Paris Fashion show မှာ သူမတူအောင် ထူးခြားတဲ့ အမိုက်စားဖက်ရှင်နဲ့ အရမ်းမိုက်နေတဲ့ နေခြည်ဦး
Unicode
ချာမောလှပပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားတတဲ့ Beauty Blogger နေခြည်ဦး ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမရဲ့ ချစ်စရာအမူအယာလေးတွေနဲ့ စကားပြောရင် ဆွဲဆောင်မှုရှိရှိ ပြောတတ်တာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပဲဖြစ်ပါတယ်။ နေခြည်ဦးက ခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီး ၇ ကား ကို ရိုက်ကူး ထားတဲ့ သရုပ်ဆောင် မင်းသမီးလေးဆိုလည်း မမှားပါဘူး ။ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက် သရုပ်ဆောင် နေခြည်ဦး Paris Fashion show မှ အမိုက်စား ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
နေခြည်ဦးက မြန်မာနိုင်ငံရဲ့ Hot အဖြစ်ဆုံးမင်းသမီးတွေထဲက တစ်ဦး ဆိုလည်းမမှားပါဘူး ။ သူမက အရမ်းခေတ်ဆန်တဲ့ဖက်ရှင်တွေနဲ့ နာမည်ကြီး သူလေးပါ။ နေခြည်ဦးက 7th Sense Creation မှ ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကား နှစ်ကား နဲ့အတူ အိပ်မက်တွေမိုးထားတဲ့ အိမ်ရုပ်သံဇာတ်လမ်းတွဲကို မိုရီဆာကီဝင်းတို့နဲ့အတူရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် ဒေါင်းနဲ့လည်း ရုပ်ရှင်ဇာတ်ကား တစ်ကား ရိုက်ကူးထားသလို လတ်တလော မှာ နေတိုးနဲ့ ရိုက်ကူးထားတဲ့ အခမ်းနားဆုံး မေတ္တာ ရုပ်ရှင် ဇာတ်ကားကလည်း မကြာမီ ပြသတော့မှာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ နေခြည်ဦး က မြန်မာ နိုင်ငံမှ ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးအနေနဲ့ Loreal paris fashion show ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ Loreal paris fashion show မှ သူမရဲ့ ပုံရိပ်တွေကို ပရိသတ်တွေကလည်း စိတ်ဝင်တစား ရှိနေကြပါတယ်။ဒီနေ့မှာတော့ နေခြည်ဦး က သူမတူတဲ့ အမိုက်စား ဖက်ရှင်ကို ဝတ်ဆင်ပြီး ရိုက်ထားတဲ့ ပုံလေးတွေကို ဖော်ပြထားပါတယ်။နေခြည်ဦး ဝတ်ဆင်ထားတဲ့ ဒီနေ့ သူမဖက်ရှင် ရဲ့ ထူးခြားချက် က တော့ အိတ်ကို ခါးပတ်ကြိုးမှာ ချည်ထားတဲ့ ဖက်ရှင်လေးပဲ ဖြစ်ပါတယ်။သရုပ်ဆောင် နေခြည်ဦး ရဲ့ ပုံရိပ်ကလေးကို ပရိသတ်တွေသဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။Credit-aungparsay