Latest Posts

ပိုင်တံခွန်ရဲ့အိမ်ပြန်ခရီးကို အရိပ်တကြည့်ကြည့်နဲ့လိုက်ပို့ခဲ့တဲ့ ထိုင်းကောင်မလေးတွေ


သွားစွယ်ချွန်ချွန်လေးတွေ ဆံပင်ရှည်ရှည်လေးတွေနဲ့ ရည်မွန်ယဉ်ကျေးတဲ့ မော်ဒယ်မင်းသားချောလေးပိုင်တံခွန်ဟာ ပြီးခဲ့တဲ့လပိုင်းလောက်ကစပြီး ထိုင်းမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးသွားခဲ့တာဖြစ်ပြီး ထိုင်းတင်မကပဲအခြားသောအိမ်နီးချင်းနိုင်ငံတွေဆီကိုပါ ပိုင်တံခွန်ရဲ့ အောင်မြင်မှုအရှိန်က ပျံ့နှံ့နေခဲ့တယ်လို့သိရပါတယ်။ ပိုင်တံခွန်က မကြာခင်ရက်ပိုင်းက ထိုင်းမှာ Fan Meeting သွားလုပ်ခဲ့ပြီး Fan Meeting ကို ထိုင်းက ပရိသတ်မိန်းကလေးထုကြီးက ကြိတ်ကြိတ်တိုးလာရောက်ခဲ့ကြပါသေးတယ်။



Fan Meeting ကို အောင်မြင်စွာပြုလုပ်ပြီးနောက်မှာတော့ ပိုင်တံခွန်က မြန်မာနိုင်ငံကို ချက်ချင်းပြည်တော်ပြန်လာသေးပဲဘန်ကောက်မှာ ရက်အနည်းငယ်လောက်အလုပ်တွေလုပ်နေပါသေးတယ်။ပိုင်တံခွန်က ဘန်ကောက်မှာရှိနေစဉ်က သူ့ရဲ့လူမှုကွန်ယက်မှာ ပရိသတ်တွေ ဟာခနဲဟင်ခနဲဖြစ်သွားစေမယ့် ဓာတ်ပုံလေးတစ်ပုံတင်ထားခဲ့ပြီး အဲဒီဓာတ်ပုံကြောင့်ပဲ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ စိန်ခေါ်မှုကို ခံခဲ့ရတယ်လို့လည်းပြောလို့ရပါတယ်။


ပိုင်တံခွန်တင်လိုက်တဲ့ ဓာတ်ပုံထဲမှာ ပိုင်တံခွန်က ဟော်တယ်က အသည်းပုံရေချိုးကန်ထဲမှာ ထိုင်နေပြီး နှင်းဆီပွင့်ဖတ်လေးတွေက ရင်အုပ်ပေါ်က တက်တူးတွေမှာ ဟိုတစ်ဖတ်ဒီတစ်ဖတ်တင်နေတာကို အသည်းယားစဖွယ်ဆွဲဆောင်ညို့ငင်မှုအပြည့်ရှိနေတာကိုမြင်ရမှာပါ။


ခန္ဓာကိုယ်အောက်ပိုင်းကိုတော့ ရေချိုးကန်ထဲက ဆပ်ပြာမြှုပ်တွေနဲ့ မလုံ့တလုံဖုံးထားတာကိုတွေ့ရပါတယ်။ အဲဒီဓာတ်ပုံကြောင့် ပိုင်တံခွန်က တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ကြောက်ခမန်းလိလိစိန်ခေါ်မှုကြီးတွေကိုခံနေရပါတယ်။

အဲဒါကတော့ “သတ္တိရှိရင် ခုချက်ချင်းမတ်တပ်ထရပ်လိုက်”ဆိုတဲ့ စိန်ခေါ်စကားတွေပါ။ ပရိသတ်တော်တော်များများက ပိုင်တံခွန်ကိုချော့တစ်ခါခြောက်တစ်လှည့်နဲ့ မတ်တပ်ရပ်ဖို့မြူဆွယ်ပြောဆိုနေကြပေမယ့် ပိုင်တံခွန်က မတ်တပ်ရပ်တဲ့ပုံကို မတင်လာခဲ့သေးပါဘူး။

အခုတော့ ပိုင်တံခွန်က ထိုင်းမှာလုပ်စရာရှိတဲ့အလုပ်တွေပြီးပြတ်သွားလို့ မြန်မာပြည်က ပရိသတ်တွေကို လွမ်းတယ်ဆိုပြီး အပြေးပြန်လာပါပြီ။ ထိုင်းက ပရိသတ်တွေကတော့ ပိုင်တံခွန်ရဲ့ အိမ်ပြန်ခရီးကို တပျော်တပါးကြီး လေဆိပ်ကိုလိုက်ပို့ခဲ့ကြတာတွေ့ရပါတယ်။ထိုင်းမချောချောလေးတွေက ပိုင်တံခွန် မြန်မာပြည်ကိုမပြန်ခင်မှာ လေဆိပ်ကိုလိုက်ပို့ခဲ့ကြပြီး ဓာတ်ပုံတွေအတူတူရိုက်ကာ ချစ်စရာလက်ဆောင်တွေလည်းပေးခဲ့ကြပါတယ်။ ပိုင်တံခွန်ကလည်း ထိုင်းပရိသတ်တွေကို ပွေ့ဖက်နှုတ်ဆက်ခဲ့ပြီး ရင်းရင်းနှီးနှီးစကားတွေဆိုကာ ပြုံးရွှင်ရယ်မောနေတာလည်းတွေ့ရပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ပရိသတ်တွေက လေဆိပ်ထိလိုက်ပို့လို့ ကလေးလေးလိုပြုံးပျော်ကြည်နူးနေတဲ့ ပိုင်တံခွန်ရဲ့ ဓာတ်ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးရော ပိုင်တံခွန်ကိုချစ်ကြလား။ နောက်ကို နိုင်ငံတကာနဲ့တွဲလုပ်မယ့် ပိုင်တံခွန်ရဲ့ အနုပညာအလုပ်တွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။Credit -original