Latest Posts

သူမတူတဲ့ သူမရဲ့ စူပါပါဝါ အကြောင်းပြောပြလာတဲ့သင်ဇာဝင့်ကျော်



ဖက်ရှင်အလန်းစားတွေ ဝတ်ဆင်လေ့ရှိတာကြောင့် အခုနောက်ပိုင်းပွဲတွေ တော်တော်များများ ဖိတ်ကြားခံရပြီး ပွဲတက် တွေများနေတာကတော့ သင်ဇာဝင့်ကျော်ပါ။ အခုလည်း Gold AYA Motors ရဲ့ ကားသစ်မိတ်ဆက်ပွဲကို တက်ရောက်လာ တာတွေ့ရပါ တယ်။

သင်ဇာဝင့်ကျော်ကတော့ ကားနဲ့ပတ်သက်ရင် သံယောဇဉ် ကြီးသူလို့ဆိုရမှာပါ။ ကိုယ်စီးနေကျကားကို တစ်စီးပြီးတစ်စီး ပြောင်းလဲစီးရတာကို မကြိုက်ဘဲ ရောင်းရမယ်ဆိုရင်လည်း နှမျောတသဖြစ်ပြီး မခွဲချင်ဘူးလို့ ဆိုပါတယ်။

ကားကို ကိုယ်တိုင်လည်း မောင်းလေ့ရှိသလို တချို့အလုပ်ကိစ်္စတွေ ဆိုရင်တော့ ဒရိုင်ဘာနဲ့ပဲ သွားလေ့ရှိသူပါ။ ရန်ကုန်မှာတော့ ကားလမ်းပိတ်တဲ့ ဒုက်္ခကတော့ လူတိုင်းကြုံ နေကြပါ။ ဒီလိုမျိုး တွေ မကြုံရအောင်ပွဲတက်တွေရှိရင် အိမ်ကအမြဲစောထွက်ဖြစ် တယ်လို့ ဆိုတဲ့ သင်ဇာဝင့်ကျော်က . . .



“စိတ်ရှည်ရတာပေါ့။ ကားအရမ်းကျပ်တဲ့အချိန်ဆို စောထွက်ရတာပေါ့။ ဒါပေမဲ့ ကြိုထွက်တာတောင်မှ တစ်ခါတလေ မိုးအရမ်းသည်းရင် လမ်းရေကြီးတယ်။ ဒီနေ့ပွဲဆိုရင် စောထွက်ခဲ့ တာပဲ။ ဒါပေမဲ့ လမ်းမှာရေတွေက ကြီးနေတယ်။ သင်ဇာ ၇မိုင်ခွဲကလာရတော့ နောက်ကျ သွားတယ်။ အဲဒီလိုမျိုးပေါ့။ မိုးရွာရင် ကားလမ်းပိတ်တယ်။

နည်းနည်းတော့ စိတ်ရှုပ်တာပေါ့။ အဲဒီလိုဆိုရင် ဒရိုင်ဘာနဲ့ပဲသွားဖြစ်တယ်” လို့ပြောပါတယ်။ ကားလမ်းပိတ်တဲ့ အခက်အခဲအပြင် ရန်ကုန်မြို့လယ်မှာဆိုရင်တော့ ကားပါကင်ရှာရတာလည်း မလွယ်လှပါဘူး။ ဒီလိုအခက် အခဲမဖြစ် အောင် ရန်ကုန်မြို့ထဲမှာ အထပ်မြင့်ကားပါကင်တွေ ဆောက်စေချင် တယ်လို့ဆိုတဲ့ သင်ဇာဝင့်ကျော်က …

“သင်ဇာက မြို့ထဲမှာနေတာမဟုတ်တော့ အဲဒီ ပြဿနာကို သိပ်မသိဘူး။ ဒါပေမဲ့ ခဏတဖြုတ် မြို့ထဲမှာပစ်္စည်း တစ်ခုသွားဝယ်လို့ ကားပါကင်ထိုးတယ်ဆိုရင် ကားပါကင်ရှာရတာ တအားခက်တယ်။ အဲဒါကြောင့် မြို့ထဲမှာနေတဲ့လူတွေကို ကိုယ်ချင်း စာတယ်။ အထပ်မြင့် ကားပါကင်တွေကို နေရာလွတ်ရှိရင်ဆောက် စေချင်တယ်။


ဘန်ကောက်လိုမျိုးပေါ့။ အဲဒါမျိုးဆို တအားအဆင်ပြေ တယ်” လို့ပြောပါတယ်။ သင်ဇာဝင့်ကျော်က ကားမောင်းကျွမ်းကျင် သူတစ်ဦးလို့ ဆိုရမှာပါ။ လူငယ်သဘာဝအနေနဲ့ Night Out တွေ ထွက်လေ့ရှိပေမယ့် ကားတိုက်မိတာမျိုး မကြုံခဲ့ရကြောင်း ကိုလည်း …


“ဘယ်လောက်ပဲမူးမူး အိမ်ကိုကားမောင်းပြီး ပြန်နိုင်တယ်။ ဘယ်လောက်မူးမူး ကားတစ်ချက်မတိုက်ဘဲနဲ့ အိမ်ကို ကိုယ့်ဘာသာကိုယ်ကား မောင်းပြီးပြန်နိုင်တယ်။ အဲဒါက သင်ဇာ့ရဲ့ စူပါပါဝါပေါ့” လို့ပြောပါတယ်။Credit -original