Latest Posts
“Love Equation” ရုပ်ရှင်ဇာတ်ကားကြီးမှာ မိုးဟေကိုနေရာကို အစားထိုးဝင်ရောက်လာတဲ့ သက်မွန်မြင့်
Unicode
ပီးခဲ့တဲ့ သြဂုတ်လမှာကတည်းက ပရိသတ်တွေ စိတ်ဝင်စား စောင့်မျှော်နေကြတဲ့ “Love Equation” ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်အချိန်အတွင်းမှာ ရိုက်ကူးပုံဖော်သွားမှာ ဖြစ်ပါတယ်။ “Love Equation” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးမယ်လို့ စတင် သတင်းထွက်စဉ်က အဓိကသရုပ်ဆောင်တွေအဖြစ် ဒေါင်း၊ အကယ်ဒမီ ဖွေးဖွေးနဲ့ မိုးဟေကိုတို့က သရုပ်ဆောင်သွားမယ်လို့ Golden Hour Film Production က ကြေငြာခဲ့တာပဲ ဖြစ်ပါတယ်။
ဒီကနေ့ အောက်တိုဘာလ (၁) ရက်နေ့မှာတော့ “Love Equation” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ ရင်ပြင်တော်မှာ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ဒါပေမယ့် “Love Equation” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲအခမ်းအနားမှာတော့ ပါဝင်လာသူက ဒေါင်း၊ ဖွေးဖွေးတို့ဖြစ်ပြီး မိုးဟေကိုနေရာမှာတော့ အကယ်ဒမီ သက်မွန်မြင့် ဖြစ်နေတာကို တွေ့ရပါတယ်။မိုးဟေကိုက လက်ရှိမှာတော့ ဒါရိုက်တာ လူမင်း ရိုက်ကူးမယ့် “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ မာရီလှတော ဆိုတဲ့ အမျိုးသမီးနေရာကနေ ပါဝင်သရုပ်ဆောင်သွားဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။မိုးဟေကိုနဲ့ သက်မွန်မြင့်တို့ နှစ်ယောက်စလုံးက အနုပညာ ပါရမီ ကိုယ်စီရှိသူများဖြစ်ပြီး “Love Equation” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဘယ်သူပဲ သရုပ်ဆောင်သည်ဖြစ်စေ အားပေးရမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း “Love Equation” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသရင် ဆက်ဆက်အားပေးဖို့ မမေ့ကြပါနဲ့နော်။Credit-aungparsy