြင်တွေကို အမြဲလက်ဝယ်ပိုင်ဆိုင်ထားသူလို့ ပရိသတ်တွေအသိအမှတ်ပြုနေကြ တာကတော့ သရုပ်ဆောင်နေတိုးပဲ ဖြစ်ပါတယ်။

အနုပညာလောကရဲ့ အောင်မြင်မှု အနိမ့်အမြင့်အတက်အကျတွေကို အံတုရင်းအနုပညာလောကမှာ ဝါရင့် သဘာရင့်တွေနဲ့ သူရဲ့အနုပညာကိုယှဉ်လို့ရအောင်ပင် အရည်အချင်းပြည့် မှီတဲ့သူလို့ သုံးသပ်ရင်လည်းမမှားနိုင်ပါ။အောင်မြင်မှုတွေကိုအမြဲခံနိုင်ရည်ရှိအောင် ဘယ်လိုတွေပြင်ဆင်ဖြစ်လဲလို့မေး ကြည့်တဲ့အခါမှာတော့..


“အဲ့ဒီလိုမျိုးကြီး အောင်မြင်မှုတွေရအောင်ပြင်ဆင်တာတွေဘာတွေတော့မရှိပါဘူး။ဒါပေမယ့် အောင်မြင်မှုရအောင်တော့ ကျွန်တော်အမြဲကြိုး စားတယ်။ကိုယ်လိုအပ်တဲ့အပိုင်းတွေကို အမြဲတမ်းလေ့လာတယ်။ သင်ယူတယ်။

အောင်မြင်တယ်ဆိုတာ အမြဲတမ်း အနိမ့်အမြင့်တွေအတက်အကျတွေ ရှိတယ်။အဲ့ဒီလိုမျိုးအောင်မြင်မှုရဖို့ နာမည်ကျော်ကြားဖို့အတွက်တွေအ မြဲရုန်းကန်ရတဲ့အပိုင်းတွေရှိတယ်။

အဲ့ဒါတွေကို ကျွန်တော်အမြဲတမ်းအဖြေရှာ ပြီးသုံးသပ်တယ်။ လေ့လာတယ်။ အဲ့ဒီအတွက်လည်း ပရိသတ်တွေအားပေးတဲ့ဒီလိုနေရာမျိုးတွေရလာတယ်လို့ ကျွန်တော်ထင်ပါတယ်။ အမြဲတမ်းတော့ကြိုးစားရပါတယ်။ ဒီလိုမျိုးတွေဖြစ်လာဖို့ သူများတွေ ထက်၂ဆကြိုးစားရ တဲ့အပိုင်းတွေလည်းရှိပါတယ်”လို့ ပြောပါတယ်။
အနုပညာလုပ်လာတဲ့သက်တမ်းအရ နောက်ပိုင်းမှာ ဇာတ်ကားတစ်ကား အနည်းငယ်ကိုသာ အကောင်းဆုံးရွေးချယ်ရိုက်ကူးဖို့ စဉ်းစားထားတယ်ဆိုတဲ့ နေတိုးက . . .

“အဲ့ဒါကတော့ ကိုယ်လုပ်နိုင်တဲ့အနေအထား၊ကိုယ်ဖြတ်သန်းခဲ့တဲ့ အနုပ ညာသက်တမ်းအရဇာတ်ကားတွေအများကြီးသိပ်ပြီးရိုက်ဖို့လည်းမလိုတော့ ဘူး။

ကိုယ့်အနေနဲ့ကျစ်ကျစ်လစ်လစ်ပေါ့နော်တစ်ကားဆို တစ်ကားပရိသတ်ကြည့်ရကျိုးနပ်တဲ့ ကားလေးလည်းဖြစ်စေချင်တဲ့အတွက် ကျွန်တော်တို့အခု လိုမျိုးသေသေသပ်သပ်ရိုက်ခွင့်ရှိတဲ့ ရိုက်လို့ရတဲ့ နေရာတစ်ခုမှာတည်တည်တံ့တံ့နဲ့အလုပ်လုပ်ပါမယ်။



ကျွန်တော်စပြီးအလုပ်လုပ်ခဲ့တဲ့အချိန်ကတည်းကနေ အခုအချိန်ထိတော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားတယ်။ အကောင်း ဆုံးလုပ်ခဲ့တယ်။အဲ့ဒါတွေကြောင့် နောက်ပိုင်းမှာလည်း အများကြီး အနုပညာတွေ ကိုဖန်တီးမှုကောင်းကောင်းတွေနဲ့ ချပြသွားဖို့ရှိပါတယ်” လို့ပြောပါတယ်။
လတ်တလောမှာတော့ နေတိုးက ကျွန်တော့်ရဲ့သူရုပ်ရှင်ဇာတ်ကားကြီးကို မိုးဟေကိုနဲ့ရိုက်ကူးနေတယ်လို့ သိရပါတယ်။Credit -original