Latest Posts

မိဘတွေအဆင်မပြေလို့ ညီမလေးလက်ကိုဆွဲပြီး ရပ်ကွက်ထဲပြောင်းဖူးပြုတ်လည်ရောင်းနေတဲ့ အသက် ၇နှစ်အရွယ်ကောင်လေး

ကေလးသူငယ္ အခြင့္အေရးအရ မည္သည့္ႏုိင္ငံတြင္ ေနထုိင္သည့္ ကေလးမဆုိ ပညာသင္ခ်ိန္မွာ ပညာသင္ၾကားခြင့္ အျပည့္အ၀ ရွိပါတယ္။ အစုိးရတုိင္းကလည္း ကေလးသူငယ္အခြင့္အေရးဆုိင္ရာ ပဋိညာဥ္စာတမ္းပါ ဥပေဒေတြကို အတိအက်လုိက္နာၿပီး၊ ျဖည့္ဆည္းေစာင္ရြက္ေပးေနပါတယ္။ အရွိန္အဟုန္ေတြလည္း တျဖည္းျဖည္း ျမင့္တက္လာပါၿပီ။
ဒါေပမယ့္ ဒီလုိ ကေလးသူငယ္ဥပေဒေတြ ေပၚေပါက္လာတုိင္း ကေလးသူငယ္တုိင္းမွာ အခြင့္အေရး အျပည့္အ၀ ခံစားရတယ္လုိ႔ ဆုိလုိလုိ႔ မရပါ။ ျမန္မာႏုိင္ငံမွာပင္လွ်င္ မညီမွ်တဲ့ ပညာေရးစံနစ္၊ ေက်ာမြဲသူေဌး ကြဲျပားေနဆဲ ပညာေရးစနစ္ေတြေအာက္မွာ ေက်ာင္းမေနရတဲ့ ကေလးငယ္ေတြ ရွိသလုိ၊ အစိုးရျပ႒ာန္းထားတဲ့ စာကုိ ဟန္ျပသင္ၿပီး၊ ႏုိင္ငံျခားဘာသာ အထူးျပဳ စပယ္ရွယ္ေက်ာင္းေတြမွာ တက္ေရာက္ေနတဲ့ ကေလးေတြလည္း အမ်ားႀကီးပါ။
အခုလည္း ဖိလစ္ပုိင္ႏုိင္ငံက တစ္ေန႔လုပ္မွ တစ္ေန႔စားရတဲ့ မိသားစုမွ ဆင္းသက္လာတဲ့ လူမမယ္ ေမာင္ႏွမႏွစ္ေယာက္ရဲ႕ ဓာတ္ပုံေတြဟာ အင္တာနက္မွာ လူေတြ အာ႐ုံစုိက္ ေျပာဆုိေ၀ဖန္မႈေတြ ရခဲ့ပါတယ္။ အစ္ကိုျဖစ္သူနဲ႔ ညီမေလးဟာ ေျပင္းဖူး ပူပူေလးေတြကို လူေနရပ္ကြက္ေတြမွာ တစ္လမ္း၀င္တစ္လမ္းထြက္ အိမ္တုိင္ရာေရာက္ စနစ္နဲ႔ ေရာင္းခ်ေပးေနပါတယ္။
ဒါကို Facebook အသုံးျပဳသူတစ္ေယာက္က ဗြီဒီယုိမွတ္တမ္းတင္ၿပီး ကေလးတုိ႔ အျဖစ္သနစ္ကို တင္ျပခဲ့ပါတယ္။ အမ်ိဳးမ်ိဳး ေ၀ဖန္ၾကပါတယ္။ တစ္ခ်ိဳ႕က အရြယ္ငယ္ငယ္နဲ႔ မိဘရဲ႕ မေျပလည္မႈကုိ ကူညီေျဖရွင္းေပးလုိ႔ ေမြးရက်ိဳးနပ္သူေတြလုိ႔ ဆုိပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ေကာင္းေရာင္းေကာင္း၀ယ္ လုပ္စားတာ ဂုဏ္ယူုစရာပါလုိ႔ ခ်ီးမြမ္းခဲ့ပါတယ္။

မွတ္ခ်က္ေရးသူတစ္ေယာက္က ” ဒီေမာင္ႏွမႏွစ္ေယာက္ ႀကီးပြားဦးမွာ … ဒီအရြယ္ကတည္းက အလုပ္ဆုိတာ လုပ္ရေကာင္းမွန္း သိေနၾကလုိ႔ .. ေနာက္ ႐ုိးသားၾကတယ္ေလ “လုိ႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ အျခားတစ္ေယာက္ကလည္း ” ပညာမတတ္လည္း ႐ုိသားႀကိဳးစားရင္ ဂုဏ္ငယ္စရာ မရွိပါဘူး “လုိ႔ အားေပးခဲ့ပါတယ္။Credit-aungparsay
Unicode
ကလေးသူငယ် အခွင့်အရေးအရ မည်သည့်နိုင်ငံတွင် နေထိုင်သည့် ကလေးမဆို ပညာသင်ချိန်မှာ ပညာသင်ကြားခွင့် အပြည့်အ၀ ရှိပါတယ်။ အစိုးရတိုင်းကလည်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပဋိညာဉ်စာတမ်းပါ ဥပဒေတွေကို အတိအကျလိုက်နာပြီး၊ ဖြည့်ဆည်းစောင်ရွက်ပေးနေပါတယ်။ အရှိန်အဟုန်တွေလည်း တဖြည်းဖြည်း မြင့်တက်လာပါပြီ။

ဒါပေမယ့် ဒီလို ကလေးသူငယ်ဥပဒေတွေ ပေါ်ပေါက်လာတိုင်း ကလေးသူငယ်တိုင်းမှာ အခွင့်အရေး အပြည့်အ၀ ခံစားရတယ်လို့ ဆိုလိုလို့ မရပါ။ မြန်မာနိုင်ငံမှာပင်လျှင် မညီမျှတဲ့ ပညာရေးစံနစ်၊ ကျောမွဲသူဌေး ကွဲပြားနေဆဲ ပညာရေးစနစ်တွေအောက်မှာ ကျောင်းမနေရတဲ့ ကလေးငယ်တွေ ရှိသလို၊ အစိုးရပြဋ္ဌာန်းထားတဲ့ စာကို ဟန်ပြသင်ပြီး၊ နိုင်ငံခြားဘာသာ အထူးပြု စပယ်ရှယ်ကျောင်းတွေမှာ တက်ရောက်နေတဲ့ ကလေးတွေလည်း အများကြီးပါ။

အခုလည်း ဖိလစ်ပိုင်နိုင်ငံက တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ မိသားစုမှ ဆင်းသက်လာတဲ့ လူမမယ် မောင်နှမနှစ်ယောက်ရဲ့ ဓာတ်ပုံတွေဟာ အင်တာနက်မှာ လူတွေ အာရုံစိုက် ပြောဆိုဝေဖန်မှုတွေ ရခဲ့ပါတယ်။ အစ်ကိုဖြစ်သူနဲ့ ညီမလေးဟာ ပြေင်းဖူး ပူပူလေးတွေကို လူနေရပ်ကွက်တွေမှာ တစ်လမ်းဝင်တစ်လမ်းထွက် အိမ်တိုင်ရာရောက် စနစ်နဲ့ ရောင်းချပေးနေပါတယ်။

ဒါကို Facebook အသုံးပြုသူတစ်ယောက်က ဗွီဒီယိုမှတ်တမ်းတင်ပြီး ကလေးတို့ အဖြစ်သနစ်ကို တင်ပြခဲ့ပါတယ်။ အမျိုးမျိုး ဝေဖန်ကြပါတယ်။ တစ်ချို့က အရွယ်ငယ်ငယ်နဲ့ မိဘရဲ့ မပြေလည်မှုကို ကူညီဖြေရှင်းပေးလို့ မွေးရကျိုးနပ်သူတွေလို့ ဆိုပါတယ်။ တစ်ချို့ကတော့ ကောင်းရောင်းကောင်းဝယ် လုပ်စားတာ ဂုဏ်ယူုစရာပါလို့ ချီးမွမ်းခဲ့ပါတယ်။

မှတ်ချက်ရေးသူတစ်ယောက်က ” ဒီမောင်နှမနှစ်ယောက် ကြီးပွားဦးမှာ … ဒီအရွယ်ကတည်းက အလုပ်ဆိုတာ လုပ်ရကောင်းမှန်း သိနေကြလို့ .. နောက် ရိုးသားကြတယ်လေ “လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အခြားတစ်ယောက်ကလည်း ” ပညာမတတ်လည်း ရိုသားကြိုးစားရင် ဂုဏ်ငယ်စရာ မရှိပါဘူး “လို့ အားပေးခဲ့ပါတယ်။Credit-aungparsay