ကန်စွန်းဥစားခြင်းဖြင့် အလွယ်တကူ ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ
Unicode
ကန်စွန်းဥဆိုတာနဲ့ ကျွန်တော်တု့ိ မြန်မာလူမျိုးတော်တော်များများကြိုက်ကြမှာပါ။ဆီလေးနဲ့ဆားလေးနဲ့သာစားလိုက်ရရင် အနှစ်ပဲ။ကန်စွန်းဥဆိုတာ ကစီဓာတ်တွေ၊ဗီတာမင်ဓာတ်တွေနဲ့ အမျှင်သတ္တုများစွာပါဝင်တဲ့ စားစရာတစ်ခုပါ။ဒါတင်မက ဝိတ်ချချင်ရင် ထမင်းမစားဘဲ ကန်စွန်းဥစားပြီး ဝိတ်တောင်ချလို့ရပါတယ်။ကျွန်တော်အခု ပြောပြချင်တာကတော့ ကန်စွန်းဥစားတာကို ကျန်းမာရေးရှု့ထောင့်ကကြည့်ရင် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။
(1)အဟာရဓာတ်များစွာ ပါဝင်ခြင်း
၂၀၀ဂရမ်ပါဝင်တဲ့ ကန်စွန်းဥဖျော်ရည်တစ်ခွက်မှာ ကယ်လိုရီ ၁၈၀ ဂရမ်၊ ပရိုတိန်းဓာတ် ၄ဂရမ်၊ ကစီဓာတ် ဝ.၃ဂရမ်၊ အမျှင်ဓာတ် ၆.၆ဂရမ်၊ ဗီတာမင်A၊ ဗီတာမင်C အစရှိတဲ့ အဟာရဓာတ်မြောက်မြားစွာ ပါဝင်ပါတယ်။ အကျဉ်းချုံးပြောရရင် ကန်စွန်းဥတွေက လိမ္မော်ရောင်နဲ့ ခရမ်းရောင်ဆိုပြီး အရောင်ကွဲတွေရှိပြီး ရရှိတဲ့အဟာရဓာတ်တွေဟာလည်း တစ်ခုနဲ့တစ်ခုမတူပါဘူး။
(2)အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူဖြစ်စေခြင်း
ကန်စွန်းဥမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ အူလမ်းကြောင်းကို အထူးသန့်ရှင်း ကျန်းမာစေပါတယ်။ လူတစ်ယောက်ဟာ အစားစားပြီးရင် ဒီအတိုင်းအစာချက်ဖို့ မလွယ်ကူလွန်းလှပါဘူး။ ဒါပေမယ့် ကန်စွန်းဥထဲမှာပါဝင်တဲ့ အမျှင်ဓာတ်ကတော့ အစာခြေတဲ့ အူလမ်းကြောင်းထဲ ရောက်သွားရင် ခန္ဓာကိုယ်ကနေ အစာချေဖို့ အက်ဆစ်ထုတ်စရာမလိုဘဲ အဲဒီအမျှင်ဓာတ်က သူ့အလိုလို အစာချေသွားမှာပါ။ ဒါကြောင့်ကျွန်တော်တို့ ကျေးလက်ဒေသတော်တော်များများမှာ လူကြီးပိုင်းအရွယ်တွေဟာ အစာအစာပြီးတာနဲ့ ကန်စွန်းဥလေးတွေကို အပိုင်းပိုင်းလေးတွေလှီး၊ ဆီလေးဆားလေးနဲ့နယ်ပြီး အဖန်ရည်လေးနဲ့လွေးတာကို မြင်တွေ့ရမှာပါ။
(3)ကင်ဆာဓာတ်ကို တိုက်ခိုက်နိုင်တဲ့ ဒြပ်ပေါင်းတိုက်ဖျက်ရေး ဓာတ်များစွာပါဝင်နေခြင်း
ကန်စွန်းဥမှာ ကင်ဆာကိုတိုက်ခိုက်နိုင်တဲ့ Antioxidant များစွာ ပါဝင်ပါတယ်။ Antioxidant ဆိုတာကတော့ မကောင်းတဲ့ဒြပ်ပေါင်း(ဥပမာ-ကင်ဆာ)တွေကို တိုက်ခိုက်နိုင်တဲ့ ဓာတ်တစ်မျိုးပါ။ ဒီလိုဓာတ်တွေတော်တော်များကို ကန်စွန်းဥမှာတွေ့ရပါတယ်။ ဒါကြောင့် ကန်စွန်းကို များများစားထားခြင်းက ကင်ဆာလိုရောဂါမျိုးကို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ပြီးသား ဖြစ်နေမှာပါ
(4)ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို တိုးမြှုင့်ပေးနိုင်ခြင်း
ခရမ်းရောင်ကန်စွန်းဥကို များများစားပေးခြင်းက ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို ပိုမိုတိုးမြှုင့် ပေးနိုင်ပါတယ်။ ခရမ်းရောင်ကန်စွန်းဥမှာ ပါဝင်တဲ့ Anthocyanins ဆိုတဲ့ဓာတ်က ဦးနှောက်ရဲ့ မှတ်နိုင်စွမ်းကို တိုးမြှုင့်ပေးစေပြီးတော့ ဘရိန်းကျူမာတို့၊ အယ်လ်ဇိုင်းမားတို့လို ဦးနှောက်မှာဖြစ်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။
(5)ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအားကို တိုးမြှုင့်ပေးနိုင်ခြင်း
လိမ္မော်ရောင်ကန်စွန်းဥကတော့ ကျန်တဲ့အရောင်နှစ်ရောင်ထက် သဘာဝဓာတ်များစွာ ပါဝင်ပါတယ်။ အထူးသဖြင့် ဗီတာမင်Aတွေ အမြောက်အမြား ပါဝင်ပါတယ်။ ဗီတာမင်Aများစွ ာပါဝင်တဲ့ အစားအစာတွေကို စားခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အထူးကောင်းမွန်စေပြီး သွေးလည်ပတ်မှုကို ထိန်းညှိပေးပါတယ်။ ဒါ့အပြင် ဗီတာမင်Aဟာ လည်ချာင်းထဲမှာရှိတဲ့ ချွဲသလိပ်တွေကို ကောင်းစွာထိန်းသိမ်းပေးနိုင်ပြီး အူလမ်းကြောင်းနဲ့ပတ်သတ်တွဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။Credit-shwemon