ကြီးမြတ်သောမြန်မာဇာတ်ကားမှာ ကိုရီယားတွေက ကျန်စစ်သားနဲ့ မဏိစန္နာကို နမ်းစေချင်တာဆိုတဲ့ ဝါဆိုမိုးဦး
ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့အားပေးမှုကိုလက်ခံရရှိထားပြီး အခုဆိုရင် သီချင်းတွေလည်းဆို သရုပ်ဆောင်လည်းလုပ်နေတဲ့ ဝါဆိုမိုးဦးကတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးသိပြီးသားပါ။အခု Pann Pwint Media နဲ့အင်တာဗျူးမှာပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ် ။
ဝါဆိုမိုးဦးက ကိုရီးယားနဲ့တွဲရိုက်ရတဲ့ အပေါ်ကခံစားချက်တွေကို “ ကျန်တဲ့ Sense တွေတော့ မပြောတတ်ဘူး ဝါဆိုအရမ်းသဘောကျတဲ့ တခန်းရှိပါတယ် ဝါဆိုကိုဖြိုးလေးကိုပြောပြပါတယ်။
ဝါဆိုတို့ ဒီမြန်မာတွေအနေနဲ့အယူအဆ သူတို့ဆီက အယူအဆလေးနဲ့ သူတို့ကလည်း ဝါဆိုတို့ဒီဇာတ်ကားကို မရိုက်ခင်သုံးလလေးလလောက်အကြာ ကြိုတင်ပြင်ဆင်မှုတွေ ဝါဆိုတို့သမိုင်းကြောင်းတွေကို ဝါဆိုတို့ထက်ပိုပြီးတော့ လေ့လာခဲ့တယ် သိကြတယ်ပေါ့။နောက်ဆုံးရိုက်ခဲ့တဲ့ နောက်ဆုံး Sense က ကျန်စစ်သားနဲ့ မဏိစန္ဒာက ဒီခရီးလမ်းစဉ်မှာ သဘောကျလာကြတယ်ပေါ့ တစ်ယောက်နဲ့တစ်ယောက် အကြည့်လေးတွေနဲ့ နောက်ဆုံး မြစ်ကမ်းနားဘေးမှာ ပြောရမယ်ဆိုရင်တော့ သူတို့က တစ်ယောက်နဲ့တစ်ယောက် နမ်းစေချင်တာ ကိုနိုင်းနိုင်းနဲ့ဝါဆိုကို နမ်းစေချင်တာ ။
သူတို့ရိုက်ရတဲ့ ဧရာဝတီ Sunsetလေးက အရမ်းလှနေတော့ သူတို့ကနမ်းစေချင်တာ ။ မြန်မာတွေကျတော့ အနော်ရထာကို ဆက်ရမယ့် မိဖုရားဖြစ်တဲ့အတွက် ကျန်စစ်သား ကမထိရက်ဘူး အဲ့ဒီလိုမျိုး သဘောထားကွဲလွဲသွားကြတယ်ပေါ့ ။MRTV-4 ကGroup တွေနဲ့ ကိုရီးယားတွေနဲ့ ကွဲလွဲသွားကြတယ်။
ကိုနိုင်းနိုင်းနဲ့ ဝါဆိုက အက်တင်လုပ်နေကြတာ ရှုတင်မှာတစ်ယောက် မရှိတော့ဘူး ရန်ဖြစ်ပြီးတော့ ထွက်သွားကြတာ မရိုက်ကြတော့ဘူး မရိုက်ကြတော့ဘူးဆိုပြီးတော့ အဲ့ဒါလေးတွေက အမှတ်တရပါပဲ နောက်ဆုံးတော့ အဆင်ပြေသွားပါတယ်။”ဆိုပြီးပြောပြသွားပါတယ်။credit-original