Latest Posts

ရုပ်ရှင်အစည်းအရုံးဥက္ကဌ ပြန်လုပ်မှာမဟုတ်ဘူးဆိုတဲ့ လူမင်း

သ႐ုပ္ေဆာင္ လူမင္းကေတာ့ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌအျဖစ္ ျပန္လည္ေဆာင္႐ြက္သြားမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ ဥကၠဌေဟာင္း ဦးဇင္ဝိုင္းႏုတ္ထြက္ခဲ့တဲ့ အေပၚမွာလည္း ကိုယ္ခ်င္းစာတယ္လို႔ ေျပာပါတယ္။မန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌေဟာင္း ဦးဇင္ဝိုင္းကေတာ့ ႏိုဝင္ဘာလ ၁ ရက္ေန႔က စၿပီး ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌရာထူးကေန ႏႈတ္ထြက္စာတင္ခဲ့တာျဖစ္ပါတယ္။ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌေဟာင္းျဖစ္သူ ဦးလူမင္းကလည္း ဥကၠဌတစ္ေယာက္အေနနဲ႔ ျပန္လည္လုပ္ကိုင္သြားမွာ မဟုတ္ဘူးလို႔ မီဒီယာ အင္တာဗ်ဴးေတြကေနတဆင့္ ေျဖဆိုခဲ့ပါတယ္။

“႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌျပန္လုပ္ဖို႔ေတာ့ အစီအစဥ္မရွိပါဘူး။ ကြၽန္ေတာ္လုပ္မယ္လို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့တဲ့ အခ်ိန္တုန္းကေတာ့ တုံးတိုက္တိုက္၊ က်ားကိုက္ကိုက္ လုပ္မယ္ဆိုတဲ့စိတ္နဲ႔ ဆုံးခန္းတိုင္ေအာင္ ကြၽန္ေတာ္ လုပ္ခဲ့ပါတယ္။ ကြၽန္ေတာ္ လုပ္ႏိုင္သေလာက္ လုပ္ၿပီးၿပီဆိုရင္ေတာ့ ျပန္လုပ္ဖို႔ စိတ္ကူးမရွိေတာ့ပါဘူး။” ဆိုၿပီးေတာ့ ႏိုဝင္ဘာလ ၁၇ ရက္ေန႔က “ကိုကို ငလက္မ”႐ုပ္ရွင္ကားႀကီး အထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

လူမင္းဟာ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌတစ္ေယာက္အျဖစ္ ၂၀၁၄ ခုႏွစ္ကစၿပီး ၂၀၁၇ ခုႏွစ္အထိ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဦးဇင္ဝိုင္းကို ကိုယ္ခ်င္းစာတယ္လို႔ ေျပာပါတယ္။“ အစည္းအ႐ုံး ဥကၠဌေနရာနဲ႔ပတ္သက္ၿပီးေတာ့ ဒါကလည္း လူတစ္ေယာက္ရဲ႕အေၾကာင္းက ကာယကံရွင္ေလာက္ ဘယ္သူမွမသိႏိုင္ပါဘူး။ ႐ုပ္ရွင္အစည္းအ႐ုံးဥကၠဌ တစ္ေယာက္ေနရာကေျပာရမယ္ဆိုရင္လည္း ကိုယ္ခ်င္းစာပါတယ္။ တာဝန္ႀကီးၿပီးေတာ့ စိတ္ဖိစီးမႈ အင္မတန္မ်ားတဲ့ေနရာ၊ လုပ္ရ ကိုင္ရတာ တကယ္ခက္တဲ့ေနရာ ဒီလို ဖိစီးမႈေတြေၾကာင့္ ဦးဇင္ဝိုင္း အနားယူသြားတယ္လို႔ပဲ ထင္ပါတယ္” လို႔ ဆိုပါတယ္။
လက္ရွိမွာေတာ့ လူမင္းက ဥကၠဌရာထူးက နားၿပီးတဲ့အခ်ိန္မွာ အႏုပညာအလုပ္ေတြကို တစိုက္မတ္မတ္ လုပ္ေဆာင္ေနတာ ေတြ႕ရပါတယ္။ အခုလည္း “ဗိုလ္ခ်ဳပ္ေအာင္ဆန္း”႐ုပ္ရွင္ဇာတ္ကားႀကီးကို ဒါ႐ိုက္တာ တစ္ေယာက္အျဖစ္ တာဝန္ယူ ႐ိုက္ကူးေနတာပါ။ ဒီဇာတ္ကားမွာ မိတ္ကပ္လိမ္းျခယ္မႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ေဝဖန္မႈေတြရွိေနတယ္လို႔ သိရပါတယ္။“ ေအာင္ဆန္း႐ုပ္ရွင္ကေတာ့ ရာခိုင္ႏႈန္းအရေျပာရရင္ ၅ ပုံ ပုံရင္ တစ္ပုံေလာက္ ၿပီးသြားပါၿပီ။ အခုလည္း ဆက္႐ိုက္ေနတုန္းပါပဲ။ ေဝဖန္မႈေတြနဲ႔ ပတ္သက္ၿပီး အခုခ်ိန္မွာေတာ့ ေျဖရွင္းဖို႔ မလိုဘူးလို႔ အစ္ကို ယူဆပါတယ္။ ပိတ္ကားေပၚမွာ ဆက္လက္ရႈစားပါလို႔ပဲ ကြၽန္ေတာ္ ေျပာပါရေစ” လို႔ သူကဆိုပါတယ္။
လူမင္းကေတာ့ အကယ္ဒမီဆု ၄ ဆု ပိုင္ဆိုင္ထားတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ သူဟာ ၂၀၀၂ ခုႏွစ္က ေ႐ႊမႈံႀကဲတဲ့ မိုးေကာင္းကင္ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသား ဇာတ္ေဆာင္ဆု၊ ၂၀၀၅ ခုႏွစ္မွာ “က်န္စစ္မင္း” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသား ဇာတ္ေဆာင္ဆု နဲ႔ အေကာင္းဆုံး ဓာတ္ပုံဆု ၊ ၂၀၁၆ ခုႏွစ္မွာေတာ့ “ပေရာ္ဖက္ဆာ ေဒါက္တာဆိတ္ဖြားနဲ႔ ၿမိဳင္ရာဇာတာေတ”႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံး အမ်ိဳးသား ဇာတ္ပို႔ဆု တို႔ကို ရရွိပိုင္ဆိုင္ထားတာပါ။ ၂၀၁၄ ခုႏွစ္မွာေတာ့ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌရာထူးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္အတြင္းမွာ ႏုတ္ထြက္ခဲ့တာျဖစ္ပါတယ္။Credit-burmese.asia
Unicode
သရုပ်ဆောင် လူမင်းကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် ပြန်လည်ဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဥက္ကဌဟောင်း ဦးဇင်ဝိုင်းနုတ်ထွက်ခဲ့တဲ့ အပေါ်မှာလည်း ကိုယ်ချင်းစာတယ်လို့ ပြောပါတယ်။မန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်း ဦးဇင်ဝိုင်းကတော့ နိုဝင်ဘာလ ၁ ရက်နေ့က စပြီး ရုပ်ရှင်အစည်းအရုံး ဥက္ကဌရာထူးကနေ နှုတ်ထွက်စာတင်ခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်းဖြစ်သူ ဦးလူမင်းကလည်း ဥက္ကဌတစ်ယောက်အနေနဲ့ ပြန်လည်လုပ်ကိုင်သွားမှာ မဟုတ်ဘူးလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

“ရုပ်ရှင်အစည်းအရုံး ဥက္ကဌပြန်လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။ ကျွန်တော်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ အချိန်တုန်းကတော့ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် လုပ်မယ်ဆိုတဲ့စိတ်နဲ့ ဆုံးခန်းတိုင်အောင် ကျွန်တော် လုပ်ခဲ့ပါတယ်။ ကျွန်တော် လုပ်နိုင်သလောက် လုပ်ပြီးပြီဆိုရင်တော့ ပြန်လုပ်ဖို့ စိတ်ကူးမရှိတော့ပါဘူး။” ဆိုပြီးတော့ နိုဝင်ဘာလ ၁၇ ရက်နေ့က “ကိုကို ငလက်မ”ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

လူမင်းဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌတစ်ယောက်အဖြစ် ၂၀၁၄ ခုနှစ်ကစပြီး ၂၀၁၇ ခုနှစ်အထိ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဦးဇင်ဝိုင်းကို ကိုယ်ချင်းစာတယ်လို့ ပြောပါတယ်။“ အစည်းအရုံး ဥက္ကဌနေရာနဲ့ပတ်သက်ပြီးတော့ ဒါကလည်း လူတစ်ယောက်ရဲ့အကြောင်းက ကာယကံရှင်လောက် ဘယ်သူမှမသိနိုင်ပါဘူး။ ရုပ်ရှင်အစည်းအရုံးဥက္ကဌ တစ်ယောက်နေရာကပြောရမယ်ဆိုရင်လည်း ကိုယ်ချင်းစာပါတယ်။ တာဝန်ကြီးပြီးတော့ စိတ်ဖိစီးမှု အင်မတန်များတဲ့နေရာ၊ လုပ်ရ ကိုင်ရတာ တကယ်ခက်တဲ့နေရာ ဒီလို ဖိစီးမှုတွေကြောင့် ဦးဇင်ဝိုင်း အနားယူသွားတယ်လို့ပဲ ထင်ပါတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ လူမင်းက ဥက္ကဌရာထူးက နားပြီးတဲ့အချိန်မှာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အခုလည်း “ဗိုလ်ချုပ်အောင်ဆန်း”ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ တစ်ယောက်အဖြစ် တာဝန်ယူ ရိုက်ကူးနေတာပါ။ ဒီဇာတ်ကားမှာ မိတ်ကပ်လိမ်းခြယ်မှုတွေနဲ့ ပတ်သက်ပြီးတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေဖန်မှုတွေရှိနေတယ်လို့ သိရပါတယ်။“ အောင်ဆန်းရုပ်ရှင်ကတော့ ရာခိုင်နှုန်းအရပြောရရင် ၅ ပုံ ပုံရင် တစ်ပုံလောက် ပြီးသွားပါပြီ။ အခုလည်း ဆက်ရိုက်နေတုန်းပါပဲ။ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး အခုချိန်မှာတော့ ဖြေရှင်းဖို့ မလိုဘူးလို့ အစ်ကို ယူဆပါတယ်။ ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားပါလို့ပဲ ကျွန်တော် ပြောပါရစေ” လို့ သူကဆိုပါတယ်။

လူမင်းကတော့ အကယ်ဒမီဆု ၄ ဆု ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၂၀၀၂ ခုနှစ်က ရွှေမှုံကြဲတဲ့ မိုးကောင်းကင် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ ၂၀၀၅ ခုနှစ်မှာ “ကျန်စစ်မင်း” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု နဲ့ အကောင်းဆုံး ဓာတ်ပုံဆု ၊ ၂၀၁၆ ခုနှစ်မှာတော့ “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနဲ့ မြိုင်ရာဇာတာတေ”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု တို့ကို ရရှိပိုင်ဆိုင်ထားတာပါ။ ၂၀၁၄ ခုနှစ်မှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌရာထူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။Credit-burmese.asia