Latest Posts
စကပ်လေးနဲ့ ကလေးဆန်ဆန်ချစ်ဖို့ကောင်းနေတဲ့ Boby Soxer
Unicode
လူငယ်ကြိုက် အဆိုတော်မလေးတစ်ယောက်ဖြစ်တဲ့ Boby Soxer ဟာ သူမရဲ့ ခပ်စွာစွာ အသံလေးနဲ့ rap သီချင်းအမိုက်စားတွေ သီဆိုနေသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ Boby Soxer ဟာ ချစ်ဖို့ကောင်းလွန်းတဲ့ မျက်နှာလေးပိုင်ဆိုင်ထားရုံသာမက သူမရဲ့ ဘယ်သူနဲ့မှမတူတဲ့ နေပုံထိုင်ပုံလေးကလည်း ပရိသတ်တွေရဲ့ အချစ်ကို ပိုတိုးစေပါတယ်။
လက်ရှိမှာ အနုပညာလုပ်ငန်းတွေ ဆက်တိုက်လုပ်ကိုင်နေလျှက်ရှိတဲ့ Boby Soxer ဟာ Love me or hate me? ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ ကလေးလေးတစ်ယောက်လိုချစ်ဖို့ကောင်းတဲ့ ပုံလေးအချို့ ကို ဖေ့ဘုတ်ကနေမျှဝေခဲ့တာလည်းဖြစ်ပါတယ်။
Boby Soxer နဲ့ rapအဆိုတော်လွှမ်းပိုင်နဲ့ဟာလည်း ၁၀ နှစ်ကျော် ချစ်သူသက်တမ်းတစ်ခုကိုတည်ဆောက်ထားပြီး သူတို့ စုံတွဲဟာ ပရိသတ်လေးစားအားကျရဆုံး စုံတွဲတစ်တွဲလည်းဖြစ်ပါတယ်။ Rap အဆိုတော်ဖြစ်တဲ့ လွှမ်းပိုင်ဟာလည်းဂီတလောကမှာအောင်မြင်နေတဲ့အပြင် လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးနေရသူတစ်ဦးလည်းဖြစ်ပါတယ်။
ကလေးလေးကျနေတာပဲ ချစ်ဖို့ကောင်းလိုက်တာ
Boby Soxer ဟာ ဘယ်လို ဖက်ရှင် ဝတ်ဝတ် အထာကျကြည့်ကောင်းနေသူဖြစ်ပြီး သူမရဲ့ ဖက်ရှင်တွေဟာလည်း သူများတွေနဲ့မတူပဲ အထာကျနေတာဖြစ်ပါတယ်။ပရိသတ်တို့ရော ချစ်ဖို့ကောင်းတဲ့ Boby Soxerလေး ကိုချစ်ရင် Like and Share လုပ်သွားပါအုံးနော်။အဆုံးထိဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ရှိပါတယ်။Credit-aungparsay