ရှုတင်သွားတဲ့ ကားပေါ်မှာတင် Mascara ဆိုးပြခဲ့တဲ့ ဖွေးဖွေးရဲ့ အလှပြင် စကေး
Unicode
လူလေးလှသလို သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးချောလေး ဖွေးဖွေးက အနုပညာလောကရဲ့ ငွေကြယ်ပွင့်တစ်ယောက်ပါပဲ။ ဖွေးဖွေးက လက်ရှိ သူမရဲ့အသက် (၃၁) နှစ်အတွင်းမှာတင် အကယ်ဒမီဆုကြီး (၃) ဆုတိတိထိ ဆွတ်ခူးရရှိထားတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ရင်း တစ်ကိုယ်တည်း အပျိုကြီးအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ဒီနေ့ မနက်စောစောမှာတော့ ဖွေးဖွေးက “Love Equation” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲ အခမ်းအနားကို သွားရင်း ကားပေါ်မှာတင် Mascara ဆိုးခဲ့ရပါတယ်။ လှုပ်နေတဲ့ ကားပေါ်မှာတောင် ကျွမ်းကျွမ်းကျင်ကျင် Mascara ဆိုးပြခဲ့တဲ့ ဖွေးဖွေးရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။ဖွေးဖွေးရဲ့ အလှပြင်တဲ့ စကေးကတော့ လုံးဝ ဆရာကြီးပဲနော်ဖွေးဖွေးက ရံဖန်ရံခါမှာတော့ သူမကိုယ်တိုင် အလှတွေ ပြင်ပြပြီး ပရိသတ်တွေကို Make Up Blog တွေကို ရိုက်ကူးပြလေ့ ရှိပါတယ်။ အဲ့ဒါကြောင့် ပရိသတ်တွေကတော့ ဖွေးဖွေးရဲ့ မိတ်ကပ်လိမ်းတဲ့အစွမ်းတွေကို သိပြီးသားဖြစ်မှာပါ။ဖွေးဖွေးကတော့ တစ်နေ့တစ်မျိုး မရိုးရအောင် ချစ်ဖို့ကောင်းနေသူလေး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးရဲ့ ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။Credit-aungparsay