Latest Posts

ျမန္မာ့ေရေဘးအကူအညီေပးရန္ ကုလသမဂၢ အသင့္ျပင္ထား



ျမန္မာ့ေရေဘးအကူအညီေပးရန္ ကုလသမဂၢ အသင့္ျပင္ထား

ေရေဘးအကူအညီ ေပးအပ္ႏုိင္ေရး အဆင္သင့္ ျပင္ဆင္ထားေၾကာင္း ျမန္မာႏုိင္ငံဆုိင္ရာ ကုလသမဂၢ ဌာေနညႇိႏိႈင္းေရးမွဴး ႏွင့္ လူသားခ်င္းစာနာ

ေထာက္ထားမႈဆိုင္ရာ ညႇိႏိႈင္းေရးမွဴး မစၥတာ ခႏုသ္အာစဘီက ေျပာၾကား သည္။

‘‘ဧရာ၀တီျမင့္တက္လာမႈ အေျခအေန အဆင့္ဆင့္ကုိ ကုလသမဂၢအေနနဲ႔ မ်က္ျခည္မျပတ္ ေစာင့္ၾကည့္ေနပါတယ္။ လုိအပ္ ရင္ သက္ဆုိင္ရာ တာ၀န္ရွိသူေတြ

ကတစ္ဆင့္ လူသားခ်င္းစာနာ ေထာက္ထားမႈဆုိင္ရာ အကူအညီေတြ ျဖန္႔ေ၀ ေပးအပ္ ႏုိင္ေရး အဆင္သင့္ ျပင္ဆင္ထားပါတယ္’’ဟု မစၥတာခႏုသ္အာစဘီက ဇူလုိင္ ၁၀ ရက္တြင္ ၎၏တြစ္တာစာမ်က္ႏွာ၌ ေရးသားခဲ့သည္။

ဧရာ၀တီျမစ္ေရသည္ ျမစ္ႀကီးနား၊ ဗန္းေမာ္ႏွင့္ ေရႊကူၿမိဳ႕တြင္ စုိးရိမ္ေရမွတ္အနီး ေရာက္ရွိေန၍ ျမစ္ကမ္းအနီးႏွင့္ ေျမနိမ့္ ပုိ္င္း ေနထုိင္သူမ်ား ေရေဘးအထူးသတိျပဳ

ေနထုိင္ရန္ မုိးေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက သတိ ေပးခ်က္ ထုတ္ျပန္ထားသည္။



ဧရာ၀တီျမစ္သာမက ခ်င္းတြင္းျမစ္ႏွင့္ အျခားျမစ္သုံးစင္းလည္း

ေရတက္လာ၍ ျမစ္ကမ္းေဘး ေဒသမ်ား ေရေဘး သတိျပဳရန္ မုိးဇလက သတိေပး ထားသည္။

ကခ်င္ျပည္နယ္ ၀ုိင္းေမာ္ၿမိဳ႕နယ္ရွိ ဆေဒါင္းၿမိဳ႕ႏွင့္ ရြာငါးရြာ၌ ဇြန္လေနာက္ဆုံးပတ္က ျဖစ္ပြားသည့္ ေရႀကီး ေရလွ်ံမႈ ႏွင့္ ေျမၿပိဳမႈမ်ားတြင္ ထိခုိက္ခံစားရသူမ်ားကုိ

ေဘးအႏၲရာယ္ စီမံခန္႔ခြဲေရး ဦးစီးဌာန၊ ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္းတို႔မွ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးေရး မိတ္ဖက္အဖြဲ႕အစည္း မ်ားႏွင့္ ပူးေပါင္း၍

ကုလသမဂၢက ကူညီထားေၾကာင္း ကုလသမဂၢ လူသားခ်င္း စာနာမႈဆိုင္ရာ ညႇိႏိႈင္းေရး႐ံုး (UNOCHA) က ထုတ္ျပန္ထားသည္။

7Day Daily (ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode

မြန်မာ့ရေဘေးအကူအညီပေးရန် ကုလသမဂ္ဂ အသင့်ပြင်ထား

ရေဘေးအကူအညီ ပေးအပ်နိုင်ရေး အဆင်သင့် ပြင်ဆင်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး နှင့် လူသားချင်းစာနာ

ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာ ခနုသ်အာစဘီက ပြောကြား သည်။

‘‘ဧရာဝတီမြင့်တက်လာမှု အခြေအနေ အဆင့်ဆင့်ကို ကုလသမဂ္ဂအနေနဲ့ မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ လိုအပ် ရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေ

ကတစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဖြန့်ဝေ ပေးအပ် နိုင်ရေး အဆင်သင့် ပြင်ဆင်ထားပါတယ်’’ဟု မစ္စတာခနုသ်အာစဘီက ဇူလိုင် ၁၀ ရက်တွင် ၎င်း၏တွစ်တာစာမျက်နှာ၌ ရေးသားခဲ့သည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်နှင့် ရွှေကူမြို့တွင် စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေ၍ မြစ်ကမ်းအနီးနှင့် မြေနိမ့် ပို်င်း နေထိုင်သူများ ရေဘေးအထူးသတိပြု

နေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိ ပေးချက် ထုတ်ပြန်ထားသည်။ ဧရာဝတီမြစ်သာမက ချင်းတွင်းမြစ်နှင့် အခြားမြစ်သုံးစင်းလည်း

ရေတက်လာ၍ မြစ်ကမ်းဘေး ဒေသများ ရေဘေး သတိပြုရန် မိုးဇလက သတိပေး ထားသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဆဒေါင်းမြို့နှင့် ရွာငါးရွာ၌ ဇွန်လနောက်ဆုံးပတ်က ဖြစ်ပွားသည့် ရေကြီး ရေလျှံမှု နှင့် မြေပြိုမှုများတွင် ထိခိုက်ခံစားရသူများကို

ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး မိတ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်း၍

ကုလသမဂ္ဂက ကူညီထားကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။

7Day Daily (လေးစားမှုဖြင့် ခရက်ဒစ်)