တကယ့်လက်တွေ့ဘဝထဲက မင်းသမီး (သို့) ဒါရိုက်တာ ခရစ္စတီးနားခီ
Unicode
အနုပညာကို ချစ်မြတ်နိုးလွန်းလို့ သူမရဲ့လူငယ်ဘဝတစ်ခုလုံးနီးပါး ဝါသနာပါတဲ့ အနုပညာအလုပ်တွေလုပ်ရင်း အချိန်တွေပေးခဲ့တဲ့ ခရစ္စတီးနားခီကတော့ လက်ရှိမှာ ပရိသတ်တွေအားလုံးက လက်ခံနေကြတဲ့ ဒါရိုက်တာတစ်ဦး ဖြစ်နေပါပြီ။ ဇာတ်လမ်းကောင်းတွေ၊ ကာရိုက်တာတွေကို အကောင်းဆုံး ဖန်တီးနေတဲ့ ခရစ္စတီးနားခီကိုတော့ တစ်ချို့ပရိသတ်တွေက ဇာတ်လမ်းထဲကမဟုတ်ပဲ တကယ့်လက်တွေ့ဘဝထဲက မင်းသမီးလို့တောင် တင်စားခေါ်ဝေါ်နေကြတာတွေလည်း တွေ့ရပါတယ်နော်။လတ်တလောမှာတော့ ဒါရိုက်တာ ခရစ္စတီးနားခီက Now And Ever film World Premiere ပွဲကို ချစ်စရာ ဂါဝန်လေးနဲ့ တက်ရောက်ခဲ့တဲ့ ပုံလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အိမ်ထောင်ရေးမှာရော၊ အနုပညာမှာပါ ထူးချွန်အောင်မြင်နေတဲ့ ခရစ္စတီးနားခီကတော့ တကယ့်လက်တွေ့ဘဝထဲက မင်းသမီးတစ်ပါးပါပဲနော်။
ဒါရိုက်တာ ခရစ္စတီးနားခီကတော့ “Now And Ever film World Premiere!” ဆိုပြီး ချစ်စရာကောင်းပြီး ပုံပြင်ဆန်လှတဲ့ သူမရဲ့ပွဲတက်ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။အောင်မြင်နေတဲ့ အမျိုးသမီးပေမယ့် အမြဲအေးချမ်းတဲ့ အပြုံးလေးနဲ့ ပကာသနကင်းတဲ့ သူမ…။ဒါရိုက်တာခရစ္စတီးနားခီကတော့ ပရိသတ်တွေ လက်ခံအားပေးခဲ့ကြတဲ့ “ဥပါယ်တံမျဉ်” “မုဒြာခေါ်သံ” အစရှိတဲ့ ရုပ်ရှင်တွေကို ဖန်တီးထားသူတစ်ဦးဖြစ်ပြီး၊ အခုလက်ရှိရုံတင်တော့မယ့် ‘Now and Ever” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရင်သပ်ရှုမောဖွယ်ကောင်းအောင် ဖန်တီးထားပါသေးတယ်။ချစ်ပရိသတ်တွေလည်း တကယ့်ဘဝထဲက မင်းသမီးလို့ တင်စားခေါ်ဝေါ်ရလောက်တဲ့ ဒါရိုက်တာခရစ္စတီးနားခီကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။Credit-aungparsay