Latest Posts
ဝေဖန်မှုတွေ မြင့်တက်နေတဲ့ အခမ်းနားဆုံးမေတ္တာထဲက ချီချီ့ရဲ့ ဇာတ်ဝင်ခန်း
Unicode
အခုနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်ကြည့် ပရိသတ်တွေဟာ ခံစားမှုစံ မြင့်တက်လာခဲ့သလို ရုပ်ရှင်ကြည့်ရှုတဲ့နေရာမှာလည်း အသေးစိတ်လိုက်ကြည့်နေတတ်ကြပါပြီ။ အခြေနေတစ်ခုဆီကို အပြောင်းလဲ တစ်ခုအဖြစ်သွားစေမယ့်ရုပ်ရှင်ကားတွေအကြောင်းကိုလည်း ပရိသတ်တွေက ချီးကျုးစရာရှိရင် အပြတ်သတ် ချီးကျုးခဲ့ကြပါတယ်။ အခု ပရိသတ်ရဲ့ အခြေနေအရတော့ ဝေဖန်စရာရှိနေရင်လည်း ပွင့်ပွင့်လင်းလင်းပြောဆိုဝေဖန်နေကြတယ် ဆိုတာ အားလုံးလည်းသိကြပြီးသားဖြစ်မှာပါ ။ အခမ်းနားဆုံးမေတ္တာရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံပေါ်မရောက်ခင်ကတည်းက ကိုးရီးယားနာမည်ကြီး ဇာတ်လမ်းတွဲတစ်ခုနဲ့ တူတတယ်ဆိုပြီးတော့ လည်း ဝေဖန်ခံခဲ့ရပါတယ် ။ အဲ့ဒီဝေဖန်ခံရတဲ့အချိန်မှာတော့ ဒီဇာတ်လမ်းဟာ တကယ်တူနေတယ် မတူနေဘူးဆိုတာကို မသိနိုင်သေးပါဘူး ။ အခမ်းနားဆုံး မေတ္တာဇာတ်ကားကြီးကတော့ တကယ့်ကို အကောင်းဆုံးပွဲထွက်လာခဲ့ပါတယ်။အဲ့ဒီဇာတ်ကားထဲမှာတော့ ပရိသတ်အချစ်တော် ချီချီတစ်ယောက်က အတွင်းရေးမှူးတစ်ယောက်ဖြစ်တဲ့ လိပ်ပြာ အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ တိုင်ရွန် ၊နေတိုး သူရိယ ၊ မေဘရဏီသော်၊ စိုးမြတ်သူဇာ စတဲ့ သရုပ်ဆောင်ကောင်းတွေအပြင် ဖိုးလပြည့်ကလည်း ပါဝင် အားဖြည့်သရုပ်ဆောင်ထားပါသေးတယ်။ ချစ်ခြင်းမေတ္တာကို အကောင်းဆုံးသရုပ်ဖော်ထားတဲ့ Drama ဇာတ်လမ်းကောင်းလေး တစ်ခုဖြစ်မယ်လို့လည်း ကျနော်တို့မျှော်လင့်လို့ရပါသေးတယ်။ အခုချိန်မှာတော့ ဒီ အခမ်းနားဆုံးမေတ္တာဇာတ်ကားနဲ့ ပတ်သက်ပြီး ဝေဖန် ထောက်ပြမှုတစ်ခုက အွန်လိုင်းပေါ်မှာ ပျံ့နှံ့ပြီး လူစိတ်ဝင်စားမှုရရှိနေပါတယ်။
အဲ့ဒီအချက်လေးကတော့ နေခြည်ဦးရဲ့ လည်ပင်းမှာ ဆွဲထားတဲ့ ဝန်ထမ်းကဒ်က နေခြည်ဦးပုံနဲ့ ဇာတ်ကားထဲက ကာရိုက်တာနာမည်ဖြစ်တဲ့ လိပ်ပြာဆိုတဲ့ နာမည်နဲ့ ကဒ်ဟုတ်မနေဘူးဆိုတာကို ထောက်ပြပြီးဝေဖန်နေကြတာပဲဖြစ်ပါတယ်။ သူတို့ ထောက်ပြဝေဖန်လို့်တဲ့ပုံမှာတော့ ဝန်ထမ်းကဒ်နေရာမှာ ဝါးနေတဲ့အတွက် ဘယ်ဟာမှန်တယ် မှားတယ်ဆိုတာကို ဆုံးဖြတ်လို့မရခဲ့ပါဘူး ။ ဒါပေမယ့်အခုချိန်မှာတော့ အဲ့ဒီရုပ်ရှင်ရဲ့ ထုတ်လုပ်ရေးဖြစ်တဲ့ 7th Sense Creation က ဒီဝန်းထန်းကဒ်ဟာ နေခြည်ဦးရဲ့ ဓာတ်ပုံနဲ့ပြုလုပ်ထားတာ ဖြစ်တဲ့အကြောင်းကို ခိုင်ခိုင်မာမာ သက်သေပြလိုက်ပါတယ်။ အဲ့ဒီလို သက်သေပြချိန်မှာလည်း Production ရဲ့ Page ကနေ “အခမ်းနားဆုံးမေတ္တာရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာပါတဲ့ လိပ်ပြာရဲ့ ဝန်ထမ်းကဒ်လေးပါနော်… ကတုံးလေးနဲ့ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်သလဲ လိပ်ပြာရယ်” ဆိုတဲ့စာသားလေးနဲ့ တင်ခဲ့တာပါ။ အဲ့ဒီလိုတင်ပြီး သိပ်မကြာခင်မှာပဲ 7th Sense Creation ကတော့ ပိုစ့်ကို ပြန်ဖျက်သွားခဲ့ပါတယ်။ချစ်သောမျက်စိနဲ့ကြည့်လျှင် အမျက်အအီ မရှိဆိုတဲ့ မြန်မာဆိုရိုးစကားလေး အတိုင်းပဲ ချစ်တဲ့မျက်စိနဲ့သွားကြည့်တဲ့ ခြည်ခြည့်ရဲ့ ဖန်တွေကတော့ ဒီလို အသေးဖွဲမျိုးလေးတွေကို ဂရုမစိုက်မိပေမယ့်လည်း တချို့လူတွေအတွက်ကတော့ ဒီလိုအချက်မျိုးဟာ တကယ်ကို ထောက်ပြလို့ကောင်းတဲ့ အကွက်တစ်ကွက်ဖြစ်သွားစေပါတယ်။ ဒါပေမယ့် Trailer ထဲမှာလည်း ဒီပုံပေါ်လောက်တဲ့ အနေထားကောင်းကောင်း မပါခဲ့ပါဘူး။ ဆိုတော့ ရုံတင်နေတဲ့ အချိန်မှာ သွားကြည့်ပြီးတော့ ဓာတ်ပုံရိုက်ခဲ့တာများလို့ စဉ်းစားစရာပါပဲ ။ အားလုံးရဲ့ အမြင်လေးတွေကို လည်း ပြန်လည် ဝေမျှပေးသွားကြပါဦးခင်ဗျာ ။ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်တွေကိုကို အကောင်းဆုံး ပြင်ဆင်တတ်တဲ့ ချီချီရဲ့ သရုပ်ဆောင်ကောင်းမွန်မှုတွေကို ဆက်လက်တွေ့မြင်ရမယ့် ဇာတ်ကားတစ်ကား ဖြစ်ဦးမှာပါ။Credit-burmese sia