Latest Posts

အိမ်ဖော်တွေအနိုင်ကျင့်ခံရသလိုဒီတစ်ခါတော့အိမ်ဖော်ကပြန်အနိုင်ကျင်တာပါ

(၁၁.၁၀.၂၀၁၆) အျဖစ္ကို သိခ်င္ၾကတယ္ဆိုလို႔ ေျပာျပမယ္ေနာ္ …မေန႔ ညေနဘက္မွာ ကြ်န္မ အေဒၚဆီကေန ဖုန္းလာလို႔ သူ႕တိုက္ခန္းကို ျမန္ျမန္သြားလိုက္ရပါတယ္ …

ဟိုေရာက္ေတာ့ ရဲေတြေရာ၊ ရပ္ကြက္အုပ္ခ််ဳပ္ေရး အဖြဲ႕၀င္ေတြေရာ ေရာက္ေနၾကပါတယ္ …ျဖစ္စဥ္ကေတာ့ ကြ်န္မအေဒၚက ညေနဘက္ အိမ္ေရွ႕ဧည့္ခန္းမွာ အသိတစ္ေယာက္နဲ႔ viber ေျပာေနတုန္း သူ႕အိမ္ေဖာ္ေကာင္မေလးကို ေခၚတာ ေခၚမရ ျဖစ္တဲ့အတြက္ အိမ္ေနာက္ဘက္ကို လိုက္သြားတာမွာ ေသြးအိုင္ထဲမွာ လဲေနတာကို ေတြ႕ပါတယ္ …

ကြ်န္မအေဒၚက ႏွလံုးလဲသိပ္မေကာင္း ေသြးလဲ မၾကည့္ရဲေတာ့ ေျပးထြက္ျပီး ေဘးအခန္းေတြကို တံခါးေခါက္ျပီးေခၚ၊ ရယက ဖုန္းဆက္၊ ရဲကို အေၾကာင္းၾကားလိုက္ပါတယ္ …ထင္ေၾကးကေတာ့ သူ႕ကိုယ္သူ ေသေၾကာင္းၾကံတယ္လို႔ ထင္ျပီးေတာ့ပါ …ကြ်န္မ အေဒၚက အဲ့တိုက္ခန္းမွာ သူ႕ ေမာင္ျဖစ္သူ ကြ်န္မဘၾကီးနဲ႔ ႏွစ္ေယာက္ တူတူေနတာပါ .. ဘၾကီးက ေလျဖတ္လို႔ အိပ္ယာထဲလဲျပီး လံုး၀မထႏိုင္ေတာ့တာ ၇ႏွစ္တိတိရွိပါျပီ … ကြ်န္မ အေဒၚရဲ႕ အသက္က ၇၁ႏွစ္ရွိပါျပီ … အေဖ့အမ အၾကီးဆံုးပါ ..
ကြ်န္မအေဒၚက အရာရာကို ကိုယ့္လက္ ကိုယ့္ေျခလုပ္ရမွ ၾကိဳက္ေပမယ့္ ကူေဖာ္ေလးရေအာင္ ေခၚထားတဲ့သေဘာပါပဲ … ေကာင္မေလးက (၁၇)ႏွစ္္ပါ … နာမည္က ေကသြယ္စိုးပါ …သူ႕ေရွ႕က ေကာင္မေလးျပန္သြားလို႔ ေရာက္လာတာ ၁လ မျပည့္ေသးပါဘူး …အိမ္က ကန္ထရိုက္တိုက္ေပမယ့္ အခန္းေတြ အကုန္နီးပါးက ေဆြမ်ိဳး ေမာင္ႏွမေတြပဲေနတာပါ ..အဲဒါနဲ႔ ရဲနဲ႔ ရပ္ကြက္ ဥကၠဌနဲ႔ အတူ ေကာင္မေလးကို အေနာက္ပိုင္း ေဆးရံုကို ေခၚသြားပါတယ္ .. အဲ့မွတဆင့္ ရန္ကုန္ေဆးရံုၾကီးကို ဆက္သြားပါတယ္ …ကြ်န္မ အေဖနဲ႔ ေမာင္ေလးလဲ လိုက္သြားပါတယ္ …
ေကာင္မေလး သတိရလာေတာ့ ရဲက စစ္တဲ့အခါ ေကာင္မေလးက သူ႕ကို ေနာက္ကေန တစ္ေယာက္က ေဆာင့္တြန္းလိုက္တယ္လို႔ ေျပာပါတယ္ (အိမ္မွာက လူေကာင္းဆိုလို႔ ကြ်န္မအေဒၚပဲရွိတာဆိုေတာ့ သူေျပာခ်င္တာ ကြ်န္မ အေဒၚေပါ့ေလ) … အဲ့မွာ သူလဲက်သြားျပီး ဘာမွမသိေတာ့ဘူး ျဖစ္သြားတယ္ … ကြ်န္မအေဒၚကိုလဲ အဘြားၾကီးက အျမဲတမ္းရိုက္ေၾကာင္း … အေၾကာင္းမရွိ အေၾကာင္းရွာ ဆူပူေၾကာင္း ေျပာပါတယ္ … လက္က ျခင္ကိုက္လို႔ ကုတ္ထားျပီး အသားမာတက္ေနတဲ့ ဟာကိုေတာင္ အဘြားၾကီး ရိုက္ထားတဲ့ ဒဏ္ရာဆိုျပီးေျပာပါတယ္ … ဘယ္တုန္းက ရိုက္ထားတာလဲဆိုေတာ့ မေန႔ကရိုက္တာတဲ့ … အဲလိုေတြပါ …ရဲေတြ ဆရာ၀န္ေတြေရွ႕မွာေတာ့ လံုး၀ကို မလႈပ္ႏိုင္ေအာင္ ဒဏ္ရာေတြရေနတဲ့ပံုပါ … မထႏိုင္ေလာက္ကို ျဖစ္ေနတဲ့ပံုစံနဲ႔ လုပ္ေနပါတယ္

ဟိုေနရာကိုထိလဲ နာတယ္ေျပာတယ္ … အဲေတာ့ ခ်က္ခ်င္း ဓာတ္မွန္ရိုက္ … ၂ေနရာေလာက္ကို ရိုက္ပါတယ္ … ေခါင္းထိလဲ နာတယ္ေျပာတယ္ … CT Scan ရိုက္နဲ႔ … result ကလဲ ဘာမွ မျဖစ္ဘူးဆိုတာပဲ ထြက္ပါတယ္ … ဆရာ၀န္ေတြကလဲ သူေျပာသမွ် အကုန္စစ္ေပးပါတယ္ … ဘာဆိုဘာမွ မျဖစ္ပါဘူး … (ေဆးစစ္ခ်က္ result ေတြ အကုန္ရွိပါတယ္)ျပီးေတာ့ ဦးေႏွာက္နဲ႔ အာရုံေၾကာ အေဆာင္မွာထားရပါတယ္ …ကြ်န္မကေတာ့ အေဒၚအိမ္မွာ ေစာင့္ေပးရင္း သတင္းနားစြင့္ေနရတာပါ … ည ၁၀နာရီ ေလာက္က်ေတာ့ ရပ္ကြက္ဥကၠဌက ဖုန္းဆက္လာပါတယ္ (သူက ေဆးရံုမွာရွိေနတာပါ.. အိမ္မွာ တန္ဖိုးရွိ ပစၥည္း အေပ်ာက္အရွရွိမရွိ စစ္ေပးပါဆိုျပီး ေျပာပါတယ္ …

အဲဒါကလဲ ရဲက ေမးခိုင္းတယ္ေျပာပါတယ္ …ကြ်န္္မတို႔လဲ စစ္ၾကည့္ေတာ့ တန္ဖိုးၾကီးတာ တခုမွ အေပ်ာက္မရွိပါဘူး … အဲ့အတိုင္းပဲ ျပန္အေၾကာင္းျပန္လိုက္ပါတယ္ …ည ၁၁နာရီေလာက္မွ သတင္းအတိအက်ရတာကေတာ့ ေကာင္မေလးက ကြ်န္မအေဒၚရဲ႕ ေရႊလက္ေကာက္ကို အတြင္းခံေဘာင္းဘီထဲမွာ ခ်ိတ္္နဲ႔တြယ္ျပီးခိုးထားတာကို xray ရိုက္ေတာ့ ေတြ႕လို႔ ျဖဳတ္ခိုင္းတဲ့အတြက္ ရဲကေန အေစာပိုင္းကတည္းက ျဖဳတ္ခိုင္းျပီး သိမ္းဆည္းထားတယ္ ဆိုတာပါ … ပစၥည္းကိုလဲ သက္ေသအျဖစ္နဲ႔ သိမ္းသြားတယ္ဆိုျပီး သိရပါတယ္ ..
အဲေတာ့မွ အားလံုးလဲ ေတာ္ေတာ္ကို စိတ္ေအးသြားပါတယ္ …ဒီေကာင္မေလးက ကြ်န္မ အေဒၚကို အရင္က အိမ္ေဖာ္ႏွိပ္စက္သူအျဖစ္ စြပ္စြဲေနတာပါ … အခုေတာ့ တရားကိုနတ္ေစာင့္တယ္ဆိုတဲ့ စကားအတိုင္းပါပဲ … သူကိုယ္တိုင္ျပန္ထိသြားတာပါ …ျဖစ္ခ်င္ေတာ့ အဲ့လက္ေကာက္ကို သူခိုး အိမ္ေဖာ္မက အစစ္ထင္လို႔ ခိုးေပမယ့္ အတု ဖန္စီၾကီးပါ … ကြ်န္မအေဒၚကို သူ႕သူငယ္ခ်င္းတစ္ေယာက္က လက္ေဆာင္ေပးထားတာ ေရႊအစစ္နဲ႔ ေတာ္ေတာ္တူပါတယ္… အဲဒါကို လြယ္လြယ္ပဲ အ၀တ္ဘီရိုထဲမွာ ထည့္ထားတာကို ဘီရိုေသာ့ဖြင့္ေရြလက္ေကာက္ အစစ္ထင္ျပီး ခိုးထားတာပါ …အဲဒီ့အခ်ိန္မွာေတာ့ ကြ်န္မအေဒၚအေပၚ သံသယေတြ ရွင္းသြားျပီေပါ့ေလ …ဒါမယ့္ ေဆးရံုမွာ ၂၄နာရီေစာင့္ၾကည့္ရမယ္ဆိုေတာ့ ေဆးရံုမွာ တစ္ညထားလိုက္ရပါတယ္ …

မနက္က်ေတာ့ ေကာင္မေလးက ဘာမွမျဖစ္ စားႏိုင္ေသာက္ႏိုင္ စကားေတြေျပာႏိုင္ေနတဲ့အျပင္ ေျပာစကားက တမ်ိဳးေျပာင္းသြားပါတယ္ ( သူ ခိုးထားတာ မိသြားျပီဆိုေတာ့ေလ) .. သူ႕မွာ ဒီအိမ္မွာလာမေနခင္တည္းက ပေယာဂရွိေၾကာင္း … ဒီကိစၥေတြျဖစ္တာကို သူဘာမွမသိေၾကာင္း … ပေယာဂအေနနဲ႔ ကပ္ေနတာက အဘိုးၾကီးတစ္ေယာက္ျဖစ္ျပီးသူ႕ကို တိုက္ေပၚက ခုန္ခ်ခိုင္းတာတို႔ ဘာညာေတြေတာင္လုပ္ခိုင္းေၾကာင္း … သူ႕ အတြင္းခံ ေဘာင္းဘီထဲကို လက္ေကာက္ဘယ္လိုေရာက္လာမွန္းသူမသိေၾကာင္း … ဇာတ္ထုတ္တစ္မ်ိဳး ေျပာင္းပါေတာ့တယ္ …

ကြ်န္မအေဒၚက အရမ္းေတာ္ေၾကာင္း .. ဘုရားတရားအရမ္းလုပ္ေၾကာင္း … သူ႕မွာ ပေယာဂရွိေနတဲ့အတြက္ ဒီအိမ္မွာေနရတာ သူ႕အတြက္ ပူေလာင္ေနေၾကာင္းေတြလဲပါပါတယ္ … ေဆာင့္တြန္းလိုက္တာကလဲ လက္ၾကီးတစ္ခုကေနတြန္းတာျဖစ္ေၾကာင္း ပေယာဂအေနနဲ႕ ကပ္ေနတဲံ့ အဘိုးၾကီးပဲ ျဖစ္မယ္ထင္ေၾကာင္းေျပာပါတယ္ …တကယ္မလြယ္တဲ့ မိန္းကေလးပါ …

ေဆးရံုက သူဘာမွမျဖစ္တဲ့အတြက္ ေန႔လည္ ၂နာရီေလာက္မွ ေဆးရံုကေပးဆင္းလိုက္ပါတယ္ …ကြ်န္မအေဒၚကလဲ ပစၥည္းက တန္ဖိုးမၾကီးတဲ့အတြက္ အလုပ္ရႈပ္ခံျပီး အမႈမဖြင့္ခ်င္ေတာ့ဘူး.. အိမ္ေပၚကိုေတာ့ ျပန္အတက္မခံႏိုင္ဘူး… သူ႕ကို သူ႕အေမလက္ထဲကို ခ်က္ခ်င္း ျပန္ထည့္မယ္ဆိုျပီး သာေပါင္းက သူ႕အေမကို မနက္တည္းကလာဖို႔ ဖုန္းဆက္ေခၚပါတယ္ … သူ႕အေမ ညေနကေရာက္လာေတာ့ ငိုယိုျပီး သမီးမိုက္ ဘာညာေပါ့ေလ …အခုေတာ့ ရပ္ကြက္ရံုးမွာ ခံ၀န္ခ်က္နဲ႔အတူ ျပန္လႊတ္္လိုက္ပါတယ္ … အမွန္က အဲေလာက္နဲ႔ မခြင့္လႊတ္သင့္ဘူးေတာ့ ကြ်န္မထင္ပါတယ္

တကယ္လို႔သာ လက္ေကာက္သာ သူ႕အတြင္းခံထဲက မမိရင္ သူက ကြ်န္မအေဒၚကို အင္း၀အမႈလိုပံုစံမ်ိဳး စြပ္စြဲခ်င္ေနတာပါ …သူ႕အၾကံက အတိအက် ဘာမွန္းေသခ်ာမသိေပမယ့္ ျဖစ္ႏိုင္ေခ်က လက္ေကာက္ခိုးျပီး သူ႕အိမ္ျပန္ရေအာင္ လုပ္တယ္ … ဒါမယ့္ မျပန္ရပဲ ရဲေတြပါေရာက္လာေတာ့ ကြ်န္မအေဒၚကို စြပ္စြဲတယ္ … ျပီးေတာ့ ခိုးတာမိသြားျပီး ေလသံက ျပန္ေျပာင္းသြားတယ္ … စစ္ၾကည့္ေတာ့ သူ႕အ၀တ္အစားထုတ္က အသင့္ျပင္ထားတာလဲေတြ႕ပါတယ္ …တကယ္လို႔သာ လက္ေကာက္ကိစၥ အေၾကာင္းသာမပါခဲ့ပဲ ကြ်န္မအေဒၚကို စြပ္စြဲရင္ ကြ်န္မကလဲ အသေရဖ်က္မႈနဲ႔ ျပန္တရားစြဲမွာပါ …

ကြ်န္မအေဒၚကလဲ အင္း၀အမႈျဖစ္တုန္းက အဲ့ေကာင္မေလးကိုေတာင္ေျပာျပလိုက္ေသးတယ္တဲ့ … သူမ်ားေတြႏွိပ္စက္ၾကတဲ့အေၾကာင္းေပ့ါေလ …သူ႕ကိုလုပ္မယ့္သူကို သူကိုယ္တိုင္က နည္းလမ္းသြားေပးေနသလိုပါ … :(အမွန္က ဒီကေလးမက အေနာက္ပိုင္းေဆးရံုမွာတည္းက သတိရေနတယ္လို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕၀င္ေတြကေျပာပါတယ္ … ဒါမယ့္ သူမ်က္လံုးပြင့္လာတာေတြ႕လို႔ သတိရျပီထင္တယ္ေျပာေတာ့ မ်က္လံုးျပန္မွိတ္သြားတယ္ေျပာပါတယ္ …

တာ၀န္က်ဆရာ၀န္မက ရင္ညြန္႔ကို ႏွိပ္ၾကည့္ေတာ့ ဟန္ေဆာင္လို႔မရပဲမ်က္စိျပန္ပြင့္လာပါတယ္ … ေမ့ေနတဲ့သူမွမဟုတ္တာ နာသြားတာကိုး… အဲလိုေတြ မူယာမာယာမ်ားအေကာက္ၾကံေနတာပါ …ကြ်န္မအေဒၚက ေၾကာက္ျပီး သူလဲက်ေနတုန္းက မကိုင္မိလို႔လဲ ေတာ္ပါေသးတယ္ .. တကယ္လို႔ သြားကိုင္မိရင္ေတာင္ သူ႕ကိုလုပ္တယ္ဆိုျပီး စြပ္စြဲတာက အထေျမာက္သြားမွာပါ … လက္ေဗြေတြဘာေတြ ပါသြားျပီေလ ….သူ႕ေၾကာင့့္ ဆရာ၀န္ေတြေရာ၊ ရဲေတြေရာ၊ က်န္လူေတြေရာ အလုပ္အကိုင္ပ်က္ ကြ်န္မဆို အိမ္ကို ည သန္းေခါင္မွျပန္ေရာက္တယ္ …ဒီေလာက္ ရွည္လ်ားေထြျပားစြာေရးျပေနတာက လူေတြကို သတိထားေစခ်င္လုိ႔ပါ … အိမ္ေဖာ္ဆိုတိုင္း သနားစရာေကာင္းတယ္ထင္ေနၾကလို႔ပါရွင္ကြ်န္မကေတာ့ ဒီကိုယ္ေတြ႕နဲ႔တင္ ေတာ္ေတာ္ကို လန္႔သြားပါျပီ …သူ႕ပံုႏွစ္ပံုနဲ႔ သူ႕အတြင္းခံထဲ ခ်ိတ္နဲ႔တြယ္ျပီးထည့္ထားတဲ့ လက္ေကာက္ပံုကိုပါ တင္ထားပါတယ္ …

ကြ်န္မအေဒၚက ခြင့္လႊတ္ေပးေပမယ့္ ဒီေလာက္ ယုတ္မာတဲ့ မိန္းကေလး ျပစ္မႈေတြ ဆက္က်ဳးလြန္ေနမွာ စိုးရိမ္ရပါတယ္ …အိမ္ေဖာ္ေခၚရင္လဲ သတိထားၾကပါ … ေနာက္ေၾကာင္းကို ေသခ်ာစံုစမ္းပါ ..အခုေခတ္ၾကီးက လံုး၀မေကာင္းလို႔ပါရွင္ 🙁Credit-aungparsay
Unicode
(၁၁.၁၀.၂၀၁၆) အဖြစ်ကို သိချင်ကြတယ်ဆိုလို့ ပြောပြမယ်နော် …မနေ့ ညနေဘက်မှာ ကျွန်မ အဒေါ်ဆီကနေ ဖုန်းလာလို့ သူ့တိုက်ခန်းကို မြန်မြန်သွားလိုက်ရပါတယ် …

ဟိုရောက်တော့ ရဲတွေရော၊ ရပ်ကွက်အုပ်ချျုပ်ရေး အဖွဲ့ဝင်တွေရော ရောက်နေကြပါတယ် …ဖြစ်စဉ်ကတော့ ကျွန်မအဒေါ်က ညနေဘက် အိမ်ရှေ့ဧည့်ခန်းမှာ အသိတစ်ယောက်နဲ့ viber ပြောနေတုန်း သူ့အိမ်ဖော်ကောင်မလေးကို ခေါ်တာ ခေါ်မရ ဖြစ်တဲ့အတွက် အိမ်နောက်ဘက်ကို လိုက်သွားတာမှာ သွေးအိုင်ထဲမှာ လဲနေတာကို တွေ့ပါတယ် …

ကျွန်မအဒေါ်က နှလုံးလဲသိပ်မကောင်း သွေးလဲ မကြည့်ရဲတော့ ပြေးထွက်ပြီး ဘေးအခန်းတွေကို တံခါးခေါက်ပြီးခေါ်၊ ရယက ဖုန်းဆက်၊ ရဲကို အကြောင်းကြားလိုက်ပါတယ် …ထင်ကြေးကတော့ သူ့ကိုယ်သူ သေကြောင်းကြံတယ်လို့ ထင်ပြီးတော့ပါ …ကျွန်မ အဒေါ်က အဲ့တိုက်ခန်းမှာ သူ့ မောင်ဖြစ်သူ ကျွန်မဘကြီးနဲ့ နှစ်ယောက် တူတူနေတာပါ .. ဘကြီးက လေဖြတ်လို့ အိပ်ယာထဲလဲပြီး လုံးဝမထနိုင်တော့တာ ၇နှစ်တိတိရှိပါပြီ … ကျွန်မ အဒေါ်ရဲ့ အသက်က ၇၁နှစ်ရှိပါပြီ … အဖေ့အမ အကြီးဆုံးပါ ..

ကျွန်မအဒေါ်က အရာရာကို ကိုယ့်လက် ကိုယ့်ခြေလုပ်ရမှ ကြိုက်ပေမယ့် ကူဖော်လေးရအောင် ခေါ်ထားတဲ့သဘောပါပဲ … ကောင်မလေးက (၁၇)နှစ်ပါ … နာမည်က ကေသွယ်စိုးပါ …သူ့ရှေ့က ကောင်မလေးပြန်သွားလို့ ရောက်လာတာ ၁လ မပြည့်သေးပါဘူး …အိမ်က ကန်ထရိုက်တိုက်ပေမယ့် အခန်းတွေ အကုန်နီးပါးက ဆွေမျိုး မောင်နှမတွေပဲနေတာပါ ..အဲဒါနဲ့ ရဲနဲ့ ရပ်ကွက် ဥက္ကဌနဲ့ အတူ ကောင်မလေးကို အနောက်ပိုင်း ဆေးရုံကို ခေါ်သွားပါတယ် .. အဲ့မှတဆင့် ရန်ကုန်ဆေးရုံကြီးကို ဆက်သွားပါတယ် …ကျွန်မ အဖေနဲ့ မောင်လေးလဲ လိုက်သွားပါတယ် …

ကောင်မလေး သတိရလာတော့ ရဲက စစ်တဲ့အခါ ကောင်မလေးက သူ့ကို နောက်ကနေ တစ်ယောက်က ဆောင့်တွန်းလိုက်တယ်လို့ ပြောပါတယ် (အိမ်မှာက လူကောင်းဆိုလို့ ကျွန်မအဒေါ်ပဲရှိတာဆိုတော့ သူပြောချင်တာ ကျွန်မ အဒေါ်ပေါ့လေ) … အဲ့မှာ သူလဲကျသွားပြီး ဘာမှမသိတော့ဘူး ဖြစ်သွားတယ် … ကျွန်မအဒေါ်ကိုလဲ အဘွားကြီးက အမြဲတမ်းရိုက်ကြောင်း … အကြောင်းမရှိ အကြောင်းရှာ ဆူပူကြောင်း ပြောပါတယ် … လက်က ခြင်ကိုက်လို့ ကုတ်ထားပြီး အသားမာတက်နေတဲ့ ဟာကိုတောင် အဘွားကြီး ရိုက်ထားတဲ့ ဒဏ်ရာဆိုပြီးပြောပါတယ် … ဘယ်တုန်းက ရိုက်ထားတာလဲဆိုတော့ မနေ့ကရိုက်တာတဲ့ … အဲလိုတွေပါ …ရဲတွေ ဆရာဝန်တွေရှေ့မှာတော့ လုံးဝကို မလှုပ်နိုင်အောင် ဒဏ်ရာတွေရနေတဲ့ပုံပါ … မထနိုင်လောက်ကို ဖြစ်နေတဲ့ပုံစံနဲ့ လုပ်နေပါတယ်

ဟိုနေရာကိုထိလဲ နာတယ်ပြောတယ် … အဲတော့ ချက်ချင်း ဓာတ်မှန်ရိုက် … ၂နေရာလောက်ကို ရိုက်ပါတယ် … ခေါင်းထိလဲ နာတယ်ပြောတယ် … CT Scan ရိုက်နဲ့ … result ကလဲ ဘာမှ မဖြစ်ဘူးဆိုတာပဲ ထွက်ပါတယ် … ဆရာဝန်တွေကလဲ သူပြောသမျှ အကုန်စစ်ပေးပါတယ် … ဘာဆိုဘာမှ မဖြစ်ပါဘူး … (ဆေးစစ်ချက် result တွေ အကုန်ရှိပါတယ်)ပြီးတော့ ဦးနှောက်နဲ့ အာရုံကြော အဆောင်မှာထားရပါတယ် …ကျွန်မကတော့ အဒေါ်အိမ်မှာ စောင့်ပေးရင်း သတင်းနားစွင့်နေရတာပါ … ည ၁၀နာရီ လောက်ကျတော့ ရပ်ကွက်ဥက္ကဌက ဖုန်းဆက်လာပါတယ် (သူက ဆေးရုံမှာရှိနေတာပါ.. အိမ်မှာ တန်ဖိုးရှိ ပစ္စည်း အပျောက်အရှရှိမရှိ စစ်ပေးပါဆိုပြီး ပြောပါတယ် …

အဲဒါကလဲ ရဲက မေးခိုင်းတယ်ပြောပါတယ် …ကျွန်မတို့လဲ စစ်ကြည့်တော့ တန်ဖိုးကြီးတာ တခုမှ အပျောက်မရှိပါဘူး … အဲ့အတိုင်းပဲ ပြန်အကြောင်းပြန်လိုက်ပါတယ် …ည ၁၁နာရီလောက်မှ သတင်းအတိအကျရတာကတော့ ကောင်မလေးက ကျွန်မအဒေါ်ရဲ့ ရွှေလက်ကောက်ကို အတွင်းခံဘောင်းဘီထဲမှာ ချိတ်နဲ့တွယ်ပြီးခိုးထားတာကို xray ရိုက်တော့ တွေ့လို့ ဖြုတ်ခိုင်းတဲ့အတွက် ရဲကနေ အစောပိုင်းကတည်းက ဖြုတ်ခိုင်းပြီး သိမ်းဆည်းထားတယ် ဆိုတာပါ … ပစ္စည်းကိုလဲ သက်သေအဖြစ်နဲ့ သိမ်းသွားတယ်ဆိုပြီး သိရပါတယ် ..

အဲတော့မှ အားလုံးလဲ တော်တော်ကို စိတ်အေးသွားပါတယ် …ဒီကောင်မလေးက ကျွန်မ အဒေါ်ကို အရင်က အိမ်ဖော်နှိပ်စက်သူအဖြစ် စွပ်စွဲနေတာပါ … အခုတော့ တရားကိုနတ်စောင့်တယ်ဆိုတဲ့ စကားအတိုင်းပါပဲ … သူကိုယ်တိုင်ပြန်ထိသွားတာပါ …ဖြစ်ချင်တော့ အဲ့လက်ကောက်ကို သူခိုး အိမ်ဖော်မက အစစ်ထင်လို့ ခိုးပေမယ့် အတု ဖန်စီကြီးပါ … ကျွန်မအဒေါ်ကို သူ့သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးထားတာ ရွှေအစစ်နဲ့ တော်တော်တူပါတယ်… အဲဒါကို လွယ်လွယ်ပဲ အဝတ်ဘီရိုထဲမှာ ထည့်ထားတာကို ဘီရိုသော့ဖွင့်ရွေလက်ကောက် အစစ်ထင်ပြီး ခိုးထားတာပါ …အဲဒီ့အချိန်မှာတော့ ကျွန်မအဒေါ်အပေါ် သံသယတွေ ရှင်းသွားပြီပေါ့လေ …ဒါမယ့် ဆေးရုံမှာ ၂၄နာရီစောင့်ကြည့်ရမယ်ဆိုတော့ ဆေးရုံမှာ တစ်ညထားလိုက်ရပါတယ် …

မနက်ကျတော့ ကောင်မလေးက ဘာမှမဖြစ် စားနိုင်သောက်နိုင် စကားတွေပြောနိုင်နေတဲ့အပြင် ပြောစကားက တမျိုးပြောင်းသွားပါတယ် ( သူ ခိုးထားတာ မိသွားပြီဆိုတော့လေ) .. သူ့မှာ ဒီအိမ်မှာလာမနေခင်တည်းက ပယောဂရှိကြောင်း … ဒီကိစ္စတွေဖြစ်တာကို သူဘာမှမသိကြောင်း … ပယောဂအနေနဲ့ ကပ်နေတာက အဘိုးကြီးတစ်ယောက်ဖြစ်ပြီးသူ့ကို တိုက်ပေါ်က ခုန်ချခိုင်းတာတို့ ဘာညာတွေတောင်လုပ်ခိုင်းကြောင်း … သူ့ အတွင်းခံ ဘောင်းဘီထဲကို လက်ကောက်ဘယ်လိုရောက်လာမှန်းသူမသိကြောင်း … ဇာတ်ထုတ်တစ်မျိုး ပြောင်းပါတော့တယ် …

ကျွန်မအဒေါ်က အရမ်းတော်ကြောင်း .. ဘုရားတရားအရမ်းလုပ်ကြောင်း … သူ့မှာ ပယောဂရှိနေတဲ့အတွက် ဒီအိမ်မှာနေရတာ သူ့အတွက် ပူလောင်နေကြောင်းတွေလဲပါပါတယ် … ဆောင့်တွန်းလိုက်တာကလဲ လက်ကြီးတစ်ခုကနေတွန်းတာဖြစ်ကြောင်း ပယောဂအနေနဲ့ ကပ်နေတဲံ့ အဘိုးကြီးပဲ ဖြစ်မယ်ထင်ကြောင်းပြောပါတယ် …တကယ်မလွယ်တဲ့ မိန်းကလေးပါ …

ဆေးရုံက သူဘာမှမဖြစ်တဲ့အတွက် နေ့လည် ၂နာရီလောက်မှ ဆေးရုံကပေးဆင်းလိုက်ပါတယ် …ကျွန်မအဒေါ်ကလဲ ပစ္စည်းက တန်ဖိုးမကြီးတဲ့အတွက် အလုပ်ရှုပ်ခံပြီး အမှုမဖွင့်ချင်တော့ဘူး.. အိမ်ပေါ်ကိုတော့ ပြန်အတက်မခံနိုင်ဘူး… သူ့ကို သူ့အမေလက်ထဲကို ချက်ချင်း ပြန်ထည့်မယ်ဆိုပြီး သာပေါင်းက သူ့အမေကို မနက်တည်းကလာဖို့ ဖုန်းဆက်ခေါ်ပါတယ် … သူ့အမေ ညနေကရောက်လာတော့ ငိုယိုပြီး သမီးမိုက် ဘာညာပေါ့လေ …အခုတော့ ရပ်ကွက်ရုံးမှာ ခံဝန်ချက်နဲ့အတူ ပြန်လွှတ်လိုက်ပါတယ် … အမှန်က အဲလောက်နဲ့ မခွင့်လွှတ်သင့်ဘူးတော့ ကျွန်မထင်ပါတယ်

တကယ်လို့သာ လက်ကောက်သာ သူ့အတွင်းခံထဲက မမိရင် သူက ကျွန်မအဒေါ်ကို အင်းဝအမှုလိုပုံစံမျိုး စွပ်စွဲချင်နေတာပါ …သူ့အကြံက အတိအကျ ဘာမှန်းသေချာမသိပေမယ့် ဖြစ်နိုင်ချေက လက်ကောက်ခိုးပြီး သူ့အိမ်ပြန်ရအောင် လုပ်တယ် … ဒါမယ့် မပြန်ရပဲ ရဲတွေပါရောက်လာတော့ ကျွန်မအဒေါ်ကို စွပ်စွဲတယ် … ပြီးတော့ ခိုးတာမိသွားပြီး လေသံက ပြန်ပြောင်းသွားတယ် … စစ်ကြည့်တော့ သူ့အဝတ်အစားထုတ်က အသင့်ပြင်ထားတာလဲတွေ့ပါတယ် …တကယ်လို့သာ လက်ကောက်ကိစ္စ အကြောင်းသာမပါခဲ့ပဲ ကျွန်မအဒေါ်ကို စွပ်စွဲရင် ကျွန်မကလဲ အသရေဖျက်မှုနဲ့ ပြန်တရားစွဲမှာပါ …

ကျွန်မအဒေါ်ကလဲ အင်းဝအမှုဖြစ်တုန်းက အဲ့ကောင်မလေးကိုတောင်ပြောပြလိုက်သေးတယ်တဲ့ … သူများတွေနှိပ်စက်ကြတဲ့အကြောင်းပေ့ါလေ …သူ့ကိုလုပ်မယ့်သူကို သူကိုယ်တိုင်က နည်းလမ်းသွားပေးနေသလိုပါ … :(အမှန်က ဒီကလေးမက အနောက်ပိုင်းဆေးရုံမှာတည်းက သတိရနေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကပြောပါတယ် … ဒါမယ့် သူမျက်လုံးပွင့်လာတာတွေ့လို့ သတိရပြီထင်တယ်ပြောတော့ မျက်လုံးပြန်မှိတ်သွားတယ်ပြောပါတယ် …

တာဝန်ကျဆရာဝန်မက ရင်ညွန့်ကို နှိပ်ကြည့်တော့ ဟန်ဆောင်လို့မရပဲမျက်စိပြန်ပွင့်လာပါတယ် … မေ့နေတဲ့သူမှမဟုတ်တာ နာသွားတာကိုး… အဲလိုတွေ မူယာမာယာများအကောက်ကြံနေတာပါ …ကျွန်မအဒေါ်က ကြောက်ပြီး သူလဲကျနေတုန်းက မကိုင်မိလို့လဲ တော်ပါသေးတယ် .. တကယ်လို့ သွားကိုင်မိရင်တောင် သူ့ကိုလုပ်တယ်ဆိုပြီး စွပ်စွဲတာက အထမြောက်သွားမှာပါ … လက်ဗွေတွေဘာတွေ ပါသွားပြီလေ ….သူ့ကြောင့် ဆရာဝန်တွေရော၊ ရဲတွေရော၊ ကျန်လူတွေရော အလုပ်အကိုင်ပျက် ကျွန်မဆို အိမ်ကို ည သန်းခေါင်မှပြန်ရောက်တယ် …ဒီလောက် ရှည်လျားထွေပြားစွာရေးပြနေတာက လူတွေကို သတိထားစေချင်လို့ပါ … အိမ်ဖော်ဆိုတိုင်း သနားစရာကောင်းတယ်ထင်နေကြလို့ပါရှင်ကျွန်မကတော့ ဒီကိုယ်တွေ့နဲ့တင် တော်တော်ကို လန့်သွားပါပြီ …သူ့ပုံနှစ်ပုံနဲ့ သူ့အတွင်းခံထဲ ချိတ်နဲ့တွယ်ပြီးထည့်ထားတဲ့ လက်ကောက်ပုံကိုပါ တင်ထားပါတယ် …

ကျွန်မအဒေါ်က ခွင့်လွှတ်ပေးပေမယ့် ဒီလောက် ယုတ်မာတဲ့ မိန်းကလေး ပြစ်မှုတွေ ဆက်ကျုးလွန်နေမှာ စိုးရိမ်ရပါတယ် …အိမ်ဖော်ခေါ်ရင်လဲ သတိထားကြပါ … နောက်ကြောင်းကို သေချာစုံစမ်းပါ ..အခုခေတ်ကြီးက လုံးဝမကောင်းလို့ပါရှင် 🙁Credit-aungparsay