Latest Posts

လမ်းလျှောက်သလောက် လျှပ်စစ်အားထုတ်ပေးနိုင်မယ့် စက်ကို သိပ္ပံပညာရှင်တွေတီထွင်

အျပင္သြားလုိ႔ပဲျဖစ္ျဖစ္၊ ခရီးထြက္လုိ႔ပဲျဖစ္ျဖစ္ ဖုန္းအားကုန္တဲ့အခ်ိန္မွာ ဖုန္းအားသြင္းဖုိ႔အတြက္ လုိအပ္လာတဲ့ အေရးေပၚ အေျခအေနေတြ ႀကံဳဖူးၾကမွာပါ။ ဒီလုိအခ်ိန္မွာ အားသြင္းႏိုင္မယ့္ လွ်ပ္စစ္ကလည္း မရိွ၊ power bank ကလည္း အားကုန္ဆုိရင္ ေတ္ာေတာ္ေလးကို ဒုကၡေရာက္ပါတယ္။ တရုတ္ႏုိင္ငံက ပညာရွင္ေတြကေတာ့ မိမိလမ္းေလွ်ာက္သေလာက္ လွ်ပ္အားထုတ္လုပ္ေပးမယ့္ စက္ကိရိယာတစ္ခုကို တီထြင္လုိက္ၿပီျဖစ္ေၾကာင္း South China Morning Post သတင္းစာက ေဖာ္ျပခဲ့ပါတယ္။
တရုတ္ႏိုင္ငံတကၠသိုလ္ စက္မႈအင္ဂ်င္နီယာဌာနက ကြ်မ္းက်င္ပညာရွင္ေတြဟာ prototype harvester လုိ႔ အမည္ေပးထားတဲ့ အဆုိပါ ကိရိယာေလးကို တီထြင္လုိက္ျခင္းပါ။ ကိုယ္ခႏၶာလႈပ္ရွားမႈျဖစ္တဲ့ ဇီဝဓာတုစြမ္းအင္ကေန လွ်ပ္စစ္စြမး္အင္ကုိ ေျပာင္းလဲႏိုင္မွာပဲျဖစ္ပါတယ္။အလြန္ေပါ့ပါးၿပီး သယ္ေဆာင္ရတာ လြယ္ကူေအာင္ စီစဥ္ထားတဲ့ အဆုိပါ စက္ကိရိယာေလးကုိ လမ္းေလွ်ာက္ခ်ိန္မွာ မိမိနဲ႔အတူ တပ္ဆင္ထားပါက လမး္ေလွ်ာက္တဲ့ အေပၚမူတည္ၿပီး လွ်ပ္စစ္ဓာတ္အားကုိ ထုတ္လုပ္ေပးသြားမွာပဲျဖစ္ပါတယ္။လမ္းေလွ်ာက္ခ်ိန္မွာ ဒူးေဒါင္းအေကြးအဆန္႔အေပၚ မူတည္ၿပီး လွ်ပ္စစ္ဓာတ္အားရရိွဖိ႔ု တီထြင္ထုတ္လုပ္ထားတာပါ။

ဒီစက္ကိရိယာေလးကို စမ္းသပ္ေနတာဟာ ယခုႏွစ္အေစာပိုင္းကတည္းကျဖစ္ၿပီး အခုမွ ေအာင္ေအာင္ျမင္ျမင္ ထုတ္လုပ္ႏိုင္ခဲ့ျခင္းပါ။ တီထြင္ထုတ္လုပ္ထားတဲ့သူေတြထဲက တစ္ေယာက္ကေတာ့ ဒီစက္နဲ႔ ပတ္သက္ၿပီးေတာ့ အလုပ္လုပ္ပုံကုိ အခုလုိေျပာျပခဲ့ပါတယ္။

“ တစ္နာရီမွာ ေလးကီလုိမီတာလမ္းေလွ်ာက္မယ္ဆုိရင္ ၁.၆ မီလီဝပ္အားရိွတဲ့ လွ်ပ္စစ္ကို ထုတ္ေပးႏိုင္ပါတယ္။ က်န္းမာသန္းစြမ္းတဲ့ လူတစ္ေယာက္ဟာ တစ္ေန႔ကို ေျခလွမ္းေပါင္း ရွစ္ေထာင္ကေန တစ္ေသာင္းအထိ လမ္းေလွ်ာက္မယ္ဆုိရင္ေတာ့ လွ်ပ္စစ္ဓာတ္အားထုတ္လႊတ္မႈဟာ Apple Watch လုိမ်ိဳး အီလက္ထေရာနစ္ပစၥည္းေတြကို ေကာင္းေကာင္းအားသြင္းႏိုင္ပါတယ္”လုိ႔ ဆုိပါတယ္။အဆုိပါစက္ကို ဝယ္ယူမယ္ဆုိရင္ ျမန္မာက်ပ္ေငြ ၂သိန္းဝန္းက်င္ က်သင့္မွာျဖစ္ပါတယ္။Credit-YYK
Unicode
အပြင်သွားလို့ပဲဖြစ်ဖြစ်၊ ခရီးထွက်လို့ပဲဖြစ်ဖြစ် ဖုန်းအားကုန်တဲ့အချိန်မှာ ဖုန်းအားသွင်းဖို့အတွက် လိုအပ်လာတဲ့ အရေးပေါ် အခြေအနေတွေ ကြုံဖူးကြမှာပါ။ ဒီလိုအချိန်မှာ အားသွင်းနိုင်မယ့် လျှပ်စစ်ကလည်း မရှိ၊ power bank ကလည်း အားကုန်ဆိုရင် တေ်ာတော်လေးကို ဒုက္ခရောက်ပါတယ်။ တရုတ်နိုင်ငံက ပညာရှင်တွေကတော့ မိမိလမ်းလျှောက်သလောက် လျှပ်အားထုတ်လုပ်ပေးမယ့် စက်ကိရိယာတစ်ခုကို တီထွင်လိုက်ပြီဖြစ်ကြောင်း South China Morning Post သတင်းစာက ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံတက္ကသိုလ် စက်မှုအင်ဂျင်နီယာဌာနက ကျွမ်းကျင်ပညာရှင်တွေဟာ prototype harvester လို့ အမည်ပေးထားတဲ့ အဆိုပါ ကိရိယာလေးကို တီထွင်လိုက်ခြင်းပါ။ ကိုယ်ခန္ဓာလှုပ်ရှားမှုဖြစ်တဲ့ ဇီဝဓာတုစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲနိုင်မှာပဲဖြစ်ပါတယ်။အလွန်ပေါ့ပါးပြီး သယ်ဆောင်ရတာ လွယ်ကူအောင် စီစဉ်ထားတဲ့ အဆိုပါ စက်ကိရိယာလေးကို လမ်းလျှောက်ချိန်မှာ မိမိနဲ့အတူ တပ်ဆင်ထားပါက လမ်းလျှောက်တဲ့ အပေါ်မူတည်ပြီး လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။လမ်းလျှောက်ချိန်မှာ ဒူးဒေါင်းအကွေးအဆန့်အပေါ် မူတည်ပြီး လျှပ်စစ်ဓာတ်အားရရှိဖိ့ု တီထွင်ထုတ်လုပ်ထားတာပါ။
ဒီစက်ကိရိယာလေးကို စမ်းသပ်နေတာဟာ ယခုနှစ်အစောပိုင်းကတည်းကဖြစ်ပြီး အခုမှ အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခဲ့ခြင်းပါ။ တီထွင်ထုတ်လုပ်ထားတဲ့သူတွေထဲက တစ်ယောက်ကတော့ ဒီစက်နဲ့ ပတ်သက်ပြီးတော့ အလုပ်လုပ်ပုံကို အခုလိုပြောပြခဲ့ပါတယ်။
“ တစ်နာရီမှာ လေးကီလိုမီတာလမ်းလျှောက်မယ်ဆိုရင် ၁.၆ မီလီဝပ်အားရှိတဲ့ လျှပ်စစ်ကို ထုတ်ပေးနိုင်ပါတယ်။ ကျန်းမာသန်းစွမ်းတဲ့ လူတစ်ယောက်ဟာ တစ်နေ့ကို ခြေလှမ်းပေါင်း ရှစ်ထောင်ကနေ တစ်သောင်းအထိ လမ်းလျှောက်မယ်ဆိုရင်တော့ လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုဟာ Apple Watch လိုမျိုး အီလက်ထရောနစ်ပစ္စည်းတွေကို ကောင်းကောင်းအားသွင်းနိုင်ပါတယ်”လို့ ဆိုပါတယ်။အဆိုပါစက်ကို ဝယ်ယူမယ်ဆိုရင် မြန်မာကျပ်ငွေ ၂သိန်းဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။Credit-YYK