Latest Posts
ချစ်ရတဲ့ တူလေးနှစ်ယောက်နဲ့ မွေးနေ့ပွဲလေး ကျင်းပခဲ့တဲ့ နန်းဆုရတီစိုး
Unicode
အဆိုတော်မလေး နန်းဆုရတီစိုးကတော့ ချစ်စရာကောင်းတဲ့ အသံလေးနဲ့ တက်တက်ကြွကြွရှိလွန်းတဲ့ သူမရဲ့အပြုအမူတွေကြောင့်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ပိုင်ဆိုင်ထားသူလေးပါ။ မိသားစုကိုလည်း အရမ်းချစ်တဲ့ နန်းဆုလေးကတော့ လတ်တလောမှာ အရမ်းချစ်ရတဲ့ တူလေးနှစ်ယောက်နဲ့အတူ မွေးနေ့ပွဲလေး ကျင်းပခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ကလေးတွေနဲ့အပြိုင် မွေးနေ့ကိတ်ခွဲရင်း ပျော်ပျော်ကြီး စားသောက်နေတဲ့ တီတီ နန်းဆုကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။
ချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်စရာကောင်းတဲ့ နန်းဆုတို့ တူဝရီးတွေရဲ့ချစ်စရာပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
နန်းဆုလေးကတော့ “သူတို့မွေးနေ့တုန်းက ကိုယ်မရှိလို့ ကိုယ်ရှိတဲ့အချိန်ထိစောင့် တီတီဆုနဲ့ကိတ်တူတူခွဲပြီး တီတီဆုအတွက်သီးသန့် မွေးနေ့ ပြန်လုပ်တာတဲ့ Happy Birthday ပါ အသဲတုန်းအမွှာလေးတွေရေအရမ်းလိမ္မာယဉ်ကျေးပြီးဉာဏ်ပညာထူးချွန်တဲ့ သူတွေမို့ အများကြီးဆုတောင်းပေးစရာမရှိ တီတီဆုကို ဒီထက်မကချစ် ဒီထက်မကချွဲ ဒီထက်မက ဂျီကျနိုင်ပါစေ ဒါမှ ငါလည်းယောကျာ်းမရမှာ HappyBirthday Thu Thu & Tha Tha ” ဆိုပြီး တူလေးတွေရဲ့မွေးနေ့နဲ့ သူမရဲ့မွေးနေ့ကို ပေါင်းပြီး မွေးနေ့လေးလုပ်ခဲ့တဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
အဆိုတော် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ လတ်တလောမှာ သီချင်းသစ်တွေ ဖန်တီးဖြစ်နေပြီး၊ ပရိသတ်တွေကို အသစ်အသစ်သော အနုပညာတွေချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။Credit-burmese.asia