ဒီအရွယ်အထိနုပျိုနေတဲ့ လျို့ဝှက်ချက်ကိုပြောပြတဲ့ မင်းဦး
မင်းဦးဟာဆိုရင် အသက်အရွယ်နဲ့မလိုက်အောင်နုပျိုပြီး သရုပ်ဆောင်လည်းကောင်းတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ မင်းဦးက မကြာသေးမီကမှချစ်သူကောင်မလေးနဲ့အိမ်ထောင်ပြုထားတာဖြစ်ပြီး သာယာလှပတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူပါ။မင်းဦးက မကြာသေးမီက 8days TV နဲ့ အင်တာဗျူးမှာ လတ်တလောအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ အခုအသက်အရွယ်အထိနုပျိုလန်းဆန်းရခြင်းရဲ့ လျို့ဝှက်ချက်ကိုပြောပြသွားပါတယ်။
မင်းဦးက လတ်တလောအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “အစ်ကိုရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကို ပြီးအောင် editing ပြန်ချောနေတယ်။ပြီးရင်တော့ Music တွေလုပ်ရမှာပေါ့။ အဲဒီကားလေးကိုလည်းအမြန်ဆုံးပြီးအောင်လုပ်နေတယ်။
အဲဒါပြီးရင်တော့ ရုပ်ရှင်ပြန်ရိုက်မှာပေါ့”လို့ ပြောထားပါယ်။အင်းလေးသင်္ကြန်ကိုသွားခဲ့တဲ့ မင်းဦးက အင်းလေးသင်္ကြန်ရဲ့အတွေ့အကြုံကို “ဒီလိုပဲပေါ့။ လှေတွေနဲ့ သူတို့ကလည်းရေပိုက်တွေနဲ့ပက်တာပဲ။ လှေတွေကိုပက်တာပေါ့။ လှေတွေက ရေတွေနဲ့ခပ်ထုတ်ပေါ့။
အဲဒီလိုသွားတာပဲ”လို့ ရယ်မောရင်းပြောပြထာပါတယ်။
အခုအချိန်အထိ ဆယ်ကျော်သက်ကောင်မလေးတွေကြွေရအောင် အရွယ်တင်ချောမောနေခြင်းရဲ့ လျို့ဝှက်ချက်ကိုတော့ မင်းဦးက “အဲဒီလိုတော့မဟုတ်ပါဘူး။ ဒီလိုပဲပျော်ပျော်နေတတ်လို့ထင်ပါတယ်။ ဒါကလည်း ဘယ်လိုပြောရမလဲ။ အစ်ကိုကံကောင်းတယ်လို့ပြောရမှာပေါ့။
အရွယ်ကတော့ဒီအရွယ်ကဒီအရွယ်ပါပဲ။ ဒါက နုပျိုတယ်ဆိုတာလည်း ကိုယ့်ရဲ့ကံကောင်းခြင်းတစ်ခုလို့ပဲကိုယ်လည်းထင်ပါတယ်။ ဒါပေမယ့် လူဆိုတာကတော့အိုချိန်တန်ရင်တော့ အိုရမှာပါပဲ”လို့ ပြောပြထားပါတယ်။
လူတွေသိချင်နေကြတဲ့ skincare ဘယ်လိုလုပ်လဲဆိုတာကို မင်းဦးက “အစ်ကိုတို့ကလည်း show bussiness ဆိုတော့ မျက်နှာနဲ့ ခန္ဓာကိုယ်ကိုအမြဲတမ်း care လုပ်ရတာပဲ။ ဒီလိုပဲ care လုပ်နေရတာပဲ”လို့ ပြောပြသွားပါတယ်။ မိဘတွေက မင်းဦးရဲ့ ရုပ်ရှင်တွေကြည့်လားဆိုတဲ့ မေးခွန်းကိုတြေ့မင်းဦးက “သူတို့ကတော့ ဘုရားတရားလုပ်တဲ့အရွယ်တွေဖြစ်သွားပြီ။
အစ်ကို့ရုပ်ရှင် ပွဲတွေဘာတွေရှိရင်တောင်မှမနည်းခေါ်ရတယ်။လူကြီးတွေ အသက်ကြီးလာပြီဆိုတော့ သူတို့လည်းသိပ်မသွားနိုင်ကြတော့ဘူး။ သိပ်လည်းမကြည့်ဖြစ်ကြတော့ဘူး။ ကြည့်ဖြစ်တယ်ဆိုရင်တောင်မှ သူတို့လည်း တရားနာတာလောက်ပဲကြည့်ဖြစ်တယ်ထင်ပါတယ်”လို့ ဖြေကြားထားပါတယ်။ပာချင်လွန်းလို့ပရိသတ်ကြီးရော မင်းဦးကို ချစ်ကြလား။ မင်းဦးရဲ့အနုပညာလှုပ်ရှားမှုတွေကိုရော ဆက်လက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။Credit -original