ချစ်ခင်ပွန်းက နောက်ဆုံးပေါ် Iphone အသစ်စက်စက်လက်ဆောင်ပေးတဲ့အတွက် ကြည်နူးပျော်ရွှင်နေတဲ့ သဉ္ဇာနွယ်ဝင်း
Unicode
ချစ်ခင်ပွန်းက နောက်ဆုံးပေါ် Iphone အသစ်စက်စက်လက်ဆောင်ပေးတဲ့အတွက် ကြည်နူးပျော်ရွှင်နေတဲ့ သဉ္ဇာနွယ်ဝင်း
ချစ်စရာကောင်းတဲ့ သားလေးနဲ့အတူ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ရရှိထားသူကတော့ သရုပ်ဆောင်မင်းသမီးလေးသဉ္ဇာနွယ်ဝင်းပါ။ သူမကတော့ အသံဝဲဝဲလေးနဲ့ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားတာပါ။ သားလေးမွေးဖွားပြီးနောက်ပိုင်းအနုပညာအလုပ်တွေကို အရင်ကလောက်မလုပ်တော့ပဲ သားလေးကိုပဲ အချိန်ပြည့်ပြုစုစောင့်ရှောက်နေတာပါ။
သူမရဲ့ ချစ်ခင်ပွန်းရဲ့ အလိုလိုက်ဂရုစိုက်မှုတွေကြောင့်လည်း ကြည်နူးနေရတာပါ။ မကြာခင်မှာလည်း သမီးလေးကိုမွေးဖွားတော့မှာဖြစ်တာကြောင့် စိတ်လှုပ်ရှားနေတာပါ။ သဉ္ဇာကတော့ သူမရဲ့သားလေးနဲ့လှုပ်ရှားမှုအားလုံးကို လူမှုကွန်ယက်စာမျက်နှာတွင်ဝေမျှလေ့ရှိတာပါ။
အခုမှာလည်း သူမရဲ့ချစ်ခင်ပွန်းကပေးတဲ့လက်ဆောင်လေးအကြောင်းကို ပို့စ်တင်ထားတာပါ။ ” အစက ဖုန်းအဟောင်းပဲဆက်သုံးမလို့လုပ်ထားတာ ယောကျာ်းက သူနဲ့အတူ ဖုန်းရော ကာဗာရော အတူတူကိုင်ဖို့ ဝယ်လာပေးတယ် ဖုန်းတွေသိပ်မကြိုက်တက်ပေမဲ့ ယောကျာ်းအစစ အရာရာအမြဲစဉ်းစားပေးတာကို အရမ်းပီတိဖြစ် တာပဲ I love u so much pa pa ” ဆိုပြီး ရေးသားထားတာပါ။ သူမရဲ့ခင်ပွန်းကတော့ နောက်ဆုံးပေါ် Iphone အသစ်ကြီးကို လက်ဆောင်ပေးခဲ့တာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။Photo Credit -Thinzar Nwe Win’s Facebook,Credit-Myanmarload