Credit -original
UNICODE
ပိုင်တံခွန်ကို သတိထားမိသွားပြီဖြစ်တဲ့ ထိုင်းမင်းသမီး Baifern Pimchanok
တက်သစ်စ လူငယ် မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ဟာဆိုရင် မြန်မာနိုင်ငံမှာ ရှိတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲဖြစ်ရုံသာမက ထိုင်းမလေးတွေကပါ ဝန်းရံအားပေးလာကြပါတယ်။ ပိုင်တံခွန် လူမှုကွန်ယက် စာမျက်နှာရှိ ဓာတ်ပုံများမှာ တစ်ဆင့် ပိုင်တံခွန်ကို ထိုင်းက ပရိတ်သတ်တွေ သတိထားမိလာကြပါတယ်။ ထိုင်းမှာ ပိုင်တံခွန်ကို လူကြိုက်များလာပြီး ထိုင်းသတင်းမီဒီယာများရဲ့ ဖော်ပြခြင်းကိုတောင်ခံခဲ့ရပါတယ်။ နာမည်ကျော် ထိုင်းမင်းသမီး Baifern Pimchanok ကပိုင်တံခွန်ကို ဘယ်လို သတိထားမိသွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
ပိုင်တံခွန်ကိုယ်တိုင် ထိုင်းမင်းသမီး Baifern ရဲ့ ပရိတ်သတ်တစ်ဦးဖြစ်ကြောင်း ဝန်ခံခဲ့ဖူးပါတယ်။ ပိုင်တံခွန်ဟာ Baifern ကို ဘယ်လောက်ထိ ကြိုက်နှစ်သက်လဲဆိုရင် Phone Wallpaper မှာ Baifern ရဲ့ ဓာတ်ပုံကို တင်ထားရတဲ့အထိပါပဲ။
Baifern ဟာ ပွဲတစ်ခုကို တက်ရောက်ရင်း အင်တာဗျူးမေးမြန်းသူတွေကို ‘ပိုင်တံခွန်ကို သိလား’ ဟုမေးမြန်းခဲ့တဲ့ အခါမှာတော့ သတိပြုမိကြောင်း ပြောကြားသွားပါတယ်။
Baifern ပိုင်တံခွန်အကြောင်း ဘယ်လိုပြောသွားလဲ ဗွီဒီယိုမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်>>
ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံရှိ လူငယ်များအကြား လတ်တလော ရေပန်းစားနေပြီး ထိုင်းသတင်းမီဒီယာတွေမှာပါ ဖော်ပြခြင်းခံနေရတာကြောင့် Baifern အနေနဲ့ သတိမထားမိစရာ အကြောင်းမရှိပါဘူး။
လက်ရှိ ပိုင်တံခွန်ဟာ “လိပ်ပြာစံအိမ်” ရုပ်ရှင်ကားကြီး ရိုက်ကူး ထုတ်လုပ်ရေး ကုမ္ပဏီနဲ့တောင် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပြီး အနုပညာခြေလှမ်းအသစ်တွေကို စတင်လျက်ရှိနေပါပြီ။
မြန်မာနိုင်ငံမှာသာမက နိုင်ငံခြားက ပရိတ်သတ်တွေ ဝန်းရံခြင်းခံနေရတဲ့ ပိုင်တံခွန် ဒီထက်မက အောင်မြင်ပါစေလို့ ပိုပိုလေးအဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Credit -original