မူးလာပြီဆိုရင် တစ်ယောက်ယောက်ဆီ ဖုန်းဆက်ချင်ကြတဲ့ အကြောင်းရင်း(၅)ခု
ကုိယ့္သူငယ္ခ်င္းေတြထဲမွာ ရွိၾကမွာပါ။ မူးလာၿပီဆုိရင္ မၿပီးႏုိင္မစီးႏုိင္ ဖုန္းဆက္တဲ့သူမ်ိဳးေတြ၊ မသိဘူး..ရင္ဖြင့္မယ္ ဆုိတဲ့သူမ်ိဳးေတြ မ်ားမွမ်ားပဲ။ ဒီေတာ့ စဥ္းစားစရာေတြ ျဖစ္ကုန္ပါတယ္။ လူေတြ မူးလာတဲ့အခါ ဘာလုိ႔ ဖုန္းဆက္ခ်င္ၾကတာလဲ။ ေအာက္က အခ်က္ေလးေတြကုိ ဖတ္ၾကည့္လုိက္ရေအာင္။
(၁)။ မူးလာတဲ့အခါ သတၱိရွိလာၾကလုိ႔
တခ်ိဳ႕က မမူးခင္သာ ေအးတိေအးစက္နဲ႔ ဘာမွန္းမသိ ၿမဳံစိစိ လုပ္ၾကေပမယ့္ မူးလာၿပီဆုိရင္ေတာ့ ေျပာစရာစကားေတြ မကုန္ႏုိင္ေအာင္ ျဖစ္ကုန္ၾကပါၿပီ။ ကုိယ့္စိတ္ထဲမွာ မေျပာရဲလုိ႔ သိမ္းထားတာေတြ၊ မေျပာျဖစ္ခဲ့တာေတြကုိလည္း ေျပာဖုိ႔ အဆင္သင့္ျဖစ္ကုန္ၾကၿပီ။ အဲဒီေတာ့ မူးလာၿပီဆုိရင္ သူတုိ႔ ေျပာခ်င္တာေတြ ေျပာဖုိ႔အတြက္ တစ္ေယာက္ေယာက္ကုိ ဖုန္းဆက္ေတာ့တာပါပဲ။ အဲဒီအခ်ိန္ ကုိင္မိတဲ့သူကေတ့ နားၿငီးဖုိ႔သာ ျပင္ထားေပေတာ့။
(၂)။ မဆုံးျဖတ္ႏုိင္ၾကလုိ႔
တခ်ိဳ႕ကေတာ့ မူးလာၿပီဆုိရင္ အရမ္းေတြ လမ္းေပ်ာက္ကုန္ၾကတယ္။ အိမ္ျပန္ရင္ေကာင္းမလား၊ ေလွ်ာက္သြားရရင္ေကာင္းမလား။ လမ္းေလွ်ာက္ရင္ေကာင္းမလား၊တကၠစီစီးရင္ေကာင္းမလား ..စသျဖင့္ လြယ္လြယ္ေလး ကုိယ့္ဘာသာ ဆုံးျဖတ္လုိ႔ရမယ့္ကိစၥေတြကုိေတာင္ မဆုံးျဖတ္ႏုိင္ၾကပဲ ျဖစ္ကုန္ေတာ့တာပါ။ ဒီေတာ့ တစ္ေယာက္ေယာက္ကုိ ဖုန္းဆက္ၿပီး ဘာလုပ္ရင္ေကာင္းမလဲဆုိတာ ေမးတတ္ၾကတယ္။ အေမးခံရတဲ့သူကေတာ့ ဘာေတြလာေမးေနတာလဲ လုိ႔ ထင္ေကာင္းထင္မွာျဖစ္ေပမယ့္ သူတုိ႔အတြက္ေတာ့ တကယ့္ကုိ မဆုံးျဖတ္ႏုိင္ၾကပဲ ေ၀ေ၀၀ါး၀ါးေတြ ျဖစ္ေနၾကတာေၾကာင့္ပါ။
(၃)။ ဆက္ၿပီးကဲဖုိ႔အေဖာ္လုိခ်င္လုိ႔
တခ်ိဳ႕ကေတာ့ မူးလာရင္ ေနာက္တစ္ေနရာ ထပ္ၿပီးသြားခ်င္တာေၾကာင့္၊ ဒါမွမဟုတ္ ဆက္ၿပီး ကဲခ်င္ေသးတာေၾကာင့္ အေဖာ္ညွိတဲ့အေနနဲ႔ ဖုန္းဆက္တတ္ၾကပါတယ္။ က်န္တဲ့အခ်ိန္ေတြမွာသာ တစ္ေယာက္တည္း ေလွ်ာက္သြားခ်င္သြားေနမယ္၊ မူးေနၿပီဆုိရင္ေတာ့ ခ်က္ခ်င္းႀကီး အေဖာ္လုိခ်င္လာေရာ၊ တစ္ေယာက္တည္းသြားရတာ ပ်င္းသလုိလုိ၊ အားငယ္သလုိလုိေတြျဖစ္လာေရာ။ ဒီလုိနဲ႔ ဆက္ၿပီး ကဲဖုိ႔ အေဖာ္လုိခ်င္တာေၾကာင့္လည္း သူငယ္ခ်င္းေတြဆီ ဖုုန္းဆက္တတ္ၾကပါတယ္။
(၄)။ မူးေနတဲ့အခါ ေျပာတဲ့စကားေတြက အျပစ္မရွိဘူးလုိ႔ ထင္တတ္ၾကလုိ႔
တခ်ိဳ႕ကေတာ့ မူးလာၿပီဆုိရင္ သူတုိ႔ မ်က္မွန္းတန္းမိေနတဲ့ေကာင္မေလးတစ္ေယာက္ေယာက္၊ ဒါမွမဟုတ္ သူငယ္ခ်င္းေတြထဲက တစ္ေယာက္ေယာက္၊ ဒါမွမဟုတ္ သူတုိ႔ က်ိတ္ၿပီးႀကိဳက္ေနတဲ့ တစ္ေယာက္ေယာက္ဆီ ဖုန္းဆက္တတ္ၾကတယ္။ ၿပီးရင္ ရည္းစားစကားေျပာေတာ့တာပါပဲ။ ဘာလုိ႔လဲဆုိေတာ့ မူးေနတဲ့အခ်ိန္မွာ သူတုိ႔ေျပာတဲ့ စကားေတြက အျပစ္မရွိဘူးလုိ႔ ထင္တတ္ၾကတာေၾကာင့္ပါ။ သူတုိ႔အတြက္ေတာ့ အခုအခ်ိန္မွာ ေျပာလုိက္လုိ႔ ျပန္ႀကိဳက္ရင္ အျမတ္ပဲေလ၊ ျပန္မႀကိဳက္ပဲ စိတ္ဆုိးသြားတယ္ဆုိရင္လည္း မူးေနလုိ႔ေျပာမိတာ ဆုိၿပီး ေရာခ်လုိက္လုိ႔ရတယ္ဆုိေတာ့….။
(၅)။ ရစ္ခ်င္လုိ႔
တခ်ိဳ႕ကေတာ့ ဘာမွန္းမသိပဲ မူးလာရင္ ဖုန္းဆက္ၿပီး ရစ္က်တယ္ေနာ္။ မူးလာၿပီဆုိ သူတုိ႔မွာ ရစ္စရာ ကိစၥက တစ္မ်ိဳးမဟုတ္ တစ္မ်ိဳးရွိေနတတ္တယ္။ တခ်ိဳ႕ဆုိရင္ ရစ္ခ်င္လုိ႔မ်ား မူးေအာင္ေသာက္ၾကသလားလုိ႔ ထင္ရေလာက္ေအာင္ ကုိပဲ ရစ္ၾကတာပါ။ ဘယ္လုိအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ စိတ္ညစ္ဖုိ႔အေကာင္းဆုံးက မူးလာရင္ ရစ္တဲ့သူေတြေၾကာင့္ပဲျဖစ္ၿပီး သူတုိ႔အသံၾကားလုိ႔ မူးေနမွန္းသိၿပီဆုိတာနဲ႔ ဖုန္းကုိခ်က္ခ်င္း ပိတ္လုိက္ဖုိ႔က အသင့္ေတာ္ဆုံးပါပဲေနာ္။Credit-Linn
Unicode
မူးလာတဲ့အချိန်ကျရင် တစ်ယောက်ယောက်ဆီကို ဖုန်းဆက်ဖို့အတွက် ဖုန်းနံပတ်တွေ နှိပ်နေခဲ့ဖူးလား။ ကိုယ်နဲ့ မတည့်တဲ့တစ်ယောက်ယောက်ပဲဖြစ်ဖြစ်၊ ကိုယ့်ကို ပြန်မကြိုက်သေးတဲ့တစ်ယောက်ယောက်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ သူငယ်ချင်းတစ်ယောက်ယောက်ဆီပဲဖြစ်ဖြစ်ပေါ့။
ကိုယ့်သူငယ်ချင်းတွေထဲမှာ ရှိကြမှာပါ။ မူးလာပြီဆိုရင် မပြီးနိုင်မစီးနိုင် ဖုန်းဆက်တဲ့သူမျိုးတွေ၊ မသိဘူး..ရင်ဖွင့်မယ် ဆိုတဲ့သူမျိုးတွေ များမှများပဲ။ ဒီတော့ စဉ်းစားစရာတွေ ဖြစ်ကုန်ပါတယ်။ လူတွေ မူးလာတဲ့အခါ ဘာလို့ ဖုန်းဆက်ချင်ကြတာလဲ။ အောက်က အချက်လေးတွေကို ဖတ်ကြည့်လိုက်ရအောင်။
(၁)။ မူးလာတဲ့အခါ သတ္တိရှိလာကြလို့
တချို့က မမူးခင်သာ အေးတိအေးစက်နဲ့ ဘာမှန်းမသိ မြုံစိစိ လုပ်ကြပေမယ့် မူးလာပြီဆိုရင်တော့ ပြောစရာစကားတွေ မကုန်နိုင်အောင် ဖြစ်ကုန်ကြပါပြီ။ ကိုယ့်စိတ်ထဲမှာ မပြောရဲလို့ သိမ်းထားတာတွေ၊ မပြောဖြစ်ခဲ့တာတွေကိုလည်း ပြောဖို့ အဆင်သင့်ဖြစ်ကုန်ကြပြီ။ အဲဒီတော့ မူးလာပြီဆိုရင် သူတို့ ပြောချင်တာတွေ ပြောဖို့အတွက် တစ်ယောက်ယောက်ကို ဖုန်းဆက်တော့တာပါပဲ။ အဲဒီအချိန် ကိုင်မိတဲ့သူကတေ့ နားငြီးဖို့သာ ပြင်ထားပေတော့။
(၂)။ မဆုံးဖြတ်နိုင်ကြလို့
တချို့ကတော့ မူးလာပြီဆိုရင် အရမ်းတွေ လမ်းပျောက်ကုန်ကြတယ်။ အိမ်ပြန်ရင်ကောင်းမလား၊ လျှောက်သွားရရင်ကောင်းမလား။ လမ်းလျှောက်ရင်ကောင်းမလား၊တက္ကစီစီးရင်ကောင်းမလား ..စသဖြင့် လွယ်လွယ်လေး ကိုယ့်ဘာသာ ဆုံးဖြတ်လို့ရမယ့်ကိစ္စတွေကိုတောင် မဆုံးဖြတ်နိုင်ကြပဲ ဖြစ်ကုန်တော့တာပါ။ ဒီတော့ တစ်ယောက်ယောက်ကို ဖုန်းဆက်ပြီး ဘာလုပ်ရင်ကောင်းမလဲဆိုတာ မေးတတ်ကြတယ်။ အမေးခံရတဲ့သူကတော့ ဘာတွေလာမေးနေတာလဲ လို့ ထင်ကောင်းထင်မှာဖြစ်ပေမယ့် သူတို့အတွက်တော့ တကယ့်ကို မဆုံးဖြတ်နိုင်ကြပဲ ဝေေ၀ဝါးဝါးတွေ ဖြစ်နေကြတာကြောင့်ပါ။
(၃)။ ဆက်ပြီးကဲဖို့အဖော်လိုချင်လို့
တချို့ကတော့ မူးလာရင် နောက်တစ်နေရာ ထပ်ပြီးသွားချင်တာကြောင့်၊ ဒါမှမဟုတ် ဆက်ပြီး ကဲချင်သေးတာကြောင့် အဖော်ညှိတဲ့အနေနဲ့ ဖုန်းဆက်တတ်ကြပါတယ်။ ကျန်တဲ့အချိန်တွေမှာသာ တစ်ယောက်တည်း လျှောက်သွားချင်သွားနေမယ်၊ မူးနေပြီဆိုရင်တော့ ချက်ချင်းကြီး အဖော်လိုချင်လာရော၊ တစ်ယောက်တည်းသွားရတာ ပျင်းသလိုလို၊ အားငယ်သလိုလိုတွေဖြစ်လာရော။ ဒီလိုနဲ့ ဆက်ပြီး ကဲဖို့ အဖော်လိုချင်တာကြောင့်လည်း သူငယ်ချင်းတွေဆီ ဖုန်းဆက်တတ်ကြပါတယ်။
(၄)။ မူးနေတဲ့အခါ ပြောတဲ့စကားတွေက အပြစ်မရှိဘူးလို့ ထင်တတ်ကြလို့
တချို့ကတော့ မူးလာပြီဆိုရင် သူတို့ မျက်မှန်းတန်းမိနေတဲ့ကောင်မလေးတစ်ယောက်ယောက်၊ ဒါမှမဟုတ် သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်၊ ဒါမှမဟုတ် သူတို့ ကျိတ်ပြီးကြိုက်နေတဲ့ တစ်ယောက်ယောက်ဆီ ဖုန်းဆက်တတ်ကြတယ်။ ပြီးရင် ရည်းစားစကားပြောတော့တာပါပဲ။ ဘာလို့လဲဆိုတော့ မူးနေတဲ့အချိန်မှာ သူတို့ပြောတဲ့ စကားတွေက အပြစ်မရှိဘူးလို့ ထင်တတ်ကြတာကြောင့်ပါ။ သူတို့အတွက်တော့ အခုအချိန်မှာ ပြောလိုက်လို့ ပြန်ကြိုက်ရင် အမြတ်ပဲလေ၊ ပြန်မကြိုက်ပဲ စိတ်ဆိုးသွားတယ်ဆိုရင်လည်း မူးနေလို့ပြောမိတာ ဆိုပြီး ရောချလိုက်လို့ရတယ်ဆိုတော့….။
(၅)။ ရစ်ချင်လို့
တချို့ကတော့ ဘာမှန်းမသိပဲ မူးလာရင် ဖုန်းဆက်ပြီး ရစ်ကျတယ်နော်။ မူးလာပြီဆို သူတို့မှာ ရစ်စရာ ကိစ္စက တစ်မျိုးမဟုတ် တစ်မျိုးရှိနေတတ်တယ်။ တချို့ဆိုရင် ရစ်ချင်လို့များ မူးအောင်သောက်ကြသလားလို့ ထင်ရလောက်အောင် ကိုပဲ ရစ်ကြတာပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် စိတ်ညစ်ဖို့အကောင်းဆုံးက မူးလာရင် ရစ်တဲ့သူတွေကြောင့်ပဲဖြစ်ပြီး သူတို့အသံကြားလို့ မူးနေမှန်းသိပြီဆိုတာနဲ့ ဖုန်းကိုချက်ချင်း ပိတ်လိုက်ဖို့က အသင့်တော်ဆုံးပါပဲနော်။Credit-Linn