Latest Posts

ညဖက်ကြီး ခိုင်ထူးရဲ့ အုတ်ဂူကိုရောက်သွားတဲ့ အကြောင်းပြောပြတဲ့ ကိုနေဝင်း


အအောင်မြင်ဆုံး အဆွေးသီချင်း အလွမ်းသီချင်းတွေကို ရေးစပ်သီကုံးခဲ့တဲ့ ကိုနေဝင်းက သေဆုံးသွားပြီး ဖြစ်တဲ့ သူငယ်ချင်း အဆိုတော် ခိုင်ထူး ကို လွမ်းဆွတ်တမ်းတနေ ဖြစ်တဲ့ အကြောင်းအခုလိုပဲ ပြောသွားခဲ့ပါတယ်။ခိုင်ထူးပြောခဲ့တဲ့ စကားပေါ့လေ ငါးကြင်းဆီနဲ့ ငါးကြင်းကို ပြန်ကြော်လိုက်တာ။
သူလဲ ကျွန်တော်မသေခင် ပြုစုမယ်တဲ့ သေပြီးရင်တော့ မလွမ်းတော့ဘူးတဲ့ သူပဲစပြောခဲ့တာပဲ။ ဒါပေမယ့် ကျွန်တော်က မနေနိုင်တော့ တစ်နှစ်ပြည့်တော့ အုတ်ဂူပေါ်မှာ ပန်းစည်းလေးသွားချရင်နဲ့ နေဝင်တရာ အပုပ်ကောင်တွေ နိုးထတဲ့ အချိန် ဝိဥာဏ်တွေ နိုးထတဲ့အချိန် ညရောက်သွားတယ်။

ခိုင်ထူးအုတ်ဂူကို လိုက်ရှာလိုက်တာ တိုင်ပတ်ပြီး ညရောက်သွားတာပေါ့။ အဲ့ချိန်မှာ ကင်မရာနဲ့ ရိုက်ကြတာပေါ့ အဲ့ချိန် ငါ့ကို ငိုအောင် မလုပ်ကြပါနဲ့လို့ သူ့ကို ရင်ထဲက ခိုင်ထူးကို ချစ်တဲ့စိတ်က ဘယ်လောက်ကြီးသလဲဆိုတော့ အဲ့မှာ ပေါ်တာပဲ မသိစိတ်ကပြတာ။
သိစိတ်ကတော့ Sorry ပဲ ခိုင်ထူး မင်းသေ မင်းသေပြီးရင် မင်းထက်တော်တဲ့သူ လာလိမ့်မယ်။သူတို့နှစ်ဦး၏ သူငယ်ချင်း သံယောဇဉ်က အပြင်ပန်းတော့ ဘာမှဟုတ်ဟန် မပေါ်ပေမယ့် အတွင်းမှာတော့ တစ်ယောက်နှင့် တစ်ယောက် တော်တော်လေး တန်ဖိုးထားကြလိမ့်မယ်လို့လည်း မြင်မိပါတယ်။ ဒါဟာ အင်မတန်မှ ချစ်စဖွယ် အပြုအမူပါ။

နောက်ဆက်လက်ပြီး ကိုနေဝင်းက သူ့အိမ်မှာ အလှ ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေထဲက ကာတွန်း အဂ္ဂရေးဆွဲတဲ့ ပန်းချီကား အကြောင်းနှင့် ပြည်မြို့မှ စိုးလေး ရေးဆွဲခဲ့တဲ့ ပန်းချီကားအကြောင်းကို ရှင်းပြခဲ့ပြီး။ ပုဂံမှ ပန်းချီဆရာ မိတ်ဆွေထံမှ လက်ဆောင်ရရှိခဲ့တဲ့ ပန်းချီကားနှင့် ပတ်သတ်ပြီးတော့လည်း ကျေးဇူးတင်ကြောင်းပြောသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀စုနှစ်တစ်ခုမှာ အတွဲညီခဲ့ကြတဲ့ အဆိုတော်ကြီးတွေ ဖြစ်တဲ့ ခင်မောင်တိုး၊ ခိုင်ထူး တို့အတွက် နာမည်ကြီး သီချင်းများစွာ ရေးစပ်ခဲ့သော ကို နေဝင်းက မြန်မာ့ ဂီတလောကမှာ တန်ဖိုးထားလေးစားရမယ့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။၎င်းရေးစပ်ခဲ့တဲ့ သီချင်းများစွာဟာ ယနေ့ အချိန်ထိ ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ သီချင်းတွေအဖြစ် ရပ်တည်နေနိုင်တာဟာ ၄င်း၏ အရည်အချင်း တစ်ခုဖြစ်တာကြောင့် အသိအမှတ်ပြု လေးစားထိုက်သူ တစ်ဦးလည်း ဖြစ်ပါတယ်။Credit -original